Celebrity News

ပထမဆုံး တကိုယ်တော် online concert လုပ်တော့မဲ့ EXO အဖွဲ့ဝင် Kai

EXO အဖွဲ့ဝင် Kai ဟာ မနှစ်က November မှာ ပထမဆုံး solo mini album “Mmmh” နဲ့ Soloist အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ ဒီနှစ် November လ 31 ရက်နေ့ မှာလည်း ဒုတိယ solo mini album “Peaches” နဲ့ comeback တော့မှာပါ။

ဒါကြောင့် Kai ဟာ solo album 2 ချပ်တောင် ရှိသွားပြီမို့ တကိုယ်တော် concert လုပ်ရင် လုပ်လို့ရနိုင်တဲ့ အခြေအနေပါ။ ဒီနေ့မနက်ခင်းမှာဘဲ SM Entertainment က December လ ရောက်ရင်Kai ရဲ့ Solo concert ကို လုပ်သွားမယ်လို့ ပရိတ်သတ်တွေကို surprise တိုက်ခဲ့ပါတယ်။

Online ကနေဘဲ လုပ်မှာဖြစ်ပြီး တကမ္ဘာလုံးက ပရိတ်သတ်တွေ တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ။ Concert နာမည်ကတော့ “Beyond Live# Cinema- KAI : KLoor” ဖြစ်ပါတယ်။ Naver V live ရဲ့ Beyond live channel ကနေ ကြည့်ရှုရမှာဖြစ်ပြီး ပြသမဲ့နေ့ကတော့ December 12 ရက်နေ့ ညနေ ၃ နာရီ (KST) ဖြစ်ပါတယ်။

ဒီ concert မှာ Kai ရဲ့ သီချင်းတွေ၊ အနုပညာပြောင်မြောက်တဲ့ Performance တွေ၊ concept video တွေကို တဝကြီးကြည့်ရှုနိုင်မှာမို့ EXO L တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ show လေးပါနော်။ Concert ticket ကိုတော့ December 1 ရက်နေ့ 3pm ကနေ စတင်ဝယ်ယူရမှာ ဖြစ်ပါတယ်။

Source: SM Entertainment
Photocredit: SM entertainment official website
Written: Violet