Celebrity News

Fan တွေသာမက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချစ်မြတ်နိုးမှုကို အပြည့်အဝရခဲ့တဲ့ မွေးနေ့ရှင် Prince လေး Chanyeol

ဒီနေ့ November 27 ရက်နေ့ဟာ L တို့ရဲ့ မင်းသားလေး Chanyeollie ရဲ့ 29 နှစ်မြောက် မွေးနေ့လေး ဖြစ်ပါတယ်နော်။ အားလုံးသိတဲ့အတိုင်း Chanyeol ဟာ စစ်မှုထမ်းဆောင်နေရတာပါ။ ပြီးတော့ အရင်လကနေစပြီး ခုလထိ စစ်တပ်က ကြီးမှူးပြုလုပ်တဲ့ musical ပြဇာတ် ”Meisa” ထဲမှာ ခေါင်းဆောင်မင်းသား အဖြစ် သရုပ်ဆောင်ဖျော်ဖြေခွင့် ရခဲ့ပါတယ်။

ဒီ ပြဇာတ်ဟာ UN မှာ တောင်ကိုရီးယားနိုင်ငံပါဝင်ခြင်း နှစ်(၃၀) ပြည့် ကျင်းပတာမို့ ဒီပြဇာတ်မှာ ပါဝင်ခွင့်ရသူတွေဟာ ဂုဏ်ယူစရာအတိပါဘဲ။ Chanyeol ဟာ သူ့တာဝန်အတိုင်း ဒီနေ့မှာလည်း ပြဇာတ် ဖျော်ဖြေခဲ့ပါတယ်။ ပြဇာတ်ကို chanyeol ရဲ့ မေမေကိုယ်တိုင် လာကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ပြဇာတ်ပြီးသွားတော့လည်း တူတူဖျော်ဖြေတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ Chanyeol အတွက် စင်ပေါ်မှာ မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့ကြပါတယ်။

Chanyeol အဖို့တော့ ဒီမွေးနေ့လေးဟာ တသက်မမေ့နိုင်စရာဖြစ်နေမှာပါ။ Chanyeol ကို မွေးထုတ်ပေးခဲ့တဲ့ မားမား Park ဆို ခုလိုသူ့သားလေးက ဘယ်နေရာမှာမဆို အောင်မြင်နေပြီး လူချစ်ခင်လူခင်ပေါများနေတာကို မြင်ရတဲ့အတွက် ဝမ်းသာမျက်ရည်ဝဲနေမယ် ထင်ပါတယ်။

Chanyeol ဘဝရဲ့ အရေးပါဆုံး တစိတ်တပိုင်း ဖြစ်တဲ့ EXO L လေးတွေကလည်း Chanyeol အတွက် ပြဇာတ်ရုံရှေ့မှာ ဂုဏ်ပြုခြင်းစည်းတွေ ကိတ်မုန့်တွေ Balloon တွေ banner တွေနဲ့ စီစဉ်ပေးခဲ့ပါတယ်။ Chanyeol က စင်ပေါ်မတက်ခင် ထိုနေရာသို့သွားပြီး သေချာကြည့်ရှုကာ မှတ်တမ်းတင် ဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ပါတယ်လို့ မြင်လိုက်ရတဲ့ L လေးတွေက SNS မှာ ပြန်ပြောထားကြပါတယ်။

ပြီးတော့ Banner ပေါ်မှာ “My meissia is You” “ကျေးဇူးတင်ပါတယ်… အကုန်လုံးကို ချစ်တယ်” လို့ Fan တွေအတွက် ရေးပေးခဲ့ပါတယ်တဲ့။ ညနေ ရောက်တော့ Instagram story မှာ Chanyeol က ပုံလေးတွေ ဆက်တိုက်တင်ပေးခဲ့ပါတယ်။

ထိုပုံတွေမှာ လူကောင်သာကြီးပေမဲ့ စိတ်နှလုံးနွေးထွေးပြီး ကလေးလိုမျိုး ချစ်ဖို့ကောင်းတဲ့ ပုံရိပ်တွေ ထင်ဟပ်နေပါတယ်။ L တွေပေးထားတဲ့ Giant Baby ဆိုတဲ့ nickname နဲ့ တကယ်လိုက်ဖက်ပါပေတယ်။ Asia Cele Bar page ကလည်း “EXO အဖွဲ့ဝင် Chanyeol ရှေ့ဆက်ရမဲ့ ဘဝခရီးလမ်းမှာ ကျန်းကျန်းမာပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရပါစေ” လို့ ဆုတောင်းပေးလိုက်ပါတယ်နော်….

Source: Twitter
Photo Credit: @realpcy IG acc
Written: Violet