Korean Celebrity

မေးခွန်းတစ်ခုတည်းကို ခံစားချက်ကွဲပြားစေမယ့် အဖြေတွေပေးခဲ့တဲ့ V နဲ့ Jungkook

V နဲ့ Jungkook က တူ‌မယောင်ယောင်နဲ့ မတူဘဲ ကွဲထွက်နေတဲ့အချက်လေးတွေ အများကြီးရှိပါတယ်။ ရုတ်တရက်ဆိုရင် တူမယ်လို့ ခံစားမိတာလေးတွေဟာ မသိမသာ အသည်းယားအောင် ကွဲထွက်နေတာမျိူးပေါ့။ တခါတုန်းကလည်း fansign event မှာ V နဲ့ Jungkook ဟာ မေးခွန်းတစ်ခုတည်းကို ဖြေဖို့ အကြောင်းဖန်လာခဲ့ပြီး အဖြေတွေကတော့ ခပ်ဆင်ဆင်လေးနဲ့ ကွဲထွက်နေခဲ့ပြန်ပါတယ်။

မေးခွန်းလေးကတော့ “မင်းရဲ့ အကျွမ်းကျင်ဆုံးစွမ်းရည်က ဘာများဖြစ်မလဲ?” ဆိုပြီး ဖြစ်ပါတယ်။ V ရဲ့ အဖြေကတော့ “ကြင်နာယုယတဲ့စကားလုံးလေးတွေကို ဆွဲဆောင်မှုရှိတဲ့အသံနဲ့ ပြောတာကို ကျွမ်းကျင်တယ်” ဆိုပြီး ဖြေထားခဲ့ပါတယ်။ V က ဩဩရှရှနဲ့ အသည်းခိုက်စရာ အသံရှိကြောင်းကို အားလုံးအသိပါပဲ။

ဒါကြောင့်မို့လို့လည်း သူ့ရဲ့အသံနဲ့ နှစ်သိမ့်မှုပေးလိုက်ရင် ဖြစ်ပျက်နေသမျှအရာ‌အားလုံးကို မေ့ပျောက်သွားနိုင်ကြောင်း ကောင်းကောင်းကြီးသိထားပုံပါပဲ။ ဒီမေးခွန်းကိုပဲ Jungkook ရဲ့ အဖြေကလည်း ခပ်ဆင်ဆင်‌လေးပါပဲ။ ဒါပေမဲ့ V နဲ့ ဆန့်ကျင်ဖက်ပါ။

“ဆွဲဆောင်မှုရှိတဲ့အရာတွေကို ကြင်နာယုယတဲ့ အသံလေးနဲ့ ပြောရတာကို ကျွမ်းကျင်ပါတယ်” ဆိုပြီး ဖြေထားပါတယ်။ တက်ကြွပြီး ချစ်စရာကောင်းတဲ့ အငယ်ဆုံးလေး Jungkook ကတော့ သူ့ရဲ့ ပင်ကိုယ်ပုံစံလေးအတိုင်း သူကျွမ်းတာကို ရေးသားဖော်ပြခဲ့ပါတယ်။

တကယ်ကို V နဲ့ Jungkook ရဲ့ အဖြေက ရှေ့နောက်လေးပဲ ကွဲသွားခဲ့ပါတယ်။ ဘေးချင်းကပ်ရှိနေတဲ့အချိန်တိုင်း တူညီမှုတွေကြားက ကွဲပြားနေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ထယ်ထယ်နဲ့ ကုကီကတော့ အမေးအဖြေမှာ‌တောင် တူမလိုနဲ့ ကွဲပြားနေခဲ့တာ တကယ်ကို အသည်းယားစရာပါပဲ။

Source: Koreaboo
Photos: Koreaboo
Translated by Julix