Chinese Celebrity

အမိုက်စား စတူဒီယို ရုံးခန်းများကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း အနုပညာရှင်များ

ယခုနောက်ပိုင်းမှာ ချိုင်းနား ဖျော်ဖြေရေးလောကထဲက နာမည်ကြီးတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုတွေကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက် ကိုယ်ပိုင် စတူဒီယိုဖွင့်ဖို့ ရွေးချယ်လာကြပါတယ်။ သူတို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အရည်အချင်းတွေ အောက်က သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကလည်း တကယ်ကို ခမ်းနားလှပါတယ်။

Huang Zitao

ဖခင်ကွယ်လွန်ပြီးနောက် ပိုင်ဆိုင်မှု ယွမ်ငွေ ဘီလီယံ (၂၀) ကို အမွေဆက်ခံခဲ့တဲ့ EXO အဖွဲ့ဝင်ဟောင်း Huang Zitao ဟာ သူ့ရဲ့ ကုမ္ပဏီ Stellar System Group ကို ယခုနှစ် အစောပိုင်းမှာ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ကုမ္ပဏီ အသစ်အောက်မှာ ရုပ်ရှင်များ၊ ရုပ်မြင်သံကြား Show များနဲ့ Reality အစီအစဉ်များဆီကို အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ Zitao ရဲ့ ရုံးခန်းဓာတ်ပုံများကတော့ လုံလောက်တဲ့ သဘာဝအလင်းရောင်များနဲ့ ခေတ်မီပြီး သေးငယ်တဲ့ စတိုင်ကို ဖော်ဆောင်ထားပါတယ်။

Jackson Wang

တောင်ကိုရီးယားမှာ ကျော်ကြားမှုတွေ ရရှိပြီးတဲ့နောက် GOT7 အဖွဲ့ဝင် Jackson Wang ရဲ့ အနုပညာ လုပ်ငန်းတွေဟာ နိုင်ငံတကာမှာလည်း အလွန်ကောင်းမွန်လျက်ရှိပါတယ်။ သူ့ရဲ့ စတူဒီယို TEAM WANG ကို လွန်ခဲ့သော လေးနှစ်က ဖွင့်လှစ်ခဲ့ပြီး Jackson ဟာ မကြာသေးမီက RYCE Entertainment နဲ့ ပူးပေါင်းကြောင်း ကြေညာခဲ့ပါတယ်။ သူ့ရဲ့ ရုံးခန်းကို ပိုမိုကြီးမားပြီး ပိုမိုကောင်းမွန်တဲ့ အဆောက်အဦး တစ်ခုအဖြစ် တိုးချဲ့လုပ်ကိုင်ဖို့ မအားလပ်နိုင်အောင် အလုပ်တွေ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Liu Wen

ချိုင်းနားရဲ့ထိပ်တန်း စူပါမော်ဒယ် Liu Wen ဟာ Zhejiang ၊ Ningbo မှာ တည်ထောင်ထားတဲ့ စတူဒီယို တစ်ခုရှိပါတယ်။ အသက် (၃၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူ့ရဲ့ အံ့ဩဖွယ် ဂုဏ်ကျက်သရေဟာ ဧည့်ခန်းကျယ် ကျယ်ကျယ်ဝန်းနဲ့ ရုံးခန်းကိုတောင် ထင်ဟပ်နေသယောင် ခံစားမိစေပါတယ်။

Shawn Yue

Shawn Yue ရဲ့ ရုံးခန်းဟာ သစ်သား သင်္ကေတတွေကို ဖန်တီးထားပြီး အော်ဂဲနစ်နဲ့ သဘာဝဒြပ်စင်များကို ပေါင်းစပ်ခြင်းဖြင့် အချိန်တွေ ရပ်တန့်သွားစေနိုင်အောင် ဆွဲဆောင်မှုရှိတယ်လို့ ပြောဆိုနေကြပါတယ်။

Yang Mi

(၂၀၁၃) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး Yang Mi အနေနဲ့ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားတဲ့ ပေကျင်းရှိ Jaywalk Studio ဟာ အာကာသရဲ့ အငွေ့အသက်တွေနဲ့အတူ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Dilireba Dilmurat၊ Gao Weigang၊ Zhang Binbin နဲ့ အခြားသူများအပါအဝင် ၎င်းရဲ့ နာမည်ကြီး အနုပညာရှင်များ ဆုရရှိထားတဲ့ ဓာတ်ပုံများနဲ့ ဆုများကို အသုံးပြုကာ ရုံးခန်းကို အလှဆင်ထားပါသေးတယ်။

Huang Xiaoming

Huang Xiaoming ဟာ သူ့ရဲ့ ရုံးခန်းနံရံမှာ မြင်သာအောင် ချိတ်ဆွဲထားတဲ့ Batman နဲ့ Hulk ရုပ်ပြများ အပါအဝင် သူ့ရဲ့ အကြိုက်ဆုံး ကာတွန်းများမှ စုဆောင်းထားတဲ့ ပစ္စည်းများကို ထည့်သွင်းကာ ရုံးရဲ့ နေရာတွေကို အသက်သွင်းထားပါတယ်။ အစောပိုင်းက Variety Show တစ်ခုမှာလည်း သူ့ရဲ့ ရုံးခန်းကို လှည့်လည်ကြည့်ရှုခွင့် ပေးခဲ့ပါသေးတယ်။

Fan Bingbing

ထိပ်တန်း နာမည်ကျော် မင်းသမီးချော Fan Bingbing ရဲ့ ရုံးခန်းဟာ ပုံစံထက် ထိရောက်မှုကို အလေးပေး ထားတာကြောင့် ခေတ်ဟောင်းစတိုင်ကိုသာ သပ်ရပ်စွာ အလှဆင်ထားပါတယ်။

Written : Nair Nair
Source : HK01
Photos : Jyne