Korean Celebrity

သီချင်း ၄ ပုဒ်အတွက် ဂျပန်ဂီတအစည်းအရုံးက မှတ်တမ်းတင်ဂုဏ်ပြုတာကို ထပ်မံရရှိခဲ့တဲ့ BTS

​အောက်တိုဘာလ ၂၅ ရက်​​နေ့က “Recording Industry Association of Japan (RIAJ)” ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွက် streaming category ​အောက်မှာ မှတ်တမ်းတင်ဂုဏ်ပြုခံရတဲ့ သီချင်းအသစ်​တွေကို ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။

အဲ့သီချင်း​တွေထဲက တချို့ဟာ K-Pop သီချင်း​တွေဖြစ်ပြီး BTS အဖွဲ့ရဲ့ သီချင်း ၄ ပုဒ်ဟာ အသစ်အ​နေနဲ့ ဂျပန်မှာ မှတ်တမ်းတင်ဂုဏ်ပြုခံခဲ့ရပါတယ်။ အဲ့ဒီ သီချင်း ၄ ပုဒ်က​တော့ “DNA,” “Permission to Dance,” “Friends” နဲ့ “Save Me” တို့ဖြစ်ပါတယ်။ “DNA” နဲ့ “Permission to Dance” သီချင်း​တွေဟာ platinum streaming certification ကို ရရှိခဲ့တာဖြစ်ပြီး “Friends” နဲ့ “Save Me” တို့က silver certification ကို ရရှိခဲ့တာပါ။

RIAJ ရဲ့ certification စည်းမျဉ်းအရ stream အကြိမ်​ရေ ၃၀ သန်းပြည့်ရင် ​silver, အကြိမ်​ရေ ၅၀ သန်းပြည့်ရင် gold, အကြိမ်​ရေ သန်း ၁၀၀ ပြည့်ရင် platinum နဲ့ အကြိမ်​ရေ သန်း ၅၀၀ ပြည့်ရင် diamond ဆိုပြီး ဂုဏ်ပြုမှတ်တမ်းချီးမြှင့်တာဖြစ်ပါတယ်။

BTS အဖွဲ့ဟာ ယခုဆိုရင် RIAJ က ​ပေးအပ်တဲ့ platinum streaming certifications ၆ ခုနဲ့ silver certification ၁၉ ခုကို ရရှိထားပြီဖြစ်ပါတယ်။ စုသု​ပေါင်းဆိုရင် RIAJ streaming certification ရရှိထားတဲ့ သီချင်း ၃၂ ပုဒ်ရှိပြီလို့ ဆိုရမှာပါ။

BTS ဟာ ဒီလိုမျိုး ဂျပန်နိုင်ငံရဲ့ streaming category ​အောက်မှာ ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခံရတဲ့ သီချင်းအများဆုံးကို ပိုင်ဆိုင်ထားတဲ့ K-Pop အဖွဲ့အဖြစ် စံချိန်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ တစ်ဖက်မှာ BTS ရဲ့ “Permission to Dance” သီချင်းဟာဆိုရင် Spotify မှာ stream တဲ့အကြိမ်​ရေ သန်း ၃၀၀ ကို ​ကျော်လွန်သွားပြီဖြစ်ပါတယ်။  ဒါဟာ BTS အတွက် ဒီလိုစံချိန်ကို ရရှိတဲ့ ၈ ပုဒ်​မြောက်သီချင်းလည်းဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်ထဲမှာပဲ Spotify မှာ BTS အဖွဲ့ကို stream တဲ့ အကြိမ်​ရေဟာ ၆ ဘီလီယံကို ​ကျော်လွန်သွားပြီဖြစ်ပါတယ်။ BTS အဖွဲ့ဟာ Spotify မှာ လစဉ်နား​ထောင်သူ အ​ရေအတွက်ကလည်း ထိပ်ဆုံးကို ​ရောက်ရှိခဲ့ပါတယ်။ သူတို့ဟာ လစဉ်နား​ထောင်သူ ၄၃.၇၅ သန်းအထိ ရှိလာခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီ platform မှာ လူနား​ထောင်တာအများဆုံး အနုပညာရှင်အဖြစ် နံပါတ် ၂၈ ​နေရာမှာ ရပ်တည်​နေပါတယ်။

Source : Kpopstarz
Written : ZL