Chinese Celebrity

၂၈ ကြိမ်မြောက် Chinese Top Ten Music Awards မှာ ဆုအများဆုံးပိုင်ဆိုင်ခဲ့တဲ့ Lay Zhang

၂၀၂၁ November ၁၇ ရက်နေ့မှာတော့ EXO အဖွဲ့ဝင် Lay Zhang က ၂၈ ကြိမ်မြောက် Chinese Top Ten Music Awards ကို တက်ရောက်ခဲ့ပါတယ်။ ချိုင်းနားမှာ အနုပညာအလုပ်တွေကို အခြေချလုပ်ကိုင်နေတာဖြစ်လို့ Lay ရဲ့ ကျော်ကြားမှုအဆင့်က တော်တော်မြင့်လှပါတယ်။ အဆိုပါဆုပေးပွဲမှာလည်း ဒိတ်ဒိတ်ကြဲတွေချည်း တက်ရောက်ခဲ့သလို ဆုရအနုပညာရှင်များစွာလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Lay ကတော့ နယ်ပယ် (၄) ခုအတွက် စုစုပေါင်း ဆု (၄) ခုတိတိကို ရရှိခဲ့ပြီး ဆုအများဆုံးရရှိခဲ့တဲ့အနုပညာရှင်တစ်ဦးအဖြစ် ဂုဏ်တင်နိုင်ခဲ့ပါတယ်။ Netizens တွေက ဂုဏ်ပြုတဲ့အနေနဲ့ “Zhang Yixing က နောက်ထပ်ဆုတွေကို မကိုင်နိုင်လောက်တော့ဘူး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုများစွာရရှိခဲ့တဲ့အကြောင်းကို Weibo’s top trends မှာ နံပါတ် (၁) ချိတ်အောင် ပြုလုပ်ခဲ့ကြပါတယ်။

Lay ကတော့ “The Best Producer” (အကောင်းဆုံးထုတ်လုပ်သူဆု)၊ “The Best Album” (“Lit” 莲) (အကောင်းဆုံး အယ်လ်ဘမ်ဆု)၊ “The Best Male Singer” (အကောင်းဆုံးအမျိုးသားအဆိုရှင်ဆု)၊ “Top Ten Golden Melodies” (“Jade” 玉) စသဖြင့် ဆု (၄) ကို အပိုင်သိမ်းခဲ့တာကြောင့် ဆုအများဆုံးရရှိသူအဖြစ် ဂုဏ်တင်နိုင်ခဲ့တာပါ။

ပွဲနေ့မှာတော့ Lay ဟာ အပြင်းစား Rap သီချင်းဖြစ်တဲ့ “Ascetic Monk” နဲ့ သူမတူအောင်ကောင်းတဲ့ ပြိုင်ဖက်ကင်းအကနဲ့အတူ ဖန်တီးထားတဲ့ “Flying Apsaras” ကို ဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်တွေဟာ Lay ရဲ့ တင်ဆက်မှုမှာ မြောပါသွားကြပြီး အောင်မြင်မှုအပေါင်း သရဖူပေါင်းခဲ့တဲ့ သိုးပေါက်လေးကို ဂုဏ်ပြုပေးခဲ့ကြပါတော့တယ်။

Source: Allkpop
Photos: Weibo Studio
Translated by Ivy