Korean Celebrity

ရည်းစားဟောင်းနဲ့ဖြစ်ခဲ့သမျှကိစ္စတိုင်းအတွက် တရားဝင်တောင်းပန်လိုက်တဲ့ Kim Seon Ho

မင်းသား Kim Seon Ho က လက်ရှိမှာ ရည်းစားဟောင်းနဲ့ပတ်သက်လို့ ပြဿနာအကြီးကြီး ရင်ဆိုင်နေရတာဖြစ်ပါတယ်။ October 18 ရက်နေ့တုန်းက အမျိုးသမီးတစ်ယောက်ဟာ အွန်လိုင်းကနေတဆင့် သူနဲ့မင်းသားတစ်ယောက်ရဲ့ ကိစ္စကိုဖွင့်ထုတ်ခဲ့ပါတယ်။

မင်းသားတစ်ယောက်က သူမအား ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပေမဲ့ ဘယ်သူဘယ်ဝါဆိုပြီး တိတိကျကျ ပြောဆိုထားခြင်းမရှိပါဘူး။ အားလုံးကတော့ ဒါဟာ မင်းသား Kim Seon Ho ဖြစ်ရမယ်ဆိုပြီး စတင်သံသယဝင်ခဲ့ကြပြီး ဆက်လက်စုံစမ်းနေဆဲအချိန် October 20 ရက်နေ့မှာတော့ Kim Seon Ho က အေဂျင်စီကနေတဆင့် တောင်းပန်ခဲ့ပါတယ်။

Kim Seon Ho ရဲ့ တောင်းပန်စာအပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “ကျွန်တော် Kim Seon Ho ဖြစ်ပါတယ်။ နောက်ကျမှ ထုတ်ပြန်ပေးမိတဲ့ ဒီစာအတွက်လည်း လေးလေးနက်နက် တောင်းပန်လိုပါတယ်။ ကျွန်တော့်နာမည်နဲ့တကွ သတင်းတွေ စတင်ထွက်ရှိလာတဲ့အခါမှာ ပထမဆုံးအကြိမ် ကြောက်လန့်မှုကို ခံစားခဲ့မိပါတယ်။

ဒါကြောင့်လည်း အခုလိုမျိုး စာတစ်စောင် ထုတ်ပြန်ခဲ့တာပါ။ ကျွန်တော် သူမနဲ့ (ရည်းစားဟောင်း) ကောင်းမွန်စွာတွေ့ဆုံ‌ခဲ့ပါတယ်။ ဖြစ်စဉ်တလျှောက်လုံးမှာ ကျွန်တော်ရဲ့ ဂရုမစိုက်မှုတွေ၊ တွေးခေါ်မှုမရှိတဲ့အပြုအမူတွေကြောင့် သူမကို နာကျင်စေခဲ့မိပါတယ်။ ကျွန်တော် သူမနဲ့ ကိုယ်တိုင်တွေ့ဆုံပြီး တောင်းပန်ချင်ခဲ့တာပါ။

ဒါပေမဲ့ အခုချိန်ထိ သေသေချာချာ တောင်းပန်ခွင့်မရသေးပါဘူး။ ထိုအချိန်ကိုရောက်ဖို့လည်း စောင့်နေပါတယ်။ ဒီစာကနေတဆင့်ပဲ သူမကို လေးလေးနက်နက် တောင်းပန်လိုက်ချင်ပါတယ်။ ဒါ့အပြင် ကျွန်တော့်ကို အဆုံးအထိ ယုံကြည်အားပေးခဲ့ကြသူတွေအားလုံးကို စိတ်ပျက်စေမိတဲ့အတွက်လည်း တောင်းပန်ချင်ပါတယ်။

မင်းသား Kim Seon Ho ဆိုပြီး ဖြစ်လာနိုင်တဲ့အထိ ပံ့ပိုးခဲ့ကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်ရမဲ့ကိစ္စကို ကျွန်တော် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ကျွန်တော်နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့မိတ်ဆွေတွေ၊ အလုပ်အတူတူတွဲလုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း ကျွန်တော့်ရဲ့ ပြစ်ချက်တွေကြောင့် အခက်အခဲပြဿနာတွေ ကြုံတွေ့စေခဲ့ရင် တောင်းပန်လိုပါသေးတယ်။

ကျွန်တော့်ကြောင့် ထိခိုက်နာကျင်သွားသူတိုင်းကို လေးလေးနက်နက် တောင်းပန်ပါတယ်။ ဒီစာလေးတစ်စောင်ဟာ အားလုံးရဲ့ ခွင့်လွှတ်မှုနဲ့ မထိုက်တန်ဘူးဆိုတာကို ကျွန်တော် ကောင်းကောင်းကြီးသိရှိထားပါတယ်။ ဒါဟာလည်း ကျွန်တော့်ရဲ့ အတွေးတွေနဲ့ တောင်းပန်မှုကို ဖော်ပြချင်လို့ ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်” ဆိုပြီး အကြောင်းအရာစုံကို တောင်းပန်ထားခဲ့ပါတယ်။

Salt Entertainment ကလည်းပဲ “Hello. Salt Entertainment ဖြစ်ပါတယ်။ We apologize for for causing concern to many with မင်းသား Kim Seon Ho ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အနှောင့်အယှက်ဖြစ်သွားသူတိုင်းကို တောင်းပန်လိုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စိတ်ပျက်သွားသလို၊ အခက်အခဲတွေ ကြုံတွေ့ခဲ့ကြသူတွေကိုလည်း ထပ်မံတောင်းပန်ပါတယ်။

ဒီလိုစိတ်ရှုပ်စရာအဖြစ်အပျက်တွေကြောင့် စိတ်ပူပန်စေမိခဲ့ရက် တဖန်တောင်းပန်လိုပါတယ်” ဆိုပြီး ထပ်မံစာထုတ်ပေးခဲ့တာပါ။ အခြေအနေတွေကတော့ တော်တော်လေး ရှုပ်ထွေးနေခဲ့ပါပြီ။ မင်းသား Kim Seon Ho အနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို နားစွင့်နေရဦးမှာပါ။

Source: Soompi
Photos: Naver
Translated by Julix