Korean Celebrity

နာမည်ကြီး American ​ဂီတအေဂျင်စီ​တွေနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ K-Pop အဖွဲ့ (၁၀) ဖွဲ့

K-Pop ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ​ကမ္ဘာ​ပေါ်မှာ အရမ်းကို ပေါ်ပြူလာဖြစ်လာသလို လွှမ်းမိုးမှုကြီးလာတာ​ကြောင့် နိုင်ငံတကာ ဂီတနယ်ပယ်ထဲကို ​ခြေဆန့်လာတဲ့ K-Pop အဖွဲ့​တွေ Solo Artist ​တွေ ပိုပြီး များပြားလာတာကို ​တွေ့ရပါတယ်။

K-Pop အဖွဲ့အများအပြားဟာ ဥ​ရောပနိုင်ငံ​တွေမှာလည်း အရမ်းကို ​အောင်မြင်​နေတာ​ကြောင့် နာမည်ကြီး အ​မေရိကန် ဂီတ​အေဂျင်စီ​တွေကလည်း သူတို့နဲ့ စာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိလာတာမဆန်းပါဘူး။ ဒါ​ကြောင့် လက်ရှိအချိန်မှာ ကိုရီးယား​အေဂျင်စီတင်သာမက အ​မေရိကန် ​အေဂျင်စီ​တွေနဲ့ပါ လက်တွဲလုပ်ကိုင်​နေတဲ့ K-Pop အဖွဲ့​တွေကို ​ဖော်ပြ​ပေးချင်ပါတယ်။

  1. ATEEZ

ATEEZ အဖွဲ့ဟာ ၂၀၁၈ ခုနှစ်ကမှ ပွဲဦးထွက်ထားတဲ့ အဖွဲ့ဆို​ပေမဲ့ Sony Music Entertainment လက်​အောက်မှာရှိတဲ့ RCA Records နဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ RCA Records ဟာ Khalid, Britney Spears, ZAYN, Miley Cyrus, Doja Cat, Shakira, A$AP Rocky, Childish Gambino နဲ့ အခြားကမ္ဘာ​ကျော်အနုပညာရှင်​​တွေနဲ့ လက်တွဲထားတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

  1. TXT

​Rookie အဖွဲ့ဖြစ်​ပေမဲ့ အ​မေရိကန်​အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ​နောက်ထပ်အဖွဲ့တစ်ဖွဲ့က​တော့ TXT ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လမှာ TXT ဟာ အ​မေရိကန်နိုင်ငံမှာ သူတို့ရဲ့ဂီတကို ပိုမိုဖြန့်ကျက်ဖို့အတွက် Republic Records နဲ့ လက်တွဲခဲ့ပါတယ်။ Republic Records ဟာ Taylor Swift, The Weeknd, Post Malone, Nicki Minaj, Drake နဲ့ Ariana Grande တို့လို စူပါစတား​​တွေရဲ့ အနုပညာအလုပ်​တွေကို စီမံခန့်ခွဲ​ပေး​နေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

  1. (G)I-DLE

TXT လိုပဲ (G)I-DLE ဟာလည်း Universal Music Group လက်​အောက်က Republic Records နဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။ သူတို့ဟာ အ​မေရိကန်ဂီတ​စျေးကွက်ထဲမှာ ​ခြေဆန့်နိုင်ဖို့ ၂၀၂၀ ခုနှစ်မှာ ဒီကုမ္ပဏီနဲ့ ပူး​ပေါင်းခဲ့တာပါ။

  1. BTS

BTS အဖွဲ့က​တော့ သူတို့ရဲ့ US ပရိုမိုးရှင်း​တွေအတွက် ၂၀၁၈ ခုနှစ်မှာ Columbia Records နဲ့ စတင်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲ့လိုနဲ့ ၃ နှစ်ကြာပြီး​နောက် ၂၀၂၁ ခုနှစ်မှာ​တော့ ကမ္ဘာ့အကြီးဆုံး ​ဂီတ​ကော်ပို​ရေးရှင်းကြီးဖြစ်တဲ့ Universal Music Group နဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ လိုင်စင်ကိစ္စ​တွေကို Geffen Records က တာဝန်ယူမှာဖြစ်ပြီး ဖြန့်ချီ​ရေးအပိုင်းကို​တော့ INgrooves က စီမံခန့်ခွဲမှာဖြစ်ပါတယ်။

  1. NCT 127

NCT 127 အဖွဲ့က​တော့ အ​မေရိကန်နိုင်ငံမှာ ​စျေးကွက်ချဲ့ထွင်ဖို့နဲ့ ဂီတဖြန့်ချီ​ရေးအတွက် Capitol Music Group နဲ့ သူ့ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Caroline Distribution တို့နဲ့ ၂၀၁၉ ခုနှစ်မှာ လက်တွဲခဲ့ပါတယ်။

  1. SuperM

NCT 127 ကဲ့သို့ပဲ SM Entertainment ရဲ့ supergroup ဖြစ်တဲ့ SuperM ကလည်း ပွဲဦးထွက်စဉ်တည်းက US ​စျေးကွက်ကို ပစ်မှတ်ထားထားတာ​ကြောင့် ၂၀၁၉ ခုနှစ် သြဂုတ်လမှာ Capitol Music Group နဲ့ Caroline Distribution တို့နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။

  1. TWICE

ထိပ်တန်း K-Pop မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE ကလည်း TXT နဲ့ (G)I-DLE တို့ရှိတဲ့ Republic Records နဲ့ ၂၀၂၀ ခုနှစ် ​ဖေ​ဖော်ဝါရီလမှာ လက်တွဲခဲ့ပါတယ်။ JYP Entertainment ရဲ့ ​ပြောကြားချက်အရဆိုရင် Republic Records ဟာ သူတို့ရဲ့ စီးပွား​ရေးပါတနာအ​နေနဲ့ TWICE အဖွဲ့ရဲ့ US ပရိုမိုးရှင်း​တွေကို စီမံခန့်ခွဲ​ပေးတယ်လို့ ဆိုပါတယ်။

  1. BLACKPINK

BLACKPINK က​တော့ သူတို့ရဲ့ US ပရိုမိုးရှင်း​တွေအတွက် Interscope Records နဲ့ ၂၀၁၈ ခုနှစ် ​အောက်တိုဘာလမှာ လက်တွဲခဲ့ပါတယ်။ Interscope Records ဟာ Billie Eilish, DJ Snake, Lana Del Rey, Selena Gomez, Lady Gaga, Machine Gun Kelly, Olivia Rodrigo, Zedd နဲ့ အခြားနာမည်ကြီးအနုပညာရှင်​တွေ ရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

  1. MONSTAX

MONSTA X အဖွဲ့ဟာ သူတို့ရဲ့ အင်္ဂလိပ်သီချင်း​တွေနဲ့ အ​မေရိကန်အပြင် အခြားဥ​ရောပနိုင်ငံ​တွေမှာ သူတို့ရဲ့ သီချင်း​တွေကို ဖြန့်ချီဖို့အတွက် ၂၀၁၉ ခုနှစ်မှာ Sony Music Entertainment ရဲ့ Epic Records နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Epic Records က​တော့ Travis Scott, Camila Cabello, DJ Khaled, Fifth Harmony နဲ့ Meghan Trainor တို့လို ထင်ရှားတဲ့ အဆို​တော်​တွေရှိတဲ့ ​အေဂျင်စီဖြစ်ပါတယ်။

  1. SEVENTEEN

BTS လိုပဲ SEVENTEEN ကလည်း Universal Music Group လက်​အောက်က Geffen Records နဲ့ ၂၀၂၁ ခုနှစ် ​မေလတည်းက လက်တွဲခဲ့တာဖြစ်ပါတယ်။ ဒါ​ကြောင့် Geffen Records ဟာ SEVENTEEN အဖွဲ့ရဲ့ US ပရိုမိုးရှင်းနဲ့ ဖြန့်ချီ​ရေးပိုင်းကို တာဝန်ယူရမှာဖြစ်ပါတယ်။

Source : Kpopstarz
Written : ZL