Celebrity News

Yuekai Entertainment နဲ့ လက်တွဲလိုက်ပြီဖြစ်တဲ့ မင်းသမီးချော Angelababy

နိုဝင်ဘာလ (၁၉) ရက်နေ့မှာ Anglebaby ရဲ့ Studio ကနေ သူမရဲ့ Event ပွဲဓာတ်ပုံများကို ထုတ်ပြန်ခဲ့ပြီး မကြာမီ Yuekai Entertainment ရဲ့ Weibo မှာ ထပ်ဆင့် ပေးပို့ပြီးနောက် Yuekai Entertainment ဟာ angelababy နဲ့ စာချုပ်ချုပ်ခဲ့ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ပူးပေါင်းမှု ဖြစ်တာကြောင့် ဒီသတင်းဟာ Weibo ရဲ့ Hot Search မှာ အချိန်အတော်ကြာ ရောက်ရှိခဲ့ပါတယ်။

ယခင်က Angelababy ဟာ (၂၀၁၅) ခုနှစ်ကနေ စတင်ပြီး Taiyang Chuanhe နဲ့ စာချုပ်စတင်ခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ Taiyang ရဲ့ ပံ့ပိုးမှုတွေကို အခြေခံပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ ပြည့်စုံတဲ့ Baby ဟာ ဂုဏ်သတင်းတွေ အလွန်တိုးတက်လာခဲ့ပြီး ထိပ်တန်းမင်းသမီးချော တစ်ယောက်အဖြစ် ယနေ့တိုင် တလက်လက် တောက်ပနေဆဲ ဖြစ်ပါတယ်။

ထို့နောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို (၂၀၂၀) ခုနှစ်မှာ ကုန်ဆုံးကြောင်း ကြေငြာခဲ့ပါတယ်။ Baby ကလည်း ကိုယ်ပိုင်စတူဒီယိုကို ဖွင့်လှစ်ရန် အခွင့်အရေးကို ပိုင်ဆိုင်ရယူနိုင်ခဲ့ပြီး စတင်တည်ထောင်စဉ်မှာ ပြဿနာအချို့ကို မလွဲမသွေ ကြုံတွေ့ခဲ့ရပေမယ့် အရည်အချင်းရှိတဲ့ ဦးဆောင်မှုတွေအောက်မှာ စတူဒီယိုရဲ့ အရင်းအမြစ်များ တိုးတက်လာခဲ့ပါတယ်။

အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှုကို ကျယ်ပြန့်စေဖို့အတွက် ကုမ္ပဏီအသစ်တစ်ခု ခေါ်ယူခြင်းဟာ အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်မှာ သေချာပါတယ်။ Baby ဟာ Jia Shikai ရဲ့ ကုမ္ပဏီ ဖြစ်တဲ့ Yuekai Entertainment မှာ လက်မှတ်ရေးထိုးခဲ့တာဟာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအသစ်ရဲ့ Baby အတွက် ပူးပေါင်းမှု လက်ဆောင်များအနေနဲ့ Ren Jialun နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ခေတ်သစ်ဇာတ်လမ်းတွဲ “Twilight Covenant” နဲ့ “Fox Spirit Matchmaker” တို့လည်း ဆက်လက် ဖန်တီးဖို့ ရှိနေပါတယ်။

ပရိတ်သတ်တွေ အကြိုက်ဆုံးတွေထဲက တစ်ခုဖြစ်တဲ့ “Skyscrapers” ဇာတ်လမ်းတွဲမှာလည်း Baby ရဲ့ သရုပ်ဆောင်မှု စွမ်းရည်ကို မြင်တွေ့ခဲ့ကြရမှာ သေချာပါတယ်။ ဇာတ်လမ်းတွဲကို လေးနက်စေခဲ့တဲ့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေကပဲ ပရိတ်သတ် အကြိုက်ဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ယခု ပူးပေါင်းမှု အသစ်ဟာလည်း Baby အတွက် အခွင့်အရေးတွေကို ပိုမိုယူဆောင် လာပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Baby နဲ့ Yuekai တို့ ပျော်ရွှင်စွာ ပူးပေါင်း ဆောင်ရွက်ကြပြီး ပရိတ်သတ်များကလည်း Angelababy ရဲ့ နောက်ထပ် လက်ရာများကို စောင့်မျှော်နေမယ်လို့ မျှော်လင့်ပါတယ်။

Written : Nair Nair
Source : Yuekai
Photos : Yuekai