Celebrity News

ငယ်စဉ်ကရှိခဲ့ပေမဲ့ အသက်ကြီးလာတော့ ဘယ်လိုမှပြန်မရတော့တဲ့အရာအား ဖော်ပြခဲ့သူလေး IU

IU ကတော့ စကားပြောရင် ပွင့်လင်းတဲ့ကောင်မလေးတစ်ယောက်ပါ။ အရှိကိုအရှိအတိုင်းပြောတတ်သူလေးဖြစ်တာကြောင့် ဟန်ဆောင်ခြင်း ကင်းမဲ့လှပါတယ်။ ELLE KOREA နဲ့ အင်တာဗျူးမှာပဲ IU က သူမရဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုကို ဖောက်သည်ချခဲ့ပါတယ်။ ငယ်စဉ်က ထိုအရာကြောင့် စိတ်သောကဖြစ်ခဲ့ရပေမဲ့ အသက်ကြီးလာတဲ့အခါမှ ဘယ်လိုမှ ပြန်မရတော့တဲ့အကြောင်းကိုပါ ပြောပြခဲ့တာပါ။

IU ပြောခဲ့တဲ့အခါကတော့ သူမရဲ့ပါးဖောင်းဖောင်းလေးတွေအကြောင်းပါပဲ။ “ကျွန်မက နောင်နှစ်ဆိုရင် ထိပ်စည်းပြောင်းပါပြီ။ ပြောင်းလဲသွားတဲ့အရာတွေမှ အများကြီးပဲ။ အသိသာဆုံးတစ်ခုကတော့ ကျွန်မရဲ့ ပါးဖောင်းဖောင်းတွေ မရှိတော့ပါဘူး။ ငယ်ငယ်တုန်းကဆိုရင် ဘော်ဒီဝိတ်သာ ကျရင်ကျလိုက်မယ်.. ပါးကတော့ အဖောင်းမပြတ်ဘူး။ ဘယ်လိုလုပ်လုပ်ကို ဖောင်းကားနေတာပဲ။

အဲ့တုန်းကတော့ တကယ်စိတ်ရှုပ်ရတာပေါ့။ ခုချိန်မှာကျတော့ အံ့ဩစရာပဲ။ ဝိတ်ဘယ်လောက်တက်တက်.. ပါးက ဖောင်းမလာတော့ဘူး။ ကျွန်မအထင်.. မျက်နှာမဖောလာတော့တဲ့ အသက်အရွယ်များရောက်လာလို့များလား? မျက်နှာမှာ ဖောလာတာ၊ ဖောင်းလာတာလည်းမရှိတော့… wow, ငါ တကယ်ကြီးကို ပြောင်းလဲသွားတာပဲ နဲ့တောင် တွေးမိသေးတယ်။

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုကြည့်ပြီး တခါတလေ ကြိုက်တယ်။ တခါ‌တလေကျ မကြိုက်ဘူးပေါ့နော်။ တကိုယ်လုံးခြုံကြည့်လိုက်မယ်ဆိုရင်တော့ ဒီလိုပြောင်းလဲသွားတာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အသက် ၂၀ ကာလတွေတုန်းက ပျင်းရိငြီးငွေ့မှုတွေ၊ ကူရာကယ်ရာမဲ့အခြေအနေတွေကလည်း အခုချိန်မှာ တဖြည်းဖြည်းချင်းအဆင်ပြေလာပြီ။ ကျွန်မဘဝရဲ့ စာမျက်နှာသစ်ကို စတင်ရေးသားနေရပြီလို့ ခံစားရပါတယ်။

ပြောင်းလဲမှုတွေကို လက်ခံပြီး ကိုယ့်ကိုကိုယ်ပိုသိအောင် လေ့လာဖို့ အကောင်းဆုံးကြိုးစားရပါဦးမယ်” လို့ ပြောပြခဲ့ပါတော့တယ်။ IU ရဲ့ အနုပညာလမ်းခရီးကတော့ တကယ့်ကို ဒုက္ခ၊သုခ အစုံပါပဲ။ ဒီလိုထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်အောင် တကိုယ်တော်စွမ်းဆောင်ခဲ့ရတဲ့အတွက် IU လေးကတော့ သူမကိုသူမ ချစ်မြတ်နိုးတတ်အောင်ကြိုးစားမယ့်အကြောင်းလည်း မကြာခဏဆိုသလို ပြောနေပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Translated by Ivy