Chinese Celebrity

ပျော်ရွှင်ဖွယ် မွေးနေ့ LIVE လေးမှာ Anti Fan တွေ နှောင့်ယှက်တာ ခံခဲ့ရတဲ့ Zhao Lusi

နိုင်ငံအသီးသီးမှာရှိတဲ့ ဖျော်ဖြေရေးလောကရဲ့ ကြယ်ပွင့်တွေမှာ ချစ်သူခင်သူများ ရှိနေရုံတင်မကပဲ အကြောင်းအရင်းမဲ့စွာ အမြင်မကြည်မှုတွေကိုလည်း ကြုံတွေ့ကြရပါတယ်။ ချိုင်းနားရဲ့ ဖျော်ဖြေလောကထဲက အနုပညာရှင် တွေကတော့ ပစ်မှတ်ထားခံရမှု အများဆုံးနဲ့ Anti Fan တွေရဲ့ နှောင့်ယှက်ခံရမှု အမြင့်ဆုံး ကြယ်ပွင့်တွေလို့တောင် ဆိုရမလိုအထိ ပြစ်တင်ဝေဖန်မှုတွေနဲ့ ကျဉ်းကျပ်လွန်းနေတာကို တွေ့ရပါတယ်။

Anti Fan တွေရဲ့ နှောင့်ယှက်မှုတွေဟာ သာမာန်ကိစ္စလို ဖြစ်နေပေမယ့် အနုပညာရှင်များ ဘက်ကလည်း မတူညီတဲ့ တုံ့ပြန်မှုတွေ ရှိတတ်ကြပါတယ်။ အချို့သော နာမည်ကြီးများက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခံနိုင်ရည်ရှိဖို့ကို ရွေးချယ်ကြပြီး အချို့သော နာမည်ကြီးများကတော့ တိုက်ရိုက်တုံ့ပြန်ဖို့ ရွေးချယ်ကြပါတယ်။

မကြာသေးမီက Zhao Lusi ရဲ့ မွေးနေ့ LIVE ထုတ်လွှင့်မှုမှာ သူမဟာ သူမကိုချစ်တဲ့ ပရိတ်သတ်တွေနဲ့ တိုက်ရိုက် စကားပြောခဲ့ပါတယ်။ LIVE ထုတ်လွှင့်ရာမှာ Zhao Lusi ဟာ အဖြူရောင်တီရှပ်ကို ၀တ်ဆင်ထားပြီး သူမရဲ့ဆံပင်ကလည်း ရိုးရှင်းစွာ သေသပ်လှပနေပါတယ်။ LIVE ထုတ်လွှင့်မှုဟာ အစမှာတော့ ခံစားချက်ကောင်းတွေ ရရှိနေပြီး သဟဇာတဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ Anti Fan အများအပြား ဝင်ရောက်လာပြီး Zhao Lusi ကို နှောင့်ယှက်တိုက်ခိုက် ခဲ့ကြပါတယ်။

Zhao Lusi ဟာ နူးညံ့တဲ့ မျက်နှာလေးနဲ့ တည်ငြိမ်တဲ့ ပုံစံလေးရှိတာကြောင့် Anti Fan တွေကို လျစ်လျူရှုလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် Zhao Lusi ဟာ သူတို့ကို တည့်တည့်ကြီး ပြန်လည်ချေပခဲ့တာကြောင့် ပရိတ်သတ်တွေ အားရခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကလည်း အလားတူ နှောင့်ယှက်ခံရမှုတွေ ကြုံခဲ့ရတာကြောင့် ယခုတစ်ကြိမ်မှာ Zhao Lusi ဘက်က သည်းမခံနိုင်တော့တာဟာ အံ့သြစရာ ကိစ္စတော့ မဟုတ်ဘူးလို့ ယူဆမိပါတယ်။

Zhao Lusi ဟာ Anti Fan တွေကို တောက်လျှောက်သတိပေးနေပြီး ၎င်းတို့ ပိုမိုပြင်းထန်လာပါက ၎င်းတို့ရဲ့ ID နံပါတ်များကို တိုင်ကြားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အချို့သော အနုပညာရှင်များဟာလည်း အနည်းနဲ့ အများဆိုသလို Anti Fan များရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ကြရပြီး စိတ်ဓာတ်ကျမှု တွေကိုလည်း ခံစားခဲ့ကြရပါတယ်။ သို့ပေမယ့် Zhao Lusi ကဲ့သို့ တိုက်ရိုက်တုံ့ပြန်ရဲတဲ့ သတ္တိရှိသူကတော့ အများအပြား မရှိသေးတာကို တွေ့ရပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu