Celebrity News

Fangirl တွေနဲ့ အိပ်ခဲ့ပြီး ကလေးတောင် ရနေပြီဆိုပြီး စွပ်စွဲတိုက်ခိုက်ခံရတဲ့ Lay

ချိုင်းနားဖျော်ဖြေရေးလောကကြီးက ကမောက်ကမဖြစ်လာတဲ့ အနေအထားကို ပရိသတ်တို့ ရိပ်မိကြမှာပါ။ ဒီတစ်ခါ ပစ်မှတ်ထားတိုက်ခိုက်ခံရသူတော့ EXO အဖွဲ့ဝင် Lay ပါပဲ။ Lay ဟာ သူ့ရဲ့ မိန်းကလေးပရိသတ်တွေနဲ့ အိပ်ခဲ့ပြီး ကလေးရနေကာ ဖခင်တစ်ဦးတောင်ဖြစ်နေပြီလို့ စွပ်စွဲတဲ့သတင်းတွေ ထွက်လာခဲ့တာပါ။ စွပ်စွဲပြောဆိုသူကတော့ Weibo ရဲ့ ကျော်ကြားတဲ့ Blogger အမျိုးသားတစ်ဦးပါပဲ။

November 5 ရက်နေ့တုန်းက အဆိုပါ blogger က သတင်းစတင် ဖွခဲ့တာဖြစ်ပါတယ်။ Weibo မှာ Follower ပေါင်း ၉ သိန်းရှိသူဖြစ်တာကြောင့် ဒီသတင်းဟာ ချက်ချင်းကို ပြန့်ထွက်သွားခဲ့ပါတယ်။ သူကတော့ နာမည်အတိအကျမပြောပေမဲ့လည်း ကလေးရအောင်လုပ်တဲ့ နာမည်ကျော်ဟာ အနုပညာနာမည် (၃) လုံးပါပြီး Brand ပစ္စည်းပေါင်းများစွာနဲ့လက်တွဲထားတဲ့ 9X မျိုးဆက် အနုပညာရှင်ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒါကိုသိတာနဲ့တပြိုင်နက် လူအများအပြားက EXO အဖွဲ့ဝင် Lay ကို စတင် နာမည်တပ်ပြောဆိုလာခဲ့ကြပါတော့တယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Lay တင်မက Cpop Idol ဖြစ်တဲ့ Cai Xukun ကို စွပ်စွဲခဲ့ကြပေမဲ့ အချက်အလက်တွေက Lay ပဲဖြစ်ရမယ်ဆိုပြီး ယုံကြည်ချက်ရှိစွာ ကောက်ချက်ချခဲ့ကြပြီး Lay ကိုပဲ ဦးတည်ကာ ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။

November 6 ရက်နေ့မှာတော့ Lay ရဲ့ studio ဖက်ကနေ ဒီဖြစ်ရပ်အတွက် အသိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်စာထဲမှာ Lay ဟာ အခြေအမြစ်မရှိတဲ့သတင်းတွေရဲ့ ပစ်မှတ်ဖြစ်လာပြီး နာမည်ဂုဏ်သတင်းကို ထိပါးတိုက်ခိုက်မှု ပိုမိုများပြားပြင်းထန်လာခြင်းတို့ကြောင့် Lay ရဲ့ တရားမျှတမှုအတွက် ရှေ့နေနဲ့တကွ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

Lay နဲ့ပတ်သက်ပြီး မဟုတ်မမှန် ပြောဆိုထားတဲ့ netizen ၂ ဦးကိုလည်း Post တွေအကုန်ဖျက်ဖို့ အသိပေးထားပြီး ဖြစ်ရပ်အစအဆုံးအတွက် သက်သေတွေစုဆောင်းကာ တရားဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကောလဟာလသတင်းတွေနဲ့ တိုက်ခိုက်လာမှုအပေါ် Lay ရဲ့ ရင့်ကျက်စွာနဲ့ လျှင်မြန်တဲ့တုန့်ပြန်ချက်ကို အားရနေကြပါတယ်။

ဒီလိုဖြစ်ရပ်တစ်ခုလုံး တရားစွဲဆိုကာ ရင်ဆိုင်လိုက်မှသာလျှင် နောက်အခါတွေမှာလည်း အခုလို မဟုတ်မမှန် မပြောရဲကြတော့မှာပါ။ Lay ရဲ့ ပရိသတ်တွေက‌တော့ အစကတည်းက ကိုယ့် idol ကို ယုံကြည်ပြီးသားဖြစ်လို့ ဒီအကြောင်းက မဟုတ်မှန်း သိထားပြီးသားဖြစ်သလို Lay ရဲ့ တရားစွဲဆိုမှု အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးနေကြပါတယ်။

Source: Kpopstarz
Photos: Studio Weibo
Translated by Ivy