Korean Celebrity

2021 MTV EMAs မှာ ဆုပေါင်းများစွာသိမ်းပိုက်ခဲ့တဲ့ BTS နှင့်, aespa အဖွဲ့ရဲ့ ဂုဏ်တင်မှုတစ်ခု

အနောက်တိုင်းဂီတဆုပေးပွဲတွေမှာ Kpop အဖွဲ့တွေကလည်း ဆုတွေရယူနိုင်တဲ့အထိ စွမ်းဆောင်နိုင်လာတာ မျက်ဝါးထင်ထင်ပါပဲ။ 2021 MTV EMAs ဆုပေးပွဲမှာတော့ ဆုပေါင်းများစွာရဲ့ အရှင်သခင် BTS က ပါဝင်လာတဲ့အနုပညာရှင်တွေအားလုံးထဲမှာ ဆုအ‌များဆုံးရခဲ့တဲ့ Kpop အဖွဲ့ဖြစ်လာပြီး Debut ပြီး တစ်နှစ်ပဲကြာသေးတဲ့ aespa ကလည်း ကြီးမားတဲ့ဆုတစ်ခုရယူနိုင်ကာ ဂုဏ်တင်နိုင်ခဲ့ပါတယ်။

November 14 ရက်နေ့တုန်းက MTV ဖက်က နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Europe Music Awards ကို Budapest မှာ ကျင်းပခဲ့ပါတယ်။ BTS အဖွဲ့ကတော့ အားလုံးထဲမှာ ထူးချွန်နေခဲ့ပြီး ဆုအများဆုံးပိုင်ဆိုင်ခဲ့ပါတယ်။ စကာတင်ဝင်ခဲ့တဲ့ဆုအားလုံးကို ရရှိခဲ့တဲ့ BTS အဖွဲ့ဟာ ဆုရအနုပညာရှင်တွေအနက် ထပ်မံဂုဏ်တင်နိုင်ခဲ့တာပါပဲ။

Best Group, Best Pop, Biggest Fans နဲ့ Best K-Pop ဆိုပြီး ဆု (၄) ဆုလုံးကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ Best K-pop ဆုမှာတော့ BLACKPINK’s Lisa, MONSTA X, NCT 127, BLACKPINK’s Rosé နဲ့ TWICE တို့ကလည်းပဲ စကာတင်ပါဝင်ခဲ့ပေမဲ့ အားလုံးကိုကျော်ဖြတ်ပြီး BTS အဖွဲ့ကပဲ ဆုရခဲ့တာဖြစ်ပါတယ်။

ဂျူနီယာအဖွဲ့လေးဖြစ်တဲ့ aespa ကတော့ Best Korean Act ဆိုတဲ့ဆုကို ရယူပိုင်ဆိုင်ခဲ့တာပါ။ ဒီဆုကိုတော့ 4th Generation ရဲ့ နာမည်ကြီးအဖွဲ့တွေဖြစ်တဲ့ CRAVITY, STAYC, Weeekly, WEi စတဲ့အဖွဲ့တွေကို ကျော်လွန်ပြီး ဆုရခဲ့တာလည်းဖြစ်ပါတယ်။ aespa ကတော့ သီချင်းသစ်တွေထွက်တိုင်း Hit ဖြစ်အောင်စွမ်းဆောင်နိုင်တဲ့ Kpop မိန်းကလေးအဖွဲ့ဖြစ်တာကြောင့် ယခုလိုဆုကို ရယူနိုင်ခဲ့တာဟာ တကယ့်ကို ဂုဏ်ယူနိုင်စရာပါပဲ။ Kpop ကို အဆင့်တစ်ခုမြင့်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ BTS နဲ့ aespa အတွက် ဂုဏ်ပြုလိုက်ပါ‌တယ်နော်။

Source: Soompi
Photos: Soompi
Translated by Ivy