Celebrity News

ယခုနှစ် AAA ဆု​ပေးပွဲမှာ အ​ဝေးက​နေပဲ ဆု​ယူဖို့ ဆုံးဖြတ်လိုက်တဲ့ မင်းသား Kim Seon Ho

​​”Hometown Cha Cha Cha” မင်းသား Kim Seon Ho ဟာ မဟုတ်မမှန်တဲ့သတင်း​တွေ၊ ပြဿနာ​တွေကို ​ဖြေရှင်းနိုင်ခဲ့ပြီး ပရိသတ်​တွေရဲ့ ချစ်ခင်အား​ပေးမှုကို ပြန်လည်ရရှိ​နေပြီဆို​ပေမဲ့ ၂၀၂၁ ခုနှစ် Asia Artist Awards (AAA) ပွဲကို တက်​​ရောက်သွားမှာမဟုတ်ဘူးလို့ နိုဝင်ဘာလ ၃၀ ရက်​နေ့မှာ ​တောင်ကိုရီးယားသတင်းမီဒီယာ​တွေရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

မင်းသား Kim Seon Ho ရဲ့ ​အေဂျင်စီက တာဝန်ရှိသူတစ်ဦးကလည်း “Kim Seon Ho ဟာ ဆု​ပေးပွဲကို တက်​ရောက်သင့်မသင့်ကို လတ်တ​လောအထိ စဉ်းစား​နေခဲ့ပါတယ်။ ဒါ​ပေမဲ့ ​အချိန်နည်းနည်းစော​နေ​သေးတယ်လို့ ခံစားရတဲ့အတွက် မတက်​ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်”လို့ ​ပြောကြားခဲ့ပါတယ်။

‘Asia Artist Awards (AAA)’ ဆု​ပေးပွဲဟာ တီဗီ၊ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်မှာ ထူးချွန်ပြီး နိုင်ငံတကာမှာ ​အောင်မြင်မှုရရှိ​နေတဲ့ အနုပညာရှင်​တွေကို ဂုဏ်ပြုတဲ့ ဆု​ပေးပွဲဖြစ်ပါတယ်။ မင်းသား Kim Seon Ho က ဒီဆု​ပေးပွဲအတွက် ‘RET Popularity award for Actor’ နဲ့ ‘U+Idol Live Popularity award’ voting ​တွေမှာ အနိုင်ရရှိခဲ့လို့ ဆုရရှိမှာ ဖြစ်​ပေမဲ့လည်း မကြာ​သေးခင်က ဖြစ်​ပေါ်ခဲ့တဲ့ သူ့ရဲ့ ပြဿနာ​တွေ​ကြောင့် မတက်​​ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ နာမည်နဲ့ ဂုဏ်သတင်းကို ပြန်လည်အဖတ်ဆယ်ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်တာ​ကြောင့် ‘Sad Tropics’ ရုပ်ရှင်ကားကြီးကို စီစဉ်ထားတဲ့အတိုင်းရိုက်ကူးသွားမှာဖြစ်ပြီး ဒီဇင်ဘာလမှာ ပြုလုပ်သွားမယ့် ဇာတ်ညွှန်းဖတ်ပွဲကိုလည်း တက်​ရောက်သွားမှာဖြစ်ပါတယ်။

Kim Seon Ho ဟာ ၂၀၂၀ ခုနှစ် AAA ဆု​ပေးပွဲတုန်းကလည်း “Popularity Award for Actor” ဆုနဲ့ “Best Emotive Award for Actor” ဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါ​သေးတယ်။ ၂၀၂၁ ခုနှစ်အတွက် Asia Artist Awards ပွဲကို​တော့ ဒီဇင်ဘာလ ၂ ရက်​နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Koreaboo
Photo : Instagram, Naver
Written : ZL