Celebrity News

Xiao Zhan ပြောပြတဲ့ “A Dream Like A Dream” ပြဇာတ်ရဲ့ နောက်ကွယ်က အခြေအနေ

မကြာသေးမီက Xiao Zhan Studio ရဲ့ “Daily Show Xiao Zhan” ဗီဒီယိုထဲမှာ ပါဝင်တဲ့ Xiao Zhan ပြောပြတဲ့ အကြောင်းအရာ တစ်ချို့နဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေကြားမှာ အပြန်အလှန်ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ Idol ရဲ့ အသေးအဖွဲ ကိစ္စလေးတွေကအစ သတိပြုပေးတတ်တဲ့ Xiao Zhan ရဲ့ အတွေ့အကြုံရှိတဲ့ ပရိသတ်တွေဟာ Xiao Zhan ပြောတဲ့ စကားလေးတစ်ခွန်းအတွက် အာရုံစူးစိုက်မှု ပေးနိုင်တာဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တဲ့ အနေအထားမှာ ရှိနေပါတယ်။

Xiao Zhan အနေနဲ့ “A Dream Like A Dream” ပြဇာတ်ရဲ့ နောက်ကွယ်က အခြေအနေကို ထုတ်ဖော် ပြောကြားခဲ့တာဟာ အားလုံးအတွက် အချစ်ပိုစေခဲ့တာ ဖြစ်ပါတယ်။ Xiao Zhan ဟာ အစမ်းလေ့ကျင့်ချိန်မှာ ပြဿနာ အနည်းနဲ့အများ ရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီး တရားဝင် သရုပ်ဆောင်မှုအတွင်း အကျိုးသက်ရောက်မှုက အလွန်ကောင်းမွန်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“အစမ်းလေ့ကျင့်မှုအတွင်း ပြဿနာများစွာကို ကြုံတွေ့ခဲ့ရပါတယ်၊ ဒါပေမယ့် တရားဝင် ဖျော်ဖြေတင်ဆက်ချိန်မှာ ကောင်းမွန်တဲ့ လမ်းကြောင်းကို ဦးတည်မှုတွေ ဖြစ်ပေါ်လာတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်” လို့ Xiao Zhan က ပြောပြခဲ့တာ ဖြစ်ပါတယ်။ Xiao Zhan ရဲ့ ပြောပြချက်အရ “A Dream Like A Dream” ပြဇာတ်ရဲ့ နောက်ကွယ်က အစမ်းလေ့ကျင့်မှုအတွင်း ပြဿနာအချို့ကို ကြုံတွေ့ခဲ့ရပေမယ့် စင်မြင့်ထက်မှာ ပြီးပြည့်စုံတဲ့ Xiao Zhan ကို အားလုံးပဲ မြင်တွေ့ခဲ့ရတာဟာ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အတွက် အတိုင်းအဆမဲ့တဲ့ အောင်မြင်မှုရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

“A Dream Like A Dream” အကြောင်းကို မကြာခဏဆိုသလို ပြောပြတတ်တဲ့ Xiao Zhan ဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကဲ့သို့သော နောက်ကွယ်ရှိ ပြဿနာအချို့ကိုလည်း ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီး သူ့ကိုယ်ပိုင် ကြိုးစားမှုတွေနဲ့ ပြုပြင်ပြောင်းလဲ နိုင်ခဲ့ပါတယ်။ ပရိသတ်များအနေနဲ့လည်း Xiao Zhan ရဲ့ စင်မြင့်ဖျော်ဖြေမှုကို ကြည့်ရှုရချိန်မှာ Xiao Zhan ကို အလွန်ကောင်းမွန်တဲ့ အရည်အချင်းတွေနဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ် မြင်တွေ့ခဲ့ကြရပြီး စောင့်မျှော်ရကျိုး နပ်ခဲ့တာကြောင့် စိတ်ကျေနပ်မှုများစွာ ရရှိခဲ့ကြပါတယ်။ ကိုယ်ပိုင်အစွမ်းအစတွေနဲ့ ပြတ်သားတဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်ဖြစ်တဲ့ အောင်မြင်မှု အသီးအပွင့်တွေနဲ့ အထိုက်တန်ဆုံး လူသားကတော့ Xiao Zhan ပဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : Weibo
Photos : Weibo