Celebrity News

တွဲနေစဉ်တုန်းက လမ်းခွဲပြတ်စဲဖို့ Mik ဖက်ကချည်း အရင်ပြောခဲ့တာဖြစ်ကြောင်း Bow ရှင်းပြ

အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက Mik Thongraya ဟာ အင်တာ‌ဗျူးဖြေရင် Bow နဲ့ တွဲရတာ ပင်ပန်းကြောင်း လူရှေ့သူရှေ့မှ ဖွင့်ပြောချတာကို မှတ်မိကြမှာပါနော်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေက အချက်အလက်တွေရှာဖွေကြတဲ့အခါမှာ လမ်းခွဲဖို့ကို စတင်ခဲ့သူဟာ Mik ပဲဖြစ်ကြောင်းကို ရှာတွေ့ခဲ့ကြပါတယ်။ နှစ်ဦးသဘောတူလမ်းခွဲရတဲ့အဖြစ်အပျက်တွေကိုလည်း အောက်တိုဘာ ၁၀ ရက်နေ့ကတည်းကတိုင် Bow က 3 Zaap အစီအစဉ်မှာ ပြောပြခဲ့ဖူးပါတယ်။

အဆိုပါပရိုဂရမ်မှာပဲ Bow က Mik နဲ့တွဲစဉ် အကြောင်းအရာတ‌ချို့ကို ဦးစွာဖွင့်ပြောခဲ့တာပါ။ Mick ဟာ သူမနဲ့တွဲရတာကို ပင်ပန်းကြောင်း၊ ၅ ကြိမ်တိုင် လမ်းခွဲဖို့ပြောကြောင်း၊ Bow ကို ပျော်ရွှင်စေချင်ကြောင်း.. စသဖြင့် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ Bow က “အင်း… သူက (Mik) က တွဲရတာ ပင်ပန်းနေပြီလို့ပြောတယ်။ ဒါပေမဲ့ ကျွန်မကလည်း ဘာဟာတွေကများ ပင်ပန်းအောင်လုပ်မိခဲ့လို့လဲ? ဆိုပြီး ‌မမေးခဲ့ဘူး။ သူ့ဖက်က ကျွန်မနဲ့တွဲရတာ ပင်ပန်းနေခဲ့တာပေါ့။ ကျွန်မကို ပျော်စေချင်တယ်, လို့လည်းပြောခဲ့တယ်။ အဲ့တုန်းက ကျွန်မကလေ သူနဲ့ရှိနေတာ ပျော်တဲ့အကြောင်းပြောပေမဲ့ လမ်းခွဲဖို့ ၅ ကြိမ်လောက် ပြောခဲ့တယ်။ သူ့ဖက်ကချည်း အရင်စပြောခဲ့တာပါ။ အခုတော့ တကယ်ပြီးဆုံးသွားခဲ့ပါပြီ” ဆိုပြီး ပြောပြခဲ့တာပါ။

ဒီအကြောင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ ပရိသတ်တွေကတော့ Bow ဖက်ကနေ အရင်ဆုံး ‌ဖော်ထုတ်ပြောကြာခဲ့လို့သာ Mik က သူ့ဖက်ကနေ လမ်းခွဲဖို့ တောင်းဆိုခဲ့တာကို ဝန်ခံခဲ့တာဖြစ်ကြောင်း သဘောပေါက်ခဲ့ပါတော့တယ်။ အခုချိန်မှာတော့ ၂ ယောက်သား ကိုယ့်လမ်းကိုယ်စီကို လွတ်လပ်စွာနဲ့ပဲ လျှောက်လှမ်းနေကြပြီဖြစ်လို့ အနာဂတ်မှာ Right Person တွေတွေ့နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။

Source: ThaiToday
Photos: Instagram
Translated by Ivy