Chinese Celebrity

ထွက်ရှိမယ့်ရက်ကို တရားဝင်ကြေညာသွားတဲ့ နာမည်ကြီးတို့ရဲ့ FengQi Luoyang ဇာတ်လမ်းသစ်

Huang Xuan, Wang Yibo, Victoria Song တို့ရဲ့ FengQi Luoyang ဇာတ်လမ်းသစ်ကို မျှော်နေကြတဲ့ပရိသတ်ကြီးတို့အတွက် သတင်းကောင်းလေး ထွက်လာပါပြီ။ နာမည်ကြီးအနုပညာရှင်တွေ ပါဝင်သရုပ်‌ဆောင်ထားတဲ့ ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းဟာ ဒီဇင်ဘာ (၁) ရက်နေ့မှာပဲ iQIYi ကနေ ထုတ်လွှင့်ပြသတော့မယ့်အကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ရှေးခေတ်ပြည်မကြီး Luoyang မှာ ဇာတ်အိမ်တည်ထားပြီး ၁၃ ပြည်ထောင်စုခေတ်ကို အဓိကထား ရိုက်ကူးပြသသွားမှာပါ။ ဧကရီဘုရင်မကြီး Wu Ze Tian နန်းပြုတ်သွားရခြင်းမှာ ပူးပေါင်းကြံစည်ခဲ့တဲ့ လျှို့ဝှက်မှုအတွဲလိုက်ကို စုံစမ်းစစ်ဆေးဖို့ Gao Bing Zhu (Huang Xuan), Bai Li Hong Yi (Wang Yibo), Wu Si Yue (Victoria Song) တို့ဟာ စုံစည်းမိကြပါတော့တယ်။

ဒီသုံးယောက်ရဲ့ စုံထောက်စွမ်းရည်နဲ့အတူ နန်းတွင်းအရှုပ်အရှင်းတွေကြား ဧကရီမကြီးအတွက် တရားမျှတမှုကို ရှာဖွေပေးသွားနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ တပိုင်းကို (၄၅) မိနစ်တိတိ ကြာမြင့်မှာဖြစ်ပြီး စုစုပေါင်း (၃၉) ပိုင်းတိတိ ထွက်မယ်လို့ ထုတ်ပြန်ထားတာဖြစ်လို့ မပျင်းမရိကို ကြည့်နိုင်မှာပါ။ ချိုင်းနားရဲ့ ဇာတ်လမ်းကြေညာချက်တွေက အပြောင်းအလဲများတတ်လွန်းတာကြောင့် ဒီဇင်ဘာ (၁) ရက်နေ့မှာ တကယ်ထွက်ရှိလာဖို့ပဲ ဆုတောင်းရပါတယ်။

Source: MDL
Photos: Studio Weibo
Translated by Ivy