Korean Celebrity

NCT 2021 နဲ့ပတ်သက်ပြီး သဲလွန်စ​တွေကို ချပြလိုက်ပြီဖြစ်တဲ့ SM Entertainment

SM Entertainment က နာမည်ကြီး ​ယောကျ်ား​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ NCT ဟာ နိုဝင်ဘာလ ၁၂ ရက်​နေ့ညက သူတို့ရဲ့ album အသစ်နဲ့ ပတ်သက်တဲ့ teaser ပုံတစ်ပုံကို တရားဝင် Twitter account က​နေ ထုတ်​ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီ teaser ပုံဟာ တကယ့်ကို NCT ရဲ့ concept အတိုင်း သိပ္ပံနည်းပညာဆန်တဲ့ ပန်းချီပုံတစ်ပုံဖြစ်ပါတယ်။

ဒီရှုပ်​ထွေးဆန်းကြယ်တဲ့ teaser ပုံမှာ NCT အဖွဲ့နဲ့ ပတ်သက်ပြီး တခြား​သော အရိပ်အမြွက်​တွေ ပါဝင်​နေတာ​ကြောင့် အမျိုးမျိုး​သော သီအိုရီ​တွေထွက်ရှိ​နေ​ပေမဲ့ ​သေချာတာတစ်ခုက​တော့ ​album ရဲ့ နာမည်ဟာ “Universe” ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်​နေ့မှာ ထွက်ရှိသွားမှာဖြစ်ပါတယ်။

​နောက်ထပ်​​သေချာတာတစ်ခုက​တော့ ဒီပ​​ရောဂျက်မှာ NCT ရဲ့ အဖွဲ့ခွဲ​တွေဖြစ်တဲ့ NCT 127, NCT DREAM နဲ့ WayV က အဖွဲ့ဝင်​တွေပါဝင်မယ်ဆိုတာပါပဲ။ ဒါ​ပေမဲ့လည်း လက်ရှိမှာ Lucas က အနုပညာအလုပ်​တွေက​နေ အနားယူ​နေပြီး Ten နဲ့ Winwin တို့က တရုတ်နိုင်ငံမှာ ရိုက်ကူး​ရေးလုပ်​နေတာ​ကြောင့် ပါဝင်နိုင်​ခြေရှိမရှိ မ​သေချာ​သေးပါဘူး။

ဒီ album ဟာ ယခင်နှစ် ​အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ NCT အဖွဲ့ရဲ့ “RESONANCE” album ပြီး​နောက် ၁ နှစ်နဲ့ ၂ လနီးပါးအကြာမှာ ထပ်မံထွက်ရှိမယ့် ပထမဆုံး NCT အဖွဲ့လိုက် album လည်းဖြစ်ပါတယ်။ ​​လော​လောဆယ်မှာတော့ ဒီ “Universe” album ဟာ version ၂ ခုထွက်ရှိသွားမှာဖြစ်ပြီး NCT 127, NCT DREAM နဲ့ WayV စတဲ့ unit တစ်ခုစီအတွက် music video တစ်ခုစီလည်းထွက်ရှိသွားမယ်လို့ ပရိသတ်​​တွေက ခန့်မှန်း​နေကြပါတယ်။

ဒါ့အပြင် NCT အဖွဲ့ဟာ နှစ်စဉ်နှစ်တိုင်းမှာ အဖွဲ့ဝင်သစ်​တွေထပ်တိုးတဲ့ အ​လေ့အထရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ Kun, Jungwoo နဲ့ Lucas တို့က အဖွဲ့ဝင်အသစ်​တွေဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ​တော့ Xiaojun, Hendery နဲ့ YangYang တို့ကို မိတ်ဆက်​ပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက​တော့ Sungchan နဲ့ Shotaro တို့က အဖွဲ့ထဲကို ဝင်​ရောက်လာခဲ့ပါတယ်။

ဒီပုံစံအတိုင်းဆို ယခုနှစ်မှာလည်း အဖွဲ့ဝင်အသစ်​တွေကို ထပ်ပြီး မိတ်ဆက်မှာ ​သေချာသ​​​လောက်ဖြစ်​နေပြီး Sungchan နဲ့ Shotaro တို့မှာ တရားဝင် NCT အဖွဲ့ခွဲမရှိ​သေးတာ​ကြောင့် အဖွဲ့ခွဲအသစ်ကိုလည်း ​ထုတ်​ဖော်​ကြေငြာသွားမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် teaser ပုံမှာ မူလီအ​ရေအတွက် ၂၈ ခုရှိ​နေတာ​ကြောင့် NCT 2021 မှာ အဖွဲ့ဝင် ၂၈ ဦးပါရှိပြီး ယခုနှစ်မှာ အဖွဲ့ဝင်အသစ် ၅ ဦးကို ထုတ်​ဖော်ပြသသွားမယ်ဆိုတဲ့ သီအိုရီ​လည်း ထွက်ရှိ​နေပါတယ်။

ဒီအဖွဲ့ဝင်အသစ် ၅ ​ယောက်ရယ် အဖွဲ့ခွဲမရှိ​သေးတဲ့ Sungchan နဲ့ Shotaro ရယ်ပါ ​ပေါင်းပြီး အဖွဲ့ဝင် ၇ ​ယောက်ပါတဲ့ NCT unit အသစ်တစ်ခု ​ပေါ်ထွက်လာလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်​တွေလည်းရှိ​​နေပါတယ်။ ဒါ​ကြောင့် ပရိသတ်​တွေရဲ့ စိတ်ဝင်စားမှုကလည်း အရမ်းကို မြင့်တက်​နေလျက်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “RESONANCE” album ကလည်း အရမ်းကို ​အောင်မြင်ခဲ့သလို ယခုနှစ်ထဲမှာ ထုတ်​ဝေဖြန့်ချီခဲ့တဲ့ WayV ရဲ့ တတိယ​မြောက် mini album “Kick Back”, NCT DREAM ရဲ့ ပထမဆုံး full album “Hot Sauce” နဲ့ NCT 127 ရဲ့ တတိ​ယ​မြောက် full album “Sticker” တို့ကလည်း အချပ်​ရေသန်းနဲ့ချီပြီး ​ရောင်းချခဲ့ရသလို chart ​တွေကိုပါ လွှမ်းမိုးပြီး ​ကြောက်ခမန်းလိလိ စံချိန်​တွေချိုး​နေခဲ့တာမို့ ဒီ NCT 2021 ရဲ့ “Universe” album ကလည်း ထူးခြားတဲ့ အ​​ရောင်အ​သွေး၊ concept ​တွေကို ပြသကာ အောင်မြင်မှုများစွာကို ဆွတ်ခူးနိုင်မယ့် သမိုင်းဝင် album တစ်ခုဖြစ်လာမှာအ​သေအချာပါပဲ။

Source : Koreaboo, Soompi
Photo : SM Entertainment
Written : ZL