Celebrity News

သရုပ်​ဆောင်​နယ်ပယ်ထဲကို စတင်​ခြေချရာမှာ ကံမ​ကောင်းမှု​တွေကို ​တွေ့ကြုံခဲ့ရတဲ့ idol (၄) ဦး

သီချင်းဆိုတာနဲ့ ကတာတင်မကပဲ ​မော်ဒယ်လုပ်တာ၊ MC လုပ်တာနဲ့ သရုပ်​ဆောင်​တွေမှာပါ ထူးချွန်တဲ့ K-Pop idol များစွာရှိပါတယ်။ အခု​နောက်ပိုင်းမှာဆိုရင် သရုပ်​ဆောင်​လောကထဲမှာ idol ​တွေကို ပိုပြီး တွင်တွင်ကျယ်ကျယ် မြင်​တွေ့လာရပါတယ်။

လက်ရှိ K-drama ​လောကမှာ ​နာမည်ကြီး​နေတဲ့ Cha Eun Woo, Park Hyung Sik, Ok Taecyeon, Jinyoung, IU, Suzy, Yoona, Hyeri တို့ဟာဆိုရင်လည်း K-Pop idol ​တွေပဲ ဖြစ်ပါတယ်။ ဒါ​ပေမဲ့ idol အဖြစ်က​​နေ သရုပ်​ဆောင်​လောကကို စတင်ခြေချရာမှာ ကံမကောင်းခဲ့တဲ့ idol ​တွေလည်း ရှိပါတယ်။ အဲ့ဒီ idol ​တွေက​တော့

1. Irene (RED VELVET)

Irene ဟာ နတ်သမီး​လေးတစ်ပါးလို လှပတဲ့ ရုပ်ရည်နဲ့ အရှိန်အဝါတို့​ကြောင့် K-Pop ​လောကမှာ မသိသူမရှိတဲ့ visual တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ကိုရီးယားရဲ့ အလှအပစံချိန်​တွေအရ ရုပ်ရှင်မင်းသမီးတစ်​ယောက်လို အသွင်အပြင်မျိုးကို ပိုင်ဆိုင်ထားတာ​ကြောင့် ပရိသတ်​တွေဟာ Irene ကို ရုပ်ရှင်​တွေ၊ drama ​တွေရိုက်ဖို့ အမြဲ​​မျှော်လင့်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Irene ဟာ ပရိသတ်​တွေ ​မျှော်လင့်ထားသလို “Double Patty” ဆိုတဲ့ ရုပ်ရှင်ကားမှာ ​ခေါင်း​ဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါ​ပေမဲ့ “Double Patty” ဇာတ်ကားကို ရိုက်ကူးပြီးလို့ ဇာတ်ကား ထွက်ရှိခါနီးမှာပဲ Irene ဆီကို ကံဆိုးမှုက ​ရောက်လာခဲ့ပါတယ်။ သူမရဲ့ အကျင့်စရိုက်၊ ဝန်ထမ်း​တွေကို ဆက်ဆံပုံနဲ့ ပတ်သက်လို့ စွပ်စွဲချက်​တွေ ထွက်​ပေါ်လာခဲ့တာ​ကြောင့် အနုပညာအလုပ်​တွေက​နေ ခဏရပ်နားလိုက်ရသလို ဇာတ်ကားပြသဖို့ကိုလည်း ​နောက်ဆုတ်ခဲ့ရပါတယ်။ ​နောက်ပိုင်းမှာ​တော့ အဖြစ်မှန် ​ပေါ်ထွက်လာကာ ​ကောလဟာလ​တွေလည်း ပ​ပျောက်သွားခဲ့ပြီး “Double Patty” ဇာတ်ကားလည်း ​အောင်​အောင်မြင်မြင် ထွက်ရှိလာခဲ့ပါတယ်။ ပရိသတ်​တွေဆီကလည်း ​ကောင်းမွန်တဲ့ တုံ့ပြန်ချက်ကို ရရှိခဲ့ပါတယ်။

2. Kim Yohan (WEi, X1)

Kim Yohan က​တော့ ပွဲဦးထွက်စဉ်ကစလို့ ကံဆိုးမှု​တွေကို ဆက်တိုက်ကြုံ​တွေ့ခဲ့တဲ့အတွက် သနားစရာအ​ကောင်းဆုံး K-Pop Idol လို့​တောင် ဆိုရမှာပါ။ သူဟာ “Produce X 101” အစီအစဉ်က​နေတစ်ဆင့် X1 အဖွဲ့ရဲ့ center အဖြစ် ပွဲဦးထွက်ခွင့်ရခဲ့တာ​ကြောင့် ​သူ့ရဲ့ ဘဝ​လေးက အောင်မြင်လာ​တော့မယ်လို့ထင်ခဲ့​ပေမဲ့ album တစ်ခုထွက်ပြီး​နောက်မှာပဲ အဖွဲ့ကို ဖျက်သိမ်းခံခဲ့ရပါတယ်။ အဲ့ဒီ​နောက်မှာ ပရိသတ်​တွေ ​မျှော်လင့်​ထားတဲ့အတိုင်း Kim Yohan ဟာ “School 2020” မှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်ဖို့ အတည်ပြုခဲ့ပါတယ်။

ဒါ​ပေမဲ့ ရိုက်ကူး​ရေးနီးလာ​တော့မှ ​ခေါင်း​ဆောင်မင်းသမီးက ပရိုဂျူဆာနဲ့ ပြဿနာတက်ပြီး ရုတ်တရက် နုတ်ထွက်သွားခဲ့တာ​​ကြောင့် ပရိသတ်​တွေကလည်း ဒီ drama ကို စိတ်မဝင်စားကြ​တော့သလို ​နောက်ဆုံးမှာ KBS ကလည်း “School 2020” drama ကို ဖျက်သိမ်း​လိုက်ကြောင်း ​ကြေငြာခဲ့ပါတယ်။ ထို့​နောက် သူဟာ “A Love So Beautiful” (Korean version) ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ အခွင့်အ​​ရေး ထပ်မံရရှိခဲ့ပြန်ပါတယ်။ သို့​​သော်လည်း ဇာတ်လမ်းထုတ်လွှင့်ပြသချိန်မှာ သရုပ်​ဆောင်မ​ကောင်းလို့ဆိုပြီး ​ဝေဖန်ပြစ်တင်ခံခဲ့ရပြန်ပါ​သေးတယ်။

3. Jaehyun (NCT)

Jaehyun ဟာ NCT အဖွဲ့ထဲမှာ ပရိသတ်​တော်​တော်များများရှိတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဒါ​ကြောင့် Jaehyun တစ်​ယောက် “Dear.M” ဇာတ်လမ်းတွဲမှာ ပါဝင်မယ်ဆိုတဲ့ သတင်းက ပရိသတ်​တွေကို ​ပျော်ရွှင်စိတ်လှုပ်ရှား​စေခဲ့ပါတယ်။ သို့​သော်လည်း ဇာတ်လမ်းထုတ်လွှင့်ခါနီးမှာ ကံဆိုး​မိုး​မှောင်ကျခဲ့ပြန်ပါတယ်။ ​ခေါင်း​ဆောင်မင်းသမီးရဲ့ အနိုင်ကျင့်တဲ့ သတင်း ထွက်​ပေါ်လာခဲ့တာ​ကြောင့် ဇာတ်လမ်းပြသဖို့ကို ရက်အကန့်အသတ်မရှိ ​ရွှေ့ဆိုင်းလိုက်ရတာပါ။

ဘယ်​အချိန်မှ ပြသမလဲဆိုတာကိုလည်း မသိရတာ​ကြောင့် Jaehyun ရဲ့ ပထမဆုံး drama ​လေးဟာ ရလဒ်မ​ကောင်းခဲ့ပါဘူး။ ဒါ​ပေမဲ့ မကြာ​သေးခင်ကမှ Jaehyun ဟာ “Bungee Jumping Of Their Own” ရုပ်ရှင်ကားရဲ့ remake ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်​ဆောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ bl ပုံစံဖြစ်တာ​ကြောင့် မိန်းက​လေးပရိသတ်​တွေရဲ့ ​စိတ်ဝင်စားမှုကိုလည်း တစ်ခဲနက်ရရှိ​နေပါတယ်။

4. Nancy (MOMOLAND)

​သွေး​နှောတစ်​​ယောက်ဖြစ်တဲ့ Nancy ဟာ ထူးခြားတဲ့အလှနဲ့ ဆွဲ​ဆောင်မှု​ကြောင့် စင်​ပေါ်မှာဆို အမြဲတမ်း ထင်​ပေါ်​နေတတ်ပြီး ပရိသတ်​တွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်​​လေ့ရှိပါတယ်။ သူမဟာလည်း သရုပ်​ဆောင်နယ်ပယ်ကို ​ခြေချခဲ့ဖူးတယ်ဆိုတာ ပရိသတ်​တွေက သိပ်မသိကြပါဘူး။ Nancy ဟာ “Dae Jang Geum Is Watching” ဆိုတဲ့ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်​ဆောင်အဖြစ် ပါဝင်ပြီး သူမရဲ့ ပထမဆုံး ဇာတ်ရုပ်ကို စတင်ခဲ့ပါတယ်။ ဒါ​ပေမဲ့လည်း သရုပ်​ဆောင်ညံ့ချင်းတယ်ဆိုပြီး ​ဝေဖန်ပြစ်တင်ခံခဲ့ရပါတယ်။

အဲ့ဒီ​နောက်မှာ​​တော့ Nancy ဟာ “Blue Student Council” ဆိုတဲ့ ဂျပန်​ကျောင်းသားဇာတ်ကားနဲ့ ဖိလစ်ပိုင်ဇာတ်ကား​တစ်ခုမှာ ပါဝင်ဖို့ အခွင့်အ​ရေးရခဲ့​ပေမဲ့ ကိုဗစ်ကပ်​​ရောဂါ​ကြောင့် ဇာတ်ကား၂ ခုလုံးရဲ့ ရိုက်ကူးထုတ်လုပ်​​ရေး​တွေက ကြန့်ကြာလျက်ရှိ​နေပါတယ်။

Source : Kbizoom
Photo : Instagram, Pinterest
Written : ZL