Korean Celebrity

ဟင်းချက်တဲ့သူတိုင်း ​ဖြစ်​လေ့ဖြစ်ထရှိတဲ့ အမှားတစ်ခုကို လုပ်ခဲ့မိတဲ့ IU

K-Pop ​လောကက တစ်ကိုယ်​တော်အဆိုရှင်​တွေထဲမှာ IU ဟာ ပရိသတ်​တွေကို အံ့အားသင့်​အောင် အမြဲလုပ်​လေ့ရှိပါတယ်။ အဆို၊ အက၊ သရုပ်​ဆောင်သာမက သူမရဲ့ စွယ်စုံရအရည်အချင်းနဲ့ လှပပြီး ချစ်စရာ​ကောင်းတဲ့ ရုပ်ရည်တို့​ကြောင့် IU ကို ပရိသတ်​တွေက မချစ်ပဲ​​နေဖို့ မဖြစ်နိုငိပါဘူး။

မကြာ​သေးခင်ကပဲ IU ဟာ သူမရဲ့ အရည်အချင်းသစ်တစ်ခုကို ပရိသတ်​ (Uaena) တွေကို ထုတ်ပြခဲ့ပါ​သေးတယ်။ အဲ့ဒါက​တော့ ဟင်းချက်ခြင်းပါ။ မကြာ​သေးခင်ကမှ အသစ်စက်စက် ထွက်ရှိထားတဲ့ “Strawberry Moon” သီချင်းအတွက် ဂုဏ်ပြုဖို့ IU ဟာ သူမရဲ့ YouTube series “LET’S COOK with CHEF IU” ရဲ့ ဒုတိယပိုင်းမှာ pink theme နဲ့ အချိုပွဲ​တွေကို ပြုလုပ်ပြခဲ့ပါတယ်။

သူမ ပြုလုပ်ခဲ့တဲ့ အချိုပွဲ ၂ မျိုးက​တော့ strawberry macaron ​တွေနဲ့ စ​တော်ဘယ်ရီ ​ရေခဲမုန့်ပါ။ သူမဟာ ဟင်းချက်နည်း​​တွေကို ရေးသားထားပြီး macaron ​တွေကို အဲ့အတိုင်း စတင်ပြုလုပ်ပါတယ်။ သူမဟာ ကြိုတင်ပြင်ဆင်​ပေးထားတဲ့ စက်ကရိယာ​တွေနဲ့ ပါဝင်ပစ္စည်း​​တွေကို အသုံးပြုရတာဆို​ပေမဲ့လည်း ဒီအချိုပွဲ​တွေဟာ အခုမှ စလုပ်မယ့်သူတစ်​​ယောက်အတွက် အရမ်းကို ခက်ခဲပါတယ်။

ဒါ​ကြောင့် မုန့်ဖုတ်ခြင်းကို စတင်ကြိုးစားဖူးသူ​တွေ သိကြတဲ့အတိုင်း အရာအားလုံးဟာ စီစဉ်ထားတဲ့အတိုင်း လွယ်လွယ်ကူကူဖြစ်လာတာ ရှားပါတယ်။ IU အတွက်လည်း ဒီအတိုင်းပါပဲ။ သူမဟာ စ​တော်ဘယ်ရီယိုလုပ်​နေတုန်း မီးဖုတ်ထားတဲ့ macaron အပြင်သား (coque) ​တွေ အဆင်သင့်ဖြစ်​လောက်ပြီထင်ပြီး သွား​ရောက်စစ်​ဆေးကြည့်ခဲ့ပါတယ်။

IU ဟာ အဲ့ဒီ macaron အပြင်သား​တွေကို မုန့်ဖုတ်စက်ထဲက ထုတ်ဖို့ ကြည့်လိုက်​ပေမဲ့ အခုထိ မီးမဖုတ်ရ​သေးပဲ အစိမ်းအတိုင်းဖြစ်​နေတာကို ​တွေ့လိုက်ရပါတယ်။ IU လည်း ဘာလို့ မကျက်​​သေးတာလဲဆိုတာကို စဉ်းစားမရဖြစ်ပြီး အကျပ်ရိုက်ခဲ့ရပါတယ်။ အဲ့ဒီ​နောက် ရိုက်ကူး​ရေးဝန်ထမ်းတစ်ဦးက လာ​ရောက်စစ်​ဆေးကြည့်​တော့မှသာ မုန့်ဖုတ်စက်ကို ပလပ်မတပ်ရ​သေးတာကို ​သိသွားခဲ့ပါတယ်။

ဒါ​ကြောင့် IU လည်း မယုံနိုင်ဖြစ်ပြီး အချိန်လည်း ပိုကုန်သွားခဲ့ရပါတယ်။ ဒါ​ပေမဲ့ ဒီဖြစ်ရပ်က​နေ သင်ခန်းစာယူပြီး ပရိသတ်​တွေအတွက် အကြံ​ပေးစကားတစ်ခုကို ​ပြောခဲ့ပါတယ်။ သူမ​က “Macaron ပြုလုပ်မယ်ဆို အဆင့်တိုင်းကို ၂ ခါပြန်စစ်​ဆေးကြည့်ပါ။

သင့်ကိုယ်သင် ဘယ်​တော့မှ မယုံပါနဲ့။ သင့်အ​ရှေ့မှာ PD ရှိ​နေရင် သူ့ကို ပိုပြီး သံသယဝင်ပါ” ဆိုပြီး ​အကြံ​​ပေးခဲ့တာပါ။ ဒီလိုနဲ့ပဲ macaron အပြင်သာ​းတွေကို ကျက်သွားပြီး​နောက်မှာ​တော့ IU ဟာ သူမလို လှပတဲ့ macaron ​လေး​တွေကို ကျွမ်းကျင်သူတစ်​ယောက်လို ပြုလုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒီ​နောက် သူမနဲ့ ​အေဂျင်စီတူဖြစ်တဲ့ မင်းသမီး Shin Se Kyung ကို ဒီအချိုပွဲ​တွေကို မြည်းစမ်း​စေခဲ့ပါတယ်။ မင်းသမီး Shin Se Kyung ကလည်း IU ကိုယ်တိုင်လုပ်ထားတယ်ဆိုတာကို မယုံကြည်နိုင်​လောက်​အောင်ဖြစ်ပြီး အရမ်းအရသာရှိတယ်လို့ ချီးကျူးခဲ့ပါတယ်။ IU ရဲ့ လက်ရာဟာ ကျွမ်းကျင်သူတစ်​ယောက်အတိုင်းဖြစ်တယ်လို့လည်း သူမက ချီးမွမ်းခဲ့ပါ​သေးတယ်။

Source : Koreaboo
Written : ZL