Celebrity News

မိဘကို ကျေးဇူးဆပ်တဲ့ သမီးလိမ္မာလေးကြောင့် ပီတီမျက်ရည်ဝဲခဲ့တဲ့ Lisa မေမေ

BLACKPINK အဖွဲ့ဝင် Lisa ရဲ့ solo album ထွက်မယ်ဆိုပြီး သတင်းစထွက်ခဲ့တာ ဒီနှစ်လယ်လောက်ထဲကပါ။ ဒါပေမဲ့ လပေါင်းများစွာ ကြာပြီးမှ album က ထွက်ခဲ့ပါတယ်။ ထိုalbum ထွက်ဖို့ စိတ်ရှည်ရှည်စောင့်ဆိုင်းနေရသူတွေထဲမှာ စိတ်မောလူမောဖြစ်ဆုံးနဲ့ ပီတိအဖြစ်ဆုံးသူကတော့ Lisa ရဲ့ မေမေပါ။

MV ထွက်မဲ့နေ့မှာ Lisa မေမေဟာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တူတူ Live စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါကို Lisa ရဲ့ သူငယ်ချင်းတစ်ယောက်က reaction video ဆိုပြီး YouTube မှာတင်ခဲ့ပါတယ်။ ထို video ကို Lisa ကလည်း ပြန်ကြည့်ခဲ့ပြီး သူမမေမေ ငိုနေတာကို တွေ့သွားခဲ့ပါတယ်။

ထိုအကြောင်းတွေကို Lisa က “Zach Sang Show” မှာ ခုလိုပြောပြခဲ့ပါတယ်။ “ကျွန်မသူငယ်ချင်း YouTube channel မှာ “Lalisa”MV ကို reaction လုပ်ထားတဲ့ video တင်ထားတာ တွေ့ခဲ့တယ်။ ထို video ထဲမှာ မေမေက ဘာစကားမှ သိပ်မပြောဘဲ ငိုနေတာကို တွေ့လိုက်ရတယ်။

ကျွန်မကတော့ “အမေ… ဘာလို့ ငိုနေပါလိမ့်?” ဆိုပြီး ဖြစ်သွားတာပေါ့။ အမေက​ “ဘာမှ မဖြစ်ဖူး… ဒီတိုင်းပါဘဲ… ဒီလိုဘဲဖြစ်သွားတာ” ဆိုပြီး ပြန်ဖြေတယ်။ “မေမေကလေ ကျွန်မ solo comeback အတွက် အကြာကြီးစောင့်ခဲ့ရရှာတာ… ဒါကြောင့် ဝမ်းသာမျက်ရည်တွေ ကျတာ မထိန်းနိုင်ဖူး ထင်ပါတယ်”

Lisa မေမေဟာ ခုလို သူမ သမီးရဲ့အောင်မြင်မှုအတွက် ငိုခဲ့ဖူးသလို သမီးလေးရဲ့ ကျေးဇူးသိတတ်မှုကြောင့်လည်း ငိုခဲ့ဖူးပါတယ်။ အရင်လက Lisa ဟာ အမေနဲ့ ပြင်သစ်မှာ Date ခဲ့ပါတယ်။ Shopping လည်းတူတူထွက်ခဲ့ပြီး ထိုခရီးမှာ Lisa က သူမပိုက်ဆံနဲ့ အကုန်ဝယ်ပေးခဲ့တာကြောင့် အမေက ငိုခဲ့တာဖြစ်ပါတယ်။ ထိုအကြောင်းကို Lisa က show မှာ ခုလိုပြောပြခဲ့ပါတယ်။

“မေမေနဲ့ shopping တူတူထွက်ခဲ့ပြီး လက်ဆောင်တွေလည်း ဝယ်ပေးခဲ့တယ်။ အာ့မှာ အမေက စငိုတော့တာပါဘဲ။ “Oh… Lisa … မေမေ ဒီလိုမျိုးလုံးဝမမျှော်လင့်ထားဘူး” ဆိုပြီး လည်း ကျွန်မကိုပြောခဲ့တယ်”

Lisa ဟာ ထို show မှာ သူမဟာ မိသားစုနဲ့ ကြောင်လေးတွေနဲ့ ဘဝကို ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းချင်ကြောင်းလည်း ပြောပြခဲ့ပါတယ်။ မေမေကို ကျေးဇူးဆပ်တဲ့သားသမီးမို့လို့လည်း Lisa အရမ်းအောင်မြင်နေတာ ဖြစ်ပါလိမ့်မယ်နော်။

Source: Koreaboo
Written : Violet
Photo Credit: Lisa Instagram