Celebrity News

ဒုတိယမြောက်ရင်သွေးလေး ရရှိသွားပြီဖြစ်တဲ့ EXO အဖွဲ့ဝင် Chen

EXO အဖွဲ့ထဲက main vocalist ဖြစ်သူ Chen ဟာ 2020 ခုနှစ် January လမှာ Celebrity မဟုတ်တဲ့ သာမာန်မိန်းက​လေးတစ်ယောက်နဲ့လက်ထပ်ခဲ့ပါတယ်။ ထိုနှစ် Apirl လမှာဘဲ သမီးဦးလေး မွေးဖွားလိုက်ပြီ ဖြစ်ကြောင်း ပရိတ်သတ်တွေကို အသိပေးခဲ့ပါတယ်။

ထိုသတင်းတွေကြောင့် Kpop ပရိတ်သတ်တွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပေမဲ့ Chen ဟာ solo song တစ်ပုဒ်ထုတ်ခဲ့တဲ့အပြင် 2020 ခုနှစ် October လမှာ စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ခဲ့ပါတယ်။ဒါပေမဲ့ အချိန်ရရင်ရသလို အားလပ်ရက်တွေမှာ မိသားစုကို အချိန်ပေးခဲ့ပါတယ်။ 2021 ခုနှစ် Apirl လ တုန်းကဆို သမီးလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့မင်္ဂလာကို ခမ်းခမ်းနားနား ဟော်တယ်မှာ ကျင်းပပေးခဲ့ပါသေးတယ်။

ဒီနေ့ November လ 16 ရက်နေ့မှာတော့ Chen ရဲ့ ဇနီးဟာ ဒုတိယမြောက်ရင်သွေးလေး လွယ်ထားရပြီ ဖြစ်ကြောင်း Newsen သတင်းဌာနက လွှင့်ခဲ့ပါတယ်။ SM entertainment ဘက်ကလည်း ထိုသတင်းဟာ အမှန်ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့်မို့ Chen ဟာ ခုဆို ကလေးလေးနှစ်ယောက်တောင် ပိုင်ဆိုင်တော့မှာပါ။ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့အတွက် Chen အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ Congratulations ပါ …

Source: Koreaboo
Written: Violet