Chinese Celebrity

၆ နှစ်ကြာသံယောဇဉ်ကို ဖြတ်သိမ်းပြီး ချစ်ရတဲ့အရာတွေအတွက် ရဲဝံ့စွာရှေ့ဆက်သွားမယ့် Yang Zi

ချိုင်းနား ထိပ်တန်းမင်းသမီး Yang Zi ကတော့ နိုဝင်ဘာလ (၁၅) ရက်နေ့မှာပဲ Weibo မှာ ပို့စ်တင်ပြီး Huanrui Ent (H & R Century Pictures ) နဲ့ စာချုပ်သစ် ထပ်မံမချုပ်ဆိုတော့ကြောင်း အသိပေးခဲ့ပါတယ်။ Yang Zi ဟာ Huanrui Ent နဲ့ (၆) နှစ်ကြာ လက်တွဲအလုပ်လုပ်ခဲ့ပြီး အကောင်းအဆိုးမှန်သမျှကို မျှဝေခံစားခဲ့ပါတယ်။

ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းပြည့်သွားပြီးနောက်မှာတော့ Yang Zi ဟာ သူမရဲ့အနုပညာခြေလှမ်းသစ်ကို စတင်ဖို့ဆုံးဖြတ်ခဲ့တာကြောင့် စာချုပ်ကို ရပ်နားခဲ့တာဖြစ်ပါတယ်။ အရာရားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ Yang Zi ဟာ Huanrui Entertainment ကို လိပ်မူပြီး စာလေးတစ်စောင် တင်ခဲ့ပါတော့တယ်။

“(၆)နှစ်တာ ကာလတလျှောက်လုံး အားပေးပံ့ပိုးခဲ့တဲ့ Huanrui Ent မိသားစုအားလုံးကို ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်မယ့်ခရီးလမ်းမှာ တစ်ဦးတည်းလျှောက်လှမ်းရတော့မှာဖြစ်ပေမဲ့ ကြီးမားကောင်းမွန်တဲ့ခြေလှမ်းသစ်တွေနဲ့အတူ ကျွန်မ မြတ်နိုးတန်ဖိုးထားရတဲ့အရာတွေအတွက် ရဲဝံ့ခိုင်မာစွာ ရှေ့ဆက်သွားပါ့မယ်” ဆိုပြီး ရေးသားထားခဲ့ပါတော့တယ်။

Yang Zi ဟာ အနုပညာလမ်းခရီးတလျှောက်လုံး ဝေဖန်တိုက်ခိုက်ခံရမှုတွေ များစွာကြုံတွေ့ခဲ့ရပေမဲ့ Entertainment ရဲ့ အားပေးပံ့ပိုးမှုကြောင့် အရာရာတိုင်းကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပါတယ်။ (၆) နှစ်တာ လက်တွဲအလုပ်လုပ်ခဲ့တဲ့ အနုပညာကုမ္ပဏီနဲ့ အခုလို လမ်းခွဲခဲ့တာဟာ သူမအတွက် တမျိုးတဖုံတော့ စိတ်မကောင်းဖြစ်နေခဲ့ရှာပါပဲ။ သူမချစ်ရတဲ့အရာတွေအတွက် ကြိုးစာဖို့ ဆုံးဖြတ်ရွေးချယ်ခဲ့တဲ့ Yang Zi ကို အားပေးကြရပါမယ်နော်။

Source: Sina
Photos: Weibo
Translated by Ivy