Korean Celebrity

အစစအရာရာကူညီခဲ့တဲ့ Jennie လေးကို ကျေးဇူးတင်စကားလေးနဲ့ မျက်ရည်ဝဲစေခဲ့ဖူးသူ Jisoo

BLACKPINK အဖွဲ့ဝင် (၄) ဦးရဲ့ Trainee ဘဝက အခက်အခဲတွေအများကြီးရှိခဲ့တာကို ပရိသတ်စစ်စစ်တွေက သိထားပြီးသားဖြစ်ပါတယ်။ Debut ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ရတဲ့ ကောင်မလေး (၄) ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဖေးမရင်း ယခုအချိန်မှာတော့ ထိပ်ဆုံး Kpop အဖွဲ့ကို တည်ဆောက်ထားနိုင်ခဲ့ပါပြီ။

အားလုံးထဲမှာ အစောဆုံး Trainee ဖြစ်ခဲ့သူက Jennie လေးဖြစ်ပါတယ်။ သူမဟာဆိုရင် အဖွဲ့ဝင်အားလုံးအတွက် အကူအညီဖြစ်စေခဲ့ပြီး အထူးသဖြင့် အကြီးဆုံးအဖွဲ့ဝင် Jisoo ရဲ့ အားထားရာလေးကို ဖြစ်ခဲ့တာပါ။ BLACKPINK: Light Up The Sky ထဲမှာဆိုရင် Jisoo က Jennie လေးကို ကျေးဇူးတင်စကားပြောနေတဲ့အခန်းလေး ပါဝင်ခဲ့ပါတယ်။

“Trainee ဘဝတုန်းက အစ်မကို အများကြီးကူညီရင်း လွှမ်းမိုးထားခဲ့တဲ့ Jennie ကို ကျေးဇူးတင်ချင်တယ်။ Trainee စဖြစ်တုန်းက တော်တော်လေး ရုန်းကန်ခဲ့ရတယ်။ တစ်ခါမှလည်းသီချင်းမဆိုဖူးသလို တစ်ခါမှလည်း မကဖူးတာကြောင့် ရှေ့မဆက်ချင်လောက်အောင် ပင်ပန်းခဲ့ရတယ်။

အစ်မအနေနဲ့ လမ်းပျောက်နေချိန်မှာပဲ လိုသမျှအရာတိုင်းကို Jennie က ဘေးကနေ တောက်လျှောက်သင်ပေးပြီး အားပေးခဲ့တယ်။ အဲ့အတွက် အများကြီးကျေးဇူးတင်တယ်.. Jennie” ဆိုပြီး ရင်ထဲရှိတဲ့နွေးထွေးတဲ့စကားလေးတွေကို ပြောခဲ့ပါတော့တယ်။

အဖွဲ့ဝင် (၄) ယောက်ထဲမှာဆိုရင် အကြီးဆုံး (၂) ယောက်ဖြစ်တာကြောင့် Jisoo နဲ့ Jennie ဟာ ခံစားချက်တွေဖုံးကွယ်ရာမှာ သိပ်ကိုတော်လှပါတယ်။ Trainee တလျှောက်လုံး အတူတကွဖေးမရင်း ကြိုးစားအားထုတ်ခဲ့ကြခြင်းရဲ့ အဆုံးသတ်ရလဒ်အနေနဲ့ကတော့ ကမ္ဘာအနှံ့မှာ BLINKs အများအပြားကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အများကြီး ချစ်ခင်အားပေးမှုတွေကို ရရှိထားပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Translated by Ivy