Korean Celebrity

ခေါင်းလျှော်တဲ့နေ့တွေဆိုရင် ညတိုင်း ငိုမိတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ IU

IU ဆိုတဲ့ ချစ်စရာကောင်းမလေးရဲ့ ဖက်ရှင်စတိုလ်ကတော့ ပုံစံမျိုးစံနဲ့ ချစ်စရာလေးပါပဲ။ ဆံပင်ဆိုရင်လည်း အပြာရောင်၊ ခရမ်းရောင် စသဖြင့် အရောင်လှလှလေးတွေဆိုးတတ်ပြီး ဆံပင်လိမ်လိမ်ရှည်ရှည်လေးနဲ့ လှလှလေးနေတတ်သူလေးလည်း ဖြစ်ပါတယ်။ ဆံပင်ကို ပုံစံမျိုးစုံလုပ်တတ်တဲ့ IU ဟာ “Strawberry Moon” ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုတစ်ခုမှာပဲ ‌‌ခေါင်းလျှော်ပြီးတိုင်း ညတိုင်းလောက် ငိုမိတဲ့အကြောင်းကို ရင်ဖွင့်ပြောပြခဲ့ပါတော့တယ်။

ဆံပင်ကို အရောင်ဆိုးတာတွေ၊ ပုံသွင်းတာတွေ မကြာခဏလုပ်လွန်းတော့ တော်တော်လေး ပျက်ဆီးသွားခဲ့ပြီး ပြန်လည်ကောင်းမွန်ကာ အရှည်မြန်လာဖို့ အချိန်ယူပြုစုခဲ့ရကြောင်း IU က ပြောပြခဲ့ပါတော့တယ်။ “‘Love Poem’ သီချင်းထွက်ပြီးတဲ့နောက်မှ ကျွန်မဆံပင်တွေက ပြန်ထွက်လာခဲ့တာ။

အပြာရောင်၊ ခရမ်းဖျော့တွေလည်း ဆိုးခဲ့ပြီးတော့ ဆံပင်တွေကိုလည်း ပုံစံမျိုးစုံပြောင်းခဲ့တော့လေ..ဆံပင်တွေကောင်းမွန်လာဖို့ အာရုံမစိုက်နိုင်ခဲ့ပါဘူး။ ပြီးတော့ အလက်ဂျစ်ကြောင့် တစ်နှစ်နီးပါးလောက် treatment သုံးလို့လည်း မရခဲ့ပြန်ဘူး။ အဲ့လိုနဲ့ ဆံပင်တွေက တော်တော်ကို ပျက်ဆီးသွားခဲ့တယ်။ ညရောက်လို့ ခေါင်းလျှော်ပြီးရင် ထိုင်ပြီး ငိုချပစ်လိုက်ချင်လာတာပဲ။ ဆေးဆိုးလိုက်၊ အရောင်ချွတ်လိုက်လုပ်ထားတဲ့ ဆံပင်တွေကို ခေါင်းလျှော်ရတာ တအားပင်ပန်းတယ်။

လက်မောင်းတွေဆိုရင် တောင့်ခဲလာတာ။ ပျက်ဆီးနေတဲ့ဆံသားက ရေတွေစိမ့်ဝင်နေတတ်တော့ ခေါင်းလျှော်ပြီးရင် တော်တော်နဲ့ မခြောက်နိုင်ဘူး။ ဆံပင်ချွတ်ဆေးနဲ့ တခြားဓာတုပစ္စည်းတွေက ဆံပင်ခြောက်တာ နှေးစေတယ်။ အဲ့တော့ ကျွန်မဆံပင်တွေကို ခြောက်အောင်လုပ်ရတဲ့အချိန်ဆိုရင် “ဘယ်တော့မှ ဒီဆံပင်တွေက ခြောက်မှာတုန်း? ဟန်မြစ်ကြီး ခမ်းခြောက်မသွားခင်တောင် ခြောက်ပါဦးမလား?” ဆိုပြီး အတွေးတောင်ဝင်တယ်။

ခုထိလည်း ဆံပင်က မာပြီးကြမ်းနေတာ။ ဆံပင်ရှည်ထားတာတောင် ပျော့ပျောင်းမနေတော့ဘူး” ဆိုပြီး သူမရဲ့ စိတ်ပင်ပန်းမှုတွေကို ထုတ်ပြောပြခဲ့ပါတော့တယ်။ IU ရဲ့ ရှည်လျားထူထဲလှတဲ့ ဆံကေသာလေးတွေကို ပရိသတ်တွေက နှစ်သက်ကြပါတယ်။ ဆံပင်ရှည်ကို ထိန်းသိမ်းရတဲ့ဒုက္ခကို ဆံပင်ရှည်ထားဖူးတဲ့သူတွေမှ သိပါလိမ့်မယ်။ အခု‌တော့ IU က သူမရဲ့ဆံပင်ကို နည်းနည်းညပ်ချလိုက်တာကြောင့် ထိန်းရသိမ်းရတာ အဆင်ပြေသွားမယ်လို့ ထင်မိပါတယ်။

Source: Koreaboo
Photos: Koreaboo
Translated by Julix