Korean Celebrity

အောင်မြင်​​​​ကျော်ကြား​နေတဲ့ အချိန်မှာမှ ပြဿနာဆိုးဆိုးဝါးဝါး​​တွေနဲ့ ကြုံ​တွေ့ခဲ့ရတဲ့ ကိုရီးယား မင်းသားမင်းသမီးများ

ကိုရီးယားသရုပ်​ဆောင်လောကဟာ ​ရှင်သန်ဖို့အတွက် တကယ့်ကို ခက်ခဲကြမ်းတမ်းပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ မိမိရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲက ကြည့်ရှုနှုန်းအမြင့်ဆုံး​ရောက်ပြီး ​မိမိရဲ့ အရည်အချင်းကို အသိအမှတ်ပြုခံရလို့ ​ဝမ်းသာ​နေရနိုင်သလို အတိတ်က အမှားတစ်ချို့​ကြောင့် ကမ်းလှမ်းခံထားရတဲ့ ပ​ရောဂျက်​တွေအကုန် ဆုံးရှုံးပြီး ​တောင်းပန်စာ​ရေးရင်​ရေး​နေရနိုင်ပါတယ်။

ကိုရီးယားပရိသတ်​တွေကလည်း အရည်အချင်းထက် အကျင့်စရိုက်ကို ဦးစား​ပေးကြတဲ့သူ​တွေမို့ပါ။ တချို့အနုပညာရှင်​တွေဆို အနုပညာ​လောကထဲမှာ ထပ်မံ​ခြေမချနိုင်​လောက်တဲ့အထိ ဖြစ်သွားတာမျိုး​တွေရှိပါတယ်။ ဒါ​ကြောင့် ယခုတစ်ခါမှာ​တော့ အလွန်တရာ ​အောင်မြင်မှုရရှိ​​နေတဲ့ အချိန်ကြမှ ပြဿနာ​တွေနဲ့ ရင်ဆိုင်ကြုံ​​တွေ့ခဲ့ရတဲ့ နာမည်ကြီး ကိုရီးယားမင်းသားမင်းသမီး​တွေကို ​ဖော်ပြ​ပေးချင်ပါတယ်။

  1. Kim Seon Ho

လွန်ခဲ့တဲ့ တစ်ပတ်​လောက်က “Hometown Cha Cha Cha” ဇာတ်လမ်းတွဲနဲ့ ပျို​မေတိုင်းရဲ့ အိပ်မက်ထဲက ​ရွှေမင်းသား​လေးဖြစ်ခဲ့တဲ့ Kim Seon Ho ဟာ drama ဇာတ်သိမ်းပြီး ​နောက်တစ်​နေ့မှာပဲ သူ့ဘဝမှာ အကြီးမားဆုံး ပြဿနာကြီးကို ကြုံ​တွေ့လိုက်ရပြီး ​နေ့ချင်းညချင်း အ​ခြေ​အ​နေ​တွေက ​ပြောင်းလဲသွားခဲ့ပါတယ်။

Kim Seon Ho ရဲ့ ရည်းစား​ဟောင်းဖြစ်သူက သူမကို မင်းသားက လက်ထပ်ယူမယ်လို့ ကတိ​ပေးကာ ကိုယ်ဝန်ဖျက်ချခိုင်းပြီးမှ ​သူမနဲ့ လမ်းခွဲသွားတယ်လို့ သတင်းဖြန့်ခဲ့တာပါ။ ဒီကိစ္စဟာ အင်တာနက်​ပေါ်မှာ ဟိုး​လေးတ​ကျော်ဖြစ်ခဲ့သွားခဲ့ပါတယ်။

Kim Seon Ho နဲ့ ​ကြော်ငြာစာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီ​တွေဟာ သူနဲ့ လက်တွဲဖြုတ်ခဲ့ပြီး ​နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ကား​တွေကိုလည်း ဖျက်လိုက်ရပါတယ်။ Kim Seon Ho ဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ ​တောင်းပန်စာထုတ်ခဲ့ပြီး ရည်းစား​ဟောင်းဖြစ်သူနဲ့လည်း နားလည်မှုရရှိသွားပြီဖြစ်ပါတယ်။ ဒါ​ကြောင့် သူ့ကို ဖန်သားပြင်ထက်မှာ ထပ်မံမြင်​တွေ့ရဦးမယ်လို့ ​မျှော်လင့်ပါတယ်။

  1. Kim Jung Hyun

မင်းသား Kim Jung Hyun ကလည်း “Mr. Queen” ဇာတ်လမ်းတွဲနဲ့ တစ်ဟုန်ထိုး ​အောင်မြင်​နေချိန်မှာပဲ “Time” ဇာတ်လမ်းတွဲ ရိုက်ကူးစဉ်က Girls’ Generation အဖွဲ့ဝင် Seohyun ကို မ​ချေမငံဆက်ဆံခဲ့တာ​တွေက ပြန်လည်​ပေါ်​ပေါက်လာခဲ့ပါတယ်။

ထိုစဉ်က သူဟာ မင်းသမီး Seo Ye Ji နဲ့ ချစ်သူ​တွေဖြစ်​နေခဲ့ပြီး Seo Ye Ji က Seohyun နဲ့ အသားချင်းထိတာကို ​ရှောင်ရမယ်လို့ မှာကြားထားတာ​ကြောင့် သူဟာ Seohyun ကို မ​ချေမငံဆက်ဆံသလို၊ ဇာတ်ညွှန်း​တွေကိုလည်း ​ပြောင်းလဲ​စေခဲ့ပါတယ်။ ​​

Kim Jung Hyun နဲ့ Seo Ye Ji တို့ အပြန်အလှန်​ပြောဆိုထားတဲ့ chat ကလည်း ​ပေါက်ကြားခဲ့ပါတယ်။ ဒီကိစ္စအတွက် Kim Jung Hyun ဟာ “Time” ဇာတ်လမ်းတွဲက ရိုက်ကူး​ရေးအဖွဲ့သား​တွေနဲ့ Seohyun ကို ​တောင်းပန်ခဲ့သလို ပရိသတ်​တွေကို ​တောင်းပန်တဲ့စာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အခုအချိန်မှာ​တော့ သူဟာ အနုပညာအလုပ်​တွေကို ရပ်နားထားဆဲဖြစ်ပါတယ်။

  1. Seo Ye Ji

အ​ပေါ်မှာ ​ပြောခဲ့တဲ့ မင်းသား Kim Jung Hyun ရဲ့ ကိစ္စ​ကြောင့် မင်းသမီး Seo Ye Ji ဟာလည်း “It’s ok to not be ok” ဇာတ်လမ်းတွဲနဲ့ ပရိသတ်အချစ်ကို ရရှိ​နေချိန်မှာပဲ ​ဝေဖန်မှု​တွေခံခဲ့ရပါတယ်။ အဲ့ဒီ​​နောက် သူမဟာ ​ကျောင်းသူဘဝက တခြားသူ​တွေကို အနိုင်ကျင့်ခဲ့တယ်၊ သူမပါဝင်သရုပ်​​ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲ​တွေက ရိုက်ကူး​ရေးဝန်ထမ်း​တွေကိုလည်း မ​ချေမငံဆက်ဆံတယ်ဆိုတဲ့ ​​​ကောလဟာလ​တွေပါ ​ပေါ်ထွက်ခဲ့ပါတယ်။

ဒီကိစ္စ​ကြောင့် ​ကြော်ငြာကုမ္ပဏီ​တွေက သူမနဲ့ လက်တွဲဖြုတ်ခဲ့သလို “Island” ဇာတ်လမ်းတွဲက​နေလည်း နုတ်ထွက်ခဲ့ရပါတယ်။ ဒါ​ပေမဲ့လည်း သူမ ပါဝင်တဲ့ “Recalled” ရုပ်ရှင်ကားကို ရုံတင်ချိန်မှာ ဝင်ငွေများစွာ ရရှိခဲ့ပြီး ​နောက်နှစ်ထဲမှာ “Eve’s Scandal” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ ​ကမ်းလှမ်းခံထားရပါတယ်။

  1. Jisoo

Jisoo ဟာ “Moon Lovers: Scarlet Heart Ryeo” နဲ့ “Strong Woman Do Bong Soon” drama ​တွေ​ကြောင့် ပရိသတ်​တွေရဲ့ အာရုံစိုက်မှုကို စတင်ရရှိလာခဲ့ပါတယ်။ အဲ့ဒီ​နောက် မင်းသမီး Kim So Hyun နဲ့အတူ “River Where The Moon Rises” ဇာတ်လမ်းတွဲ ရိုက်ကူး​နေစဉ်မှာပဲ သူ့ရဲ့ ​ကျောင်း​နေဖက်ဆိုသူက Jisoo ဟာ ​ကျောင်းတုန်းက အနိုင်ကျင့်သူဖြစ်တယ်ဆိုပြီး ဖော်ထုတ်ခဲ့ပါတယ်။

ထိုသူက ​Jisoo ဟာ အတန်း​ဖော်​တွေရဲ့ ပစ္စည်းကို လုယူတာ၊ ရိုက်နှက်တာ​၊ ရိုင်းစိုင်းစွာ​ပြောဆိုတာ​တွေကို လုပ်ခဲ့ပြီး နစ်နာသူများစွာ ရှိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Jisoo က ​လူသိရှင်ကြား တောင်းပန်ခဲ့သလို ဇာတ်လမ်းတွဲက​နေလည်း နုတ်ထွက်ခဲ့တာ​ကြောင့် မင်းသား Na In Woo နဲ့ အစားထိုးရိုက်ကူးခဲ့ရပါတယ်။

  1. Jo Byeong Gyu

Jo Byeong Gyu ဟာ သရုပ်​ဆောင်​လောကထဲကို ​​​ရောက်ရှိလာတာ ၁၀ နှစ်​ကျော်ရှိပြီဖြစ်ပြီး “Sky Castle” နဲ့ “Hot Stove League” ဇာတ်လမ်းတွဲ​တွေ​ကြောင့် လူသိများလာခဲ့ပြီး “The Uncanny Counter” ဇာတ်လမ်းတွဲမှာ သူ့ရဲ့ အနုပညာစွမ်းရည်ကို အစွမ်းကုန်ပြသနိုင်ခဲ့တာ​ကြောင့် ​ပိုပြီး​အောင်မြင်​ကျော်ကြားလာခဲ့ပါတယ်။

ဒါ​ပေမဲ့ အဲ့လို ​အောင်မြင်မှုရရှိ​နေချိန်မှာပဲ Jo Byeong Gyu ဟာလည်း Jisoo လိုပဲ ​ကျောင်းတုန်းက အနိုင်ကျင့်သူဖြစ်ခဲ့တယ်လို့ ​ကောလဟာလ​တွေ ထွက်​ပေါ်လာခဲ့ပါတယ်။ ထို​ကောလဟာလကို ဖြန့်တဲ့သူက မင်းသားဟာ သူ့ကို ကိုယ်ထိလက်​​​ရောက် ကျူးလွန်ခဲ့ပြီး သူ့ရဲ့ ပိုက်ဆံကို ယူသွားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါ​ပေမဲ့ Jo Byeong Gyu ကိုယ်တိုင်က​ရော သူ့ရဲ့ ​အေဂျင်စီကပါ ငြင်းဆိုခဲ့ပြီး ​နောက်ဆုံးမှာ​တော့ သတင်းဖြန့်တဲ့သူက ဒီကိစ္စ​တွေဟာ အမှား​တွေဖြစ်​ကြောင်း ဝန်ခံပြီး ပြန်​တောင်းပန်ခဲ့ပါတယ်။ ဒါ​ပေမဲ့လည်း ဒီကိစ္စ​ကြောင့် လုပ်လက်စ ပ​​ရောဂျက်​တွေကို ရပ်ဆဲလိုက်ရပြီး ထိခိုက်နစ်နာမှု​တွေ ကြုံခဲ့ရပါတယ်။

  1. Kim Hyun Joong

မင်းသား Kim Hyun Joong က​တော့ “Boys Over Flower”, “Playful Kiss” ဇာတ်လမ်းတွဲ​တွေနဲ့ လျှမ်းလျှမ်း​တောက် ​အောင်မြင်​နေချိန်မှာပဲ သူ့ရဲ့ ရည်းစား​ဟောင်း Choi ဆိုသူက ဝင်ပြီး ​ဖျက်ဆီးခဲ့ပါ​တော့တယ်။ သူမဟာ Kim Hyun Joong နဲ့ ရရှိတဲ့ ရင်​သွေး​လေးကို လွယ်ထားရစဉ်မှာပဲ မင်းသားက သူ့ကို နံရိုးကျိုးတဲ့အထိ ရိုက်နှက်ခဲ့ပြီး ကိုယ်ဝန်လည်း ပျက်ကျခဲ့ရတယ်လို့ မဟုတ်မမှန်​ပြောဆိုတာ Kim Hyun Joong ကို တရားစွဲဆိုခဲ့ပါတယ်။

Kim Hyun Joong ကလည်း အဲ့လို ကိစ္စမျိုးမရှိပဲ တစ်ခါက ကိုယ်ခံပညာ​လေ့ကျင့်​​နေရင်း သူမကို မ​တော်တဆထိခိုက်​အောင် လုပ်မိခဲ့တာမျိုး​တော့ရှိ​ကြောင်း ဝန်ခံခဲ့ပါတယ်။ Kim Hyun Joong ဟာ ဒီအမှုကို ၆ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရပါတယ်။

​နောက်ပိုင်းမှာ ဆေးရုံမှတ်တမ်း​တွေအရ Choi ဟာ ထိုအချိန်က ကိုယ်ဝန်ရှိမ​နေခဲ့ပဲ Kim Hyun Joong က သူမကို ရိုက်နှက်ခဲ့တာမျိုး မရှိ​ကြောင်း ​ပေါ်​ပေါက်ခဲ့ပြီး Choi ဟာ Kim Hyun Joong ကို နစ်နာ​ကြေး ဝမ် သန်း ၁၀၀ ​ပေး​ဆောင်ခဲ့ရပါတယ်။ ဒါ​ပေမဲ့လည်း Kim Hyun Joong ရဲ့ ဂုဏ်သတင်းက ထင်ထားတာထက် အများကြီးပိုပြီး ထိခိုက်နစ်နာသွားခဲ့ရပါတယ်။

  1. Lee Byung Hun

​ကိုရီးယားအနုပညာ​လောကမှာ အနုပညာ​ကြေးအမြင့်ဆုံးနဲ့ အ​အောင်မြင်ဆုံး မင်းသားတစ်လက်ဖြစ်တဲ့ မင်းသား Lee Byung Hun ဟာလည်း အကြီးမားဆုံး ပြဿနာတစ်ခုနဲ့ ကြုံ​တွေ့ခဲ့ရဖူးပါတယ်။ သူဟာ ​မော်ဒယ် Lee Ji Yeon နဲ့ GLAM အဖွဲ့ဝင် Da Hee တို့ဆီက​နေ ​ငွေညှစ်ခံခဲ့ရတာပါ။ သူတို့ ၂ ဦးဟာ မင်းသား Lee Byung Hun က သူတို့ကို ရိသဲ့သဲ့စကား​တွေ​ပြောဆိုတာကို ဗီဒီယိုရိုက်ကူးခဲ့ပြီး ဒီဗီဒီယိုကို မပြန့်​စေချင်ရင် ဝမ် ၅ ဘီလီယံ​​​ပေးရမယ်လို့ အကြပ်ကိုင်ခဲ့တာပါ။

​သူတို့ ၂ ​ယောက်ဟာ ဒီကိစ္စကို ရဲ​တွေသိသွားခဲ့ရင် ဥ​ရောပဘက်ကို ပိုက်ဆံ​တွေသယ်ပြီး ထွက်​​ပြေးဖို့ ​လေယာဉ်လက်မှတ်​တောင် ဝယ်ထားခဲ့တာပါ။ ​နောက်ပိုင်းမှာ​တော့ ဒီကိစ္စတစ်ခုလုံးကို အစတည်းက ရည်ရွယ်ချက်ရှိရှိကြံရွယ်ထားတယ်ဆိုတာ ​ပေါ်​ပေါက်ခဲ့ပြီး Lee Ji Yeon နဲ့ Da Hee တို့ ၂ ​ယောက်လုံး ​ထောင်ဒဏ် ၃ နှစ်​​လောက် ကျခံခဲ့ရပါတယ်။

Source : cosmo.ph
Photo : Pinterest
Written : ZL