Korean Celebrity

Kai ရဲ့ ဒုတိယမြောက် solo album comeback ကြောင့် တဟုန်ထိုးတိုးတက်သွားတဲ့ SM ရဲ့ ရှယ်ယာ

EXO အဖွဲ့ဝင် Kai ဟာ လတ်တလော ဖက်ရှင် magazine ​တွေ ရိုက်ကူးနေပါတယ်။ ဒါပေမဲ့ တဖက်တလမ်းမှာလည်း သူ့ရဲ့ ဒုတိယမြောက် solo album ကို စီစဉ်နေကြောင်း ထုတ်ပြောဖူးပါတယ်။ ထိုစဉ်အခါက album ထွက်ရှိမဲ့နေ့ကို အတိအကျမသိရသေးပေမဲ့ rumor တစွန်းတစသိရတာနဲ့တင် ပရိတ်သတ်တွေက အရမ်းပျော်နေခဲ့ကြတာပါ။

ဒီနေ့မှာဘဲ Korea သတင်း media တစ်ခုက EXO’s Kai ဟာ solo album ပြင်ဆင်နေပြီဖြစ်ကြောင်း၊ November လကုန်လောက် ထွက်ရှိလိမ့်မယ်လို့ ပရိသတ်တွေအတွက် suprise တိုက်ခဲ့ပါတယ်။ SM ဘက်က ဒီသတင်းကို အတည်ပြုပေးလိုက်ပြီးပြီးချင်း SM ရဲ့ ရှယ်ယာတွေဟာ တဟုန်ထိုး တက်သွားခဲ့ပါတယ်။

28550 Won ကနေ 81700 won အထိ တက်သွားခဲ့တာဖြစ်ပြီး 2011 ခုနှစ်နောက်ပိုင်း ဒီနေ့ဟာ SM ရဲ့ share စျေး အမြင့်ဆုံးနေ့ ဖြစ်လာခဲ့ပါတယ်။ အားလုံးစောင့်ဆိုင်းနေရတဲ့ Kai ရဲ့ ဒုတိယမြောက် album သာ နောက်လ ထွက်မယ်ဆို ဒါဟာ ပထမ album ထွက်ပြီး တစ်နှစ်ပြည့်မှာ ထွက်တာ ဖြစ်သွားပါလိမ့်မယ်။

ပရိတ်သတ်တွေလည်း Kai ကို support ဖို့ ဒီကြားထဲမှာ ပြင်ဆင်ချိန်ရမယ်လို့ မျှော်လင့်ပါတယ်။ Kai ဟာ ပထမ album မှာ သူများနဲ့ မတူတဲ့ concept တွေနဲ့ ဖန်တီးချပြခဲ့သလို ခု ဒုတိယ album ကိုလည်း ဘယ်လို ဖန်တီးမလဲဆိုတာ မင်မင်ကတော့ တွေးရင်း စိတ်လှုပ်ရှားနေပါပြီ။

Source: Allkpop
Written: Violet