Korean Celebrity

“SG” သီချင်းနဲ့အတူ K-Pop Idol တစ်​ယောက်ထက် ​သာလွန်တဲ့ အရည်အချင်းကို ပြသလိုက်တဲ့ Lisa

BLACKPINK အဖွဲ့ဝင် Lisa ဟာ ကမ္ဘာ​ကျော် အနုပညာရှင်​တွေဖြစ်တဲ့ DJ Snake, Ozuna, Megan Thee Stallion တို့နဲ့အတူ “SG” သီချင်းအတွက် collaboration လုပ်ထားပါတယ်။ ဒီ​လောက်နဲ့တင် သူမရဲ့ အရည်အချင်းနဲ့ ​အောင်မြင်မှုဟာ ဘယ်​လောက်အတိုင်းအတာထိ ရှိလဲဆိုတာကို သိနိုင်ပါတယ်။ ဒါ​ပေမဲ့ Lisa ဟာ ဒီသီချင်းကို ​ရေးဖွဲ့သီကုံးတဲ့​နေရာမှာပါ ပါဝင်ခဲ့​တာပါ။

​”SG” သီချင်းရဲ့ အ​သေးစိတ်အချက်အလက်​တွေကို အောက်တိုဘာလ ၂၁ ရက်​နေ့တုန်းက အမျိုးမျိုး​သော streaming platform ​တွေမှာ ထုတ်​ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီအ​သေးစိတ်အချက်အလက်​တွေထဲမှာ ​ဒီသီချင်းကို ​ရေးသားသူ၊ ထုတ်လုပ်သူနဲ့ သီဆိုသူ​တွေကို ​ဖော်ပြထားပါတယ်။

ဒါ​ကြောင့် BLACKPINK အဖွဲ့ဝင် Lisa ကလည်း သီချင်းကို ​ရေးစပ်သီကုံးခဲ့တဲ့ ​နေရာမှာ ပါဝင်ခဲ့တာကို ပရိသတ်​တွေအ​နေနဲ့ သိရှိခဲ့ရပြီး “SG” သီချင်းကို နား​​​ထောင်ဖို့အတွက် စိတ်လှုပ်ရှားမှုကို ပိုပြီး တိုး​စေခဲ့ပါတယ်။ Lisa ဟာ “SG” သီချင်းကို Teddy Park, DJ Snake, Megan Thee Stallion, Ozuna တို့အပြင် အခြား​သော နာမည်ကြီး စာသား​​​ရေးဖွဲ့သူ​တွေနဲ့အတူ ​ရေးသားခဲ့တာပါ။

သီချင်းရဲ့ သံစဉ်ကို ​ရေးစပ်တဲ့အပိုင်းမှာ​တော့ Lisa ရဲ့ နာမည်ဟာ Major Seven, Yampi, Lewis Hughes နဲ့ အခြား​သော နာမည်ကြီး ဂီတဖန်တီးသူတွေနဲ့အတူ ​ဖော်ပြခြင်းခံခဲ့ရပါတယ်။ “SG” သီချင်းဟာ Lisa အတွက် solo artist တစ်​ယောက်အ​နေနဲ့ ပထမဆုံး collaboration လည်းဖြစ်ပါတယ်။

ယခင်က​တော့ BLACKPINK အဖွဲ့ဝင်အ​နေနဲ့ Lady Gaga, Selena Gomez, Cardi B, Dua Lipa တို့လို ကမ္ဘာ​ကျော်အနုပညာရှင်​တွေနဲ့ collaboration ပြုလုပ်ခဲ့ဖူးပါတယ်။ Lisa တစ်​ယောက် သီချင်း​ရေးဖွဲ့မှုအပိုင်းမှာ ပါဝင်​ကြောင်း ကြားသိရတဲ့​​နောက်မှာ​တော့ ပရိသတ်​တွေဟာ “SG” သီချင်းနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို Twitter မှာ ​ဖော်ပြခဲ့ကြပြီး Lisa အတွက် ဂုဏ်ယူ​ကြောင်း ချီးကျူး​ပြောဆိုခဲ့ကြပါတယ်။

ဘာ​ကြောင့်လဲဆို​တော့ Lisa ဟာ K-Pop Idol ဆိုတဲ့ ​ဘောင်ကို ချိုးဖျက်ပြီး Artist တစ်ယ​ောက်အဖြစ် သက်​သေပြလိုက်နိုင်ပြီမို့ပါပဲ။ DJ Snake, Ozuna, Megan Thee Stallion နဲ့ BLACKPINK Lisa တို့ သီဆိုထားပြီး Colin Tilley ရိုက်ကူးထားတဲ့ “SG” သီချင်းရဲ့ MV ဟာ ​ယ​နေ့ အောက်တိုဘာလ ၂၂ ရက်​နေ့မှာ ထွက်ရှိ​နေပြီဖြစ်ပါတယ်။

Source : Kpopstarz
Photo : Twitter
Written : ZL