Thai Celebrity

၂၀၂၁ အတွင်း ထင်းထွက်နေပြီး လွှမ်းမိုးချုပ်ကိုင်မှု အားကောင်းခဲ့တဲ့ မင်းသမီး (၁၀) ဦး

၂၀၂၁ တစ်နှစ်တာ ကုန်ဆုံးချိန်နီးလာတော့ တစ်နှစ်လုံးအတွင်း နာမည်ကြီးကျော်ကြားခဲ့တဲ့ ထိုင်းမင်းသမီးစာရင်းက ထွက်ပေါ်လာခဲ့ပါတယ်။ ပရိသတ်လွှမ်းမိုးမှုအား ကောင်းမွန်ခဲ့တဲ့ ထိုင်းမင်းသမီးတွေကတော့ အားလုံးအကြိုက်တွေ ချည်းပါပဲ။

Kitty Chicha
Girl From Nowhere နဲ့ နာမည်ကြီးအောင်မြင်လာသူ နာနို ‌(ခေါ်) Kitty ကတော့ ပြည်တွင်းပြည်ပ နာမည်ကြီးကျော်ကြားမှု အမြင့်ဆုံး ဖြစ်နေပြီး အချိန်တိုအတွင်း ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Nink Chanya
နာနို နဲ့အတူတူ Girl from Nowhere 2 ထဲက ဗီလိန်မလေး Nink Chanya ကလည်း ထပ်တူ ရေပန်းစားခဲ့ပါတယ်။ သူမရဲ့အလှ၊ အရှိန်အဝါနဲ့ ယုံကြည်ချက်ရှိတဲ့ပုံစံတွေဟာ မြင်သူတကာကို ဖမ်းစားနိုင်ခဲ့ပါတော့တယ်။

Mookda Narinrak
Mookda ကတော့ ထိုင်းနိုင်ငံရဲ့ လှပသူစာရင်းဝင်လေးပါပဲ။ ဇာတ်လမ်းသစ်တွေကို လက်ခံရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်လာတာကြောင့် တနေ့တခြား ပရိသတ်တိုးနေတာပါ။ ဒါ့အပြင် Sowayree ဇာတ်လမ်းကလည် ပြန်လည်ပြသနေတာဖြစ်လို့ တဖန်ရေပန်းစား ကျော်ကြားနေပြန်ပါတယ်

Nune Woranuch
Krachao Seeda ဇာတ်လမ်းတွဲနဲ့ လူကြိုက်များ နာမည်ကြီးနေတဲ့ စီနီယာမင်းသမီး Nune Woranuch ‌ကတော့ ဒီနှစ်ရဲ့ ကျော်ကြားသူ စာရင်းဝင်ဖြစ်ပါတယ်။ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ပဲ ပရိသတ်တွေရဲ့ ချီးမွမ်းမှုတွေကို များစွာ ရရှိထားခဲ့ပါတယ်။ နာမည်ကြီးလွှမ်းမိုးထားတဲ့ ကျန်မင်းသမီးတွေကတော့…

• Green Ausadaporn

• Kimmy Kimberley

• Now Tisanart

• Baifern Pimchanok

• Bua Nalinthip

• Mai Davika တို့ပဲ ဖြစ်ကြပါတယ်။

Source: ThaiStars
Photos: Instagram
Translated by Julix