Chinese Celebrity

Li Yitong နဲ့ Bi Wenjun တို့ အတူတူ Hotel က ထွက်လာတယ်ဆိုတဲ့ Dating ကောလဟာလ

Li Yitong နဲ့ Bi Wenjun တို့ နှစ်ယောက်ရဲ့ တစ်ကြိမ်ထက်မက အတူတူ ရှိနေတဲ့ ဗီဒီယိုကို ပါပါရာဇီတွေက ဖြန့်ခဲ့တဲ့ သတင်းဟာ နိုဝင်ဘာလ (၂) ရက်နေ့မှာ အင်တာနက် သုံးစွဲသူများကြား ရေပန်းစားနေခဲ့ပါတယ်။ သူတို့နှစ်ဦး တွဲဖက်သရုပ်ဆောင်နေတဲ့ ဇာတ်လမ်းတွဲ “Jiu Xiao Han Ye Nuan” ရဲ့ ရိုက်ကူးရေးပြီးသွားတဲ့ စက်တင်ဘာ (၁) ရက်နေ့မှာတုန်းက အဖြစ်အပျက်ကြောင့်ပဲ နှစ်ဦးကြားက ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Li Yitong နဲ့ Bi Wenjun တို့ဟာ စက်တင်ဘာလအစောပိုင်းမှာ သူတို့ရဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးရေးများ ပြီးဆုံးပြီးနောက် တစ်ရက်မှာ Li Yitong ဟာ အလုပ်ပြီးတဲ့နောက် Bi Wenjun ရဲ့ ကားပေါ်ကို တက်သွားတာကို အွန်လိုင်းမီဒီယာ တစ်ခုကနေ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်အတူ ထမင်းစားကြတယ်။

Bi Wenjun က ငွေရှင်းပေးလိုက်တယ်။ နောက်တော့ သူတို့နှစ်ယောက် အတူတူ ကားပေါ်ပြန်တက်သွားတယ်။ အပြန်လမ်းမှာ Bi Wenjun က Li Yitong အတွက် ရေခဲမုန့်ဝယ်ဖို့ ကားကိုရပ်လိုက်တာကိုလည်း မြင်တွေ့ရတယ်လို့ ပါရှိပါတယ်။ နောက်ဆုံးမှာတော့ နှစ်ယောက်သား သီးခြားစီ အိမ်ပြန်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

အွန်လိုင်းမီဒီယာရဲ့ အဆိုအရ Li Yitong နဲ့ Bi Wenjun တို့ကို တူညီတဲ့ ဟိုတယ်မှာ တွေ့ခဲ့ပြီး Li Yitong က ဟိုတယ်ထဲ အရင်ဝင်လာတာကို ပထမဆုံး မြင်တွေ့ခဲ့ရကာ Bi Wenjun က ဟိုတယ်ထဲကို နောက်မှဝင်လာတယ်လို့ ပြောဆိုထားပါတယ်။ Bi Wenjun ကတော့ နောက်တစ်နေ့ နံနက်အထိ ဟိုတယ်က ထွက်လာတာကို မတွေ့ခဲ့ရဘူးလို့လည်း ဆိုပါတယ်။

Li Yitong နဲ့ Bi Wenjun တို့ရဲ့ ချိန်းတွေ့တဲ့ ကောလဟာလ ဗီဒီယိုဟာ အင်တာနက်သုံးစွဲသူများရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး အဆက်မပြတ် ပြောဆိုမှုတွေ ရှိလာခဲ့တာကြောင့် သိပ်မကြာခင်မှာပဲ Li Yitong ရဲ့ စတူဒီယိုနဲ့ Bi Wenjun ရဲ့ အဖွဲ့ဘက်ကနေ ချိန်းတွေ့တဲ့ ကောလာဟလတွေကို ငြင်းဆိုခဲ့ကြပါတယ်။ Li Yitong ရဲ့ စတူဒီယိုက “ဒါဟာ သူငယ်ချင်းတွေရဲ့ ဆုံဆည်းမှုတစ်ခုပါပဲ။

အနုပညာရှင် နှစ်ယောက်လုံးဟာ သီးသန့် သူငယ်ချင်းကောင်းတွေပါ။ နောက်ကနေ တိတ်တဆိတ်လိုက်ပြီး ရိုက်ကူးတဲ့ အပြုအမူ အမျိုးအစား အားလုံးကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ အပြင်က ကောလဟလတွေကို ဂရုမစိုက်ပဲ အားလုံးက အလုပ်ကို ပိုအာရုံစိုက်ပေးဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ Bi Wenjun ရဲ့ အဖွဲ့ ကလည်း “သူငယ်ချင်းတွေကြား သီးသန့် ညစာစားရုံပါပဲ။

အခြားသူငယ်ချင်းကောင်းတွေလည်း အတူတူ တက်ရောက်ခဲ့ကြတာပါ။ အင်တာနက်သုံးစွဲ သူများအနေနဲ့ ကောလဟာလတွေကို ဆက်မဖြန့်ကြဖို့ မျှော်လင့်ပါတယ်။ Mr. Bi Wenjun ဟာ သူရဲ့ အလုပ်အတွက်သာ အာရုံစိုက်ထားပြီး လက်ရှိမှာ ဇာတ်လမ်းတွဲ အသစ်တစ်ခု ရိုက်ကူးနေပါတယ်။ အနာဂတ်မှာလည်း ဒီ့ထက်ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေကို တင်ပြနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားပြီး နှစ်ဖက်စလုံးက ဒီကောလဟာလကို ငြင်းပယ်ခဲ့ကြပါတယ်။

Written : Nair Nair
Source : 三八姐姐
Photos : 三八姐姐