Celebrity News

Chanel Ambassador ဆိုပေမဲ့ သူငယ်ချင်းတွေကို Gucci gift set မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ Jennie

YG ကဆိုတာနဲ့ idol ​တွေ အနုပညာရှင်တွေသာမက dancers ​တွေကိုပါ လူထုက အာရုံစိုက်ကြပါတယ်။ Dancers တွေထဲမှာဆိုရင် အမြွှာညီအကိုဖြစ်တဲ့ Kwon Young Deuk နဲ့ Kwon Young Don တို့က ပိုလူသိများပါတယ်။ top-notch choreography ကကွက်ကို အထူးကျွမ်းပြီး model တစ်ယောက်လို အရပ်အမောင်း၊ ယောကျာ်းပီသတဲ့ ရုပ်ရည် ပိုင်ဆိုင်ထားတာကြောင့် fan တွေ သည်းသည်းလှုပ်နေတာပါ။

ဒါ့အပြင် ထိုညီအကိုဟာ BLACKPINK အဖွဲ့ဝင် 4 ယောက်လုံးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် အားလုံးက သတိထားလာမိကြပါတယ်။ Jennie ဆို မကြာသေးခင်က ကျင်းပခဲ့တဲ့ သူတို့ညီအကိုရဲ့မွေးနေ့မှာ birthday လက်ဆောင် Gucci gift set တွေပေးခဲ့ပါတယ်။

Young Don က Instagram story မှာ ထို gift set ပုံကို တင်ခဲ့တာဖြစ်ပြီး Jennie ကိုပါ tag တွဲထားပါတယ်။ တခြားပြဿနာမရှိပေမဲ့ Jennie လို Chanel Global Brand Ambassador က လက်ဆောင်ကို Gucci တံဆိပ်ပေးခဲ့တာကြောင့် K netizen တွေကြား ပွက်လောရိုက်ခဲ့ပါတယ်။

တချို့ drama ခင်းတဲ့ K netizen တွေဆို Jennie က Chanel နဲ့ လက်တွဲဖြုတ်တော့မှာလား ဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။ Jennie ရဲ့ ပရိတ်သတ်တွေကတော့ Chanel နဲ့ ဆက်လုပ်သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ ကိစ္စမရှိဖူးလို့ ပြောနေကြပါတယ်။ အကြောင်းက Jennie ရဲ့ style ကိုက flexible ဖြစ်လို့ပါဘဲ။

သူမရဲ့ ကိုယ်ပိုင် Fashion style ကိုသာ အလေးထားပြီး Brand စွဲမရှိလို့ပါ။ ဒါကြောင့်လည်း Jennie က Chanel အပြင် Jacquemus, Alaia, Reformation, Nieeh, Alessandra Rich အစရှိတဲ့ brand တွေကို တွဲစပ်ပြီး လိုက်ဖက်အောင် သူမစိတ်ကြိုက် ဝတ်နေတာ ဖြစ်ပါတယ်။

Jennie ဟာ “Human Chanel” လို့ တင်စားခေါ်ဝေါ်မခံရခင်က “Gucci” outfit တွေနဲ့ ပနံသင့်ဖူးပါတယ်။ ထူးခြားပြီး အထက်တန်းဆန်တဲ့ သူမရဲ့ကိုယ်ရောင်ကိုယ်ဝါကြောင့် Gucci outfit တွေဝတ်လိုက်တိုင်း လူတွေ မျက်စိကျစရာဖြစ်ခဲ့တာပါ။ သူမ တခါဝတ်ဖူးတဲ့ Gucci တံဆိပ်ဘအနီရောင်ဖဲပြားဆိုရင် “Jennie’s bow” ဆိုပြီး နာမည်ကြီးသွားကာ Korea မှာ ခေတ်အစားဆုံး accessories ဖြစ်ခဲ့ပါတယ်။

ခု တစ်ခေါက် Kwon အမြွာအညီအကို ကို Gucci gift set ပေးခဲ့တဲ့ ဖြစ်ရပ်မှာဆို ထိုညီအကိုဟာ Gucci x Balenciaga collaboration project မှာ ပါဝင်နေတဲ့အတွက် Jennie က chanel မပေးဘဲ Gucci လက်ဆောင်ပေးတာ ဖြစ်ပါလိမ့်မယ်။ အမြွာလေးတွေရဲ့ အကြိုက်ဆုံး Brand ကို လက်ဆောင်ပေးတာ ဘာပြဿနာမှ မရှိပေမဲ့ K netizen တွေကတော့ ထုံးစံအတိုင်း Drama ခင်းခဲ့ပြန်ပါပြီ ပရိတ်သတ်ကြီးရေ

Source: Kbizoom
Written: Violet