Celebrity News

SM နဲ့ ရှေ့ဆက်လက်တွဲဖို့ သေချာရေရာမှုမရှိတော့တဲ့ WayV’s WinWin ရဲ့ ရွေးချယ်မှု

NCT/ WayV အဖွဲ့ဝင်ဖြစ်တဲ့ WinWin ကတော့ SM Entertainment နဲ့ ရှေ့ဆက်ဖို့ သေချာမှုမရှိတော့တဲ့ ရွေးချယ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ တရုတ်နိုင်ငံတွင်းအေဂျင်စီဖြစ်တဲ့ YUEKAI Entertainment နဲ့ စာချုပ်ချုပ်ဆိုလိုက်လို့ပါပဲ။ တဖက်မှာတော့ တောင်ကိုရီးယားအေဂျင်စီဖြစ်တဲ့ SM Entertainment နဲ့ကလည်း စာချုပ်သက်တမ်းကုန်ဆုံးခြင်းမရှိသေးပါဘူး။

တရုတ်အဆိုတော် – သရုပ်ဆောင် Liu Yu Ning ဟာ သူ့ရဲ့ Weibo မှ တိုက်ရိုက်ထုတ်လွှင့်ရင်း Winwin နဲ့ YUEKAI Entertainment တို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်းကို ပြောခဲ့တာပါ။ “အကယ်၍များ မင်းအနေနဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ချင်ရင် ငါတို့ရဲ့ Yuekai ကုမ္ပဏီ နဲ့ လက်တွဲသင့်တယ်။ ပြီးတော့လေ မကြာသေးခင်တုန်းက Winwin နဲ့ တွေ့ခဲ့သေးတယ်။

သူလည်း ငါတို့အေဂျင်စီနဲ့ စာချုပ်ချုပ်လိုက်ပြီလေ။ မင်းသားတစ်ဦးအဖြစ် အောင်မြင်မှုရဖို့ ‌အဆင်ပြေချောမွေ့တဲ့လမ်းကြောင်းပေါ်ကို ရောက်လာခဲ့ပြီ။ လက်ရှိ WinWin က ဒါရိုက်တာ Li Mu Ge နဲ့ ဇာတ်လမ်းရိုက်ကူးနေပါတယ်။ WinWin နဲ့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းကတိုင် ‘My Brilliant Masters’ အစီအစဉ်မှာ စပြီး ဆုံဖူးခဲ့ကြတာပါ။

အဲ့နောက်ပိုင်း မတွေ့ဖြစ်ကြတော့ပေမဲ့ အခု ကျွန်တော်တို့ label နဲ့ လက်တွဲလိုက်ပြီဆိုတော့ ရှေ့လျှောက် ကောင်လေးနဲ့ ခဏခဏဆုံဖြစ်ပါတော့မယ်” ဆိုပြီး တိုက်ရိုက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ October 18 ရက်နေ့ကတည်းကတိုင် Winwin ဟာ YUEKAI Entertainment ရဲ့ ပွဲအခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတယ်ဆိုပြီး သတင်းထွက်ခဲ့ဖူးပါသေးတယ်။

လက်ရှိမှာတော့ ပရိသတ်တွေကြားထဲမှာ ဒီစာချုပ်ချုပ်တဲ့ကိစ္စက ဟိုးလေးတကျော်ဖြစ်နေပြီး Winwin က f(x) အဖွဲ့ဝင် Victoria လုပ်သလိုမျိုး စာချုပ် (၂) ခုနဲ့ ရှေ့ဆက်သွားမှာလား? ဒါမှမဟုတ် SM နဲ့ လက်တွဲဖြုတ်ပြီး တရုတ်မှာအခြေချတော့မလား? ဆိုတာကို ဆွေးနွေးပြောဆိုနေကြပါတယ်။

November 16 ရက်နေ့တုန်းက ထွက်ရှိခဲ့တဲ့ NCT ရဲ့ တတိယမြောက် full-album “Universe” အတွက် Teaser ပုံကတည်းကတိုင် Lucas နဲ့ Winwin ကို SM ဖက်ကနေ ဖယ်ထုတ်ထားခဲ့တာကြောင့် နောက်ကွယ်မှာ အခြေအနေဘယ်လိုရှိနေကြမလဲဆိုတာ သေချာမသိရသေးပါဘူး။ Yuekai Entertainment ကတော့ နိုဝင်ဘာလထဲမှာပဲ ထိပ်တန်းမင်းသမီးဖြစ်သူ Angelababy နဲ့ စာချုပ်ချုပ်နိုင်ခဲ့သလို WinWin နဲ့လည်း ထပ်မံချုပ်ဆိုနိုင်ပြီဖြစ်လို့ ရှေ့လျှောက် ကောင်းမွန်တဲ့ဖန်တီးမှုတွေ ချပြနိုင်တော့မှာဖြစ်ပါတယ်။

Source: Allkpop
Photos: Studio Weibo
Translated by Ivy