Korean Celebrity

‘Train to Busan’ ကြည့်ရင်း Ma DongSeok ကို ကြွေခဲ့ကြောင်း ‘Eternals’ ရုပ်ရှင်ဒါရိုက်တာ ပြောခဲ့

‘Eternals’ ရုပ်ရှင်ကားကတော့ ‘Avengers: Endgame’ နဲ့ ဆက်စပ်နေတဲ့ လူစွမ်းကောင်းဇာတ်လမ်းပါပဲ။ Angelina Jolie , Gemma Chan, Richard Madden စတဲ့ သရုပ်ဆောင်တွေအပြင် တောင်ကိုရီးယားကိုယ်စားပြုမင်းသားကြီး Ma Dong-seok ပါ ပါဝင်ရိုက်ကူးထားတာပါ။ ဒါရိုက်တာဖြစ်တဲ့ Chloe Zhao က Ma Dong-seok ရဲ့ ဇာတ်ကောင်နဲ့ပတ်သက်ပြီး အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“Gilgamesh (Ma DongSeok) က လူသားဖြစ်တည်မှုသမိုင်းတလျှောက် ယခုအချိန်အထိလည်း မြင်တွေ့နေရတဲ့ လူသန်မာကြီးရဲ့ မူလပုံစံပါပဲ။ Gilgames ဇာတ်ကောင်အတွက် တောင်ကိုရီးယားမင်းသား Ma DongSeok ကို ရွေးချယ်ကမ်းလှမ်းဖြစ်ခဲ့ရတဲ့အကြောင်းက ရှင်းပါတယ်။ ‘Train to Busan’ မှာကတည်းက Ma DongSeok ကို မြင်ပြီး တကယ်ကို လန်းတဲ့ဘဲကြီးလို့ ခံစားမိတယ်။

ပြီး အနောက်တိုင်းကလူတွေကလည်း သူ့ဆိုရင် တော်တော်လေး ချစ်ခင်နှစ်သက်ကြတယ်။ ဒါကြောင့်မို့လို့ Eternals ထဲက လူသန်မာဇာတ်ကောင်ကြီးအတွက် Ma DongSeok က ကွက်တိပဲ။ အက်ရှင်တွေကို ပိုင်နိုင်ပြီး ဇာတ်‌ကောင်ရဲ့ ပုံစံမျိုးစံကို သရုပ်ပီပြင်စေချင်တယ်။ ဟာသနှောတာကလည်း အရေးပါတော့ Ma Dong-seok က သေချာပေါက် လုပ်နိုင်တယ်,ဆိုပြီး တန်းတွေးခဲ့တယ်။

သူသာဆိုရင် သရုပ်ဆောင်တင်မကဘဲ ဘဝဖြစ်စဉ်ကိုလည်း ကောင်းကောင်းနားလည်မယ်လို့ ခံစားရခဲ့တယ်။ ဒါကြောင့် Ma DongSeok ကို အရင်ချိတ်ဆက်ပြီး ဇာတ်ကောင်နေရာအတွက် ကမ်းလှမ်းခဲ့တယ်။ ဘာတခွန်းမှ သူ့ကိုမပြောဘဲ ကမ်းလှမ်းမှုကို လက်ခံဖို့ ကြိုးစားခဲ့တာပေါ့နော်။

သူက ရုပ်ရှင်မှာ ပါဝင်ရိုက်မယ်,လို့လည်း ပြောရော ပျော်လွန်းလို့ ထတောင် အော်မိသေးတယ်။ အက်ရှင်ခန်းတွေမှာ Ma Dong-seok က ကျွန်မကို အကြံတွေများစွာ ပေးနိုင်ခဲ့တာကြောင့် ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်ခဲ့ပါတယ်” ဆိုပြီး ဖော်ပြပြောဆိုခဲ့ပါတယ်။

Ma DongSeok ကိုတော့ လူကြီးလူငယ်မရွေး သဘောကျကြပါတယ်။ လူကောင်ထွားထွားကြီးနဲ့ အက်ရှင်ပိုင်းကို ပိုင်နိုင်တဲ့အပြင် ဟာသဇာတ်ကွက်တွေကလည်း သဘာဝကျကျ ပေါ့ပေါ့ပါးပါးကို သရုပ်ဆောင်နိုင်သူကြီးပါ။ ဒါရိုက်တာကတောင် အရင်ကမ်းလှမ်းခံရတဲ့ မင်းသားကြီး Ma DongSeok ရဲ့ ရုပ်ရှင်ကို အားပေးကြပါဦးနော်။

Source: Global Dispatch
Photos: Instagram
Translated by Ivy