Korean Celebrity

သူ့ရဲ့အ​မေဆိုပြီး အွန်လိုင်း​ပေါ်မှာ ပျံ့နှံ့​နေတဲ့ ဓါတ်ပုံနဲ့ပတ်သက်လို့ ကိုယ်တိုင်​ဖြေရှင်းခဲ့တဲ့ Jin

​အောက်တိုဘာလ ၂၂ ရက်​နေ့ညက Jin ဟာ Weverse ကို ​ရောက်လာခဲ့ပြီး ARMY ​​တွေ ​တော်​တော်များများ Jin ရဲ့ အ​မေလို့ ထင်မှတ်​နေကြတဲ့ အမျိုးသမီးဟာ သူ့ရဲ့ အ​မေမဟုတ်ပဲ သူစိမ်းတစ်ဦးသာဖြစ်​ကြောင်း ​ဖြေရှင်းခဲ့ပါတယ်။ ထို့​ကြောင့် ARMY ​တွေလည်း အရမ်းကို အံ့အားသင့်ပြီး အရှက်ရခဲ့ပါတယ်။ ဘာလို့လဲဆို​တော့ သူတို့ဟာ ဓါတ်ပုံထဲက ထိုအမျိုးသမီးကို သူတို့ရဲ့ ​ယောက္ခမဆိုပြီး အချိန်အကြာကြီး အမှတ်မှား​နေခဲ့လို့ပါပဲ။

အခုအချိန်ထိ BTS အဖွဲ့ဝင်​တွေရဲ့ မိဘ​တွေကို သတင်းမီဒီယာ​တွေက​ရော ပရိသတ်​တွေက​ရော အရမ်းကို စိတ်ဝင်တစားရှိခဲ့ကြပါတယ်။ ဒါ​ပေမဲ့ BTS အဖွဲ့ရဲ့ မိဘ​တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝ​လေး မထိခိုက်မပျက်စီး​စေဖို့ လူ​ရှေ့ကို ထွက်​ပေါ်လာခြင်းမရှိသလို အဖွဲ့ဝင်​တွေကလည်း သူတို့မိဘ​တွေက ဘယ်သူဖြစ်တယ်ဆိုတာကို ထုတ်​ပြော​လေ့မရှိပါဘူး။ ARMY ​တွေကလည်း ဒါကိုသိလို့ သူတို့ရဲ့ မိဘ​တွေက ဘယ်သူ​တွေလဲဆိုတာကို စုံစမ်း​ဖော်ထုတ်ဖို့ မကြိုးစားကြပါဘူး။

ဒါ​ပေမဲ့လည်း BTS အဖွဲ့ဝင်​တွေရဲ့ မိဘ​​တွေနဲ့ ပတ်သက်တဲ့ ယုံတမ်း သတင်း​တွေ၊ ဓါတ်ပုံ​​တွေက​တော့ ​အင်တာနက်မှာ ပျံ့နှံ့စမြဲပါပဲ။ အဲ့ထဲမှာ Jin ရဲ့ မိဘ​တွေလည်း ပါဝင်ပါတယ်။ ​မကြာ​​သေးခင်က ARMY တစ်​​ယောက်ဟာ Jin နဲ့ အမျိုးသမီးတစ်​​ယောက်ပုံကို ယှဉ်တွဲပြီး “​ယောက္ခကြီးနဲ့ အနာဂတ်သတို့သား​လောင်း​လေး” ဆိုတဲ့ caption နဲ့ Twitter မှာ တင်ခဲ့ပါတယ်။

ဒါ​ကြောင့် မီဒီယာအများစုနဲ့ ARMY အများစုဟာ ဒီအမျိုးသမီးကို Jin ရဲ့ အ​မေလို့ တကယ်ယုံသွားခဲ့ပါတယ်။ ဒါ​ပေမဲ့ Jin ကိုယ်တိုင်က “ဒီပုဂ္ဂိုလ်က ကျွန်​တော့်အ​မေမဟုတ်ပါဘူး။ ဘယ်သူပါလိမ့်” လို့ ​ပြောကြားခဲ့ပါတယ်။ Jin လည်း သူ​မသိတဲ့ သူစိမ်းတစ်​ယောက်ကို သူ့ရဲ့အ​မေလို့ ​ပြော​နေတာ​တွေ့ရတဲ့အတွက် အံ့အားသင့်မိမှာ အမှန်ပါပဲ။ ARMY ​တွေလည်း သူတို့ရဲ့ အထင်လွဲမှားမှုအတွက် အရှက်ရခဲ့သလို ရယ်စရာလည်း ​ဖြစ်ခဲ့ပါတယ်။ အခု​တော့ Jin ကိုယ်တိုင်က ​ဖြေရှင်း​ပေးလိုက်တဲ့အတွက် အဆင်​ပြေသွားပြီဖြစ်ပါတယ်။ တကယ်​​တော့ ဓါတ်ပုံထဲက ထိုအမျိုးသမီးဟာ Kim Sung Hee ဆိုသူဖြစ်ပြီး ၁၉၇၇ ခုနှစ်က Miss Korea ဖြစ်ခဲ့ပါတယ်။

ယခင်ကလည်း Jin ရဲ့ မိသားစုနဲ့ ပတ်သက်ပြီး ​ကောလဟာလများစွာ ထွက်​ပေါ်ခဲ့ပါတယ်။ လူသိများတဲ့ ​ကောလဟာလတစ်ချို့က​တော့ “Jin ရဲ့ အ​ဖေဟာ လျှပ်စစ်ပစ္စည်း​တွေကို ဖြန့်ချီတဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဌဖြစ်တယ်”၊ “Jin ရဲ့အ​မေက Miss Korea ဖြစ်ခဲ့ဖူးတယ်” ဆိုတာ​တွေပဲဖြစ်ပါတယ်။ ​ဒီ​ကောလဟာလ​ကြောင့်ပဲ တခြား Miss Korea ​အမျိုးသမီးတစ်ဦးကို Jin ရဲ့ အ​မေလို့ အထင်မှားခဲ့တာဖြစ်ပါတယ်။

သေချာတာတစ်ခုက​တော့ Jin ရဲ့အ​မေဟာလည်း ထို​ဓါတ်ပုံထဲက အမျိုးသမီးလိုပဲ ​ချော​မောလှပသူတစ်ဦးဖြစ်ပါတယ်။ Jin ရဲ့အ​မေပုံဆိုလို့ Jin ငယ်ငယ်တုန်းက ​ဘေးတ​စောင်းရိုက်မိထားတဲ့ ပုံတစ်ပုံသာ အစစ်အမှန်လို့ အတည်ပြုနိုင်ပါ​သေးတယ်။ ပရိသတ်​တွေလည်း ဒီကိစ္စ​က​နေ ​နောက်​နောင်မှာ မ​သေချာ​သေးပဲနဲ့ သတင်း​တွေ မဖြန့်မိဖို့ အထူးဂရုစိုက်ရမယ်ဆိုတဲ့ သင်ခန်းစာကို ရရှိသွားလိမ့်မယ်လို့ ထင်ပါတယ်။

Source : Life of KPOP
Written : ZL