Korean Celebrity

NCT 2021 ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Teaser တွေထဲမှာ မူလအဖွဲ့ဝင် ၂ ဦးကို ဖယ်ထုတ်ထားခဲ့

NCT 2021 ကတော့ ပရိသတ်အမြောက်အမြား စိတ်ဝင်စားနေတဲ့ Project တစ်ခုဖြစ်ပြီး ထွက်ရှိလာမယ့် ‘Universe’ Album အတွက်လည်း ခန့်မှန်းချက်ပေါင်းများစွာ ထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်မှာ‌တော့ Album အတွက် teaser ပုံတွေကို တဖြည်းဖြည်းချင်း ထုတ်ပေးနေပြီး လူအများရဲ့စိတ်ပါဝင်စားမှုကို ဆွဲသွင်းနေခဲ့ပါတယ်။

November 16 ရက်နေ့ကစတင်ပြီး SM Entertainment ဖက်ကနေ teaser ပုံတွေထုတ်ပေးနေခဲ့တာဖြစ်ပေမဲ့ နောက်ဆုံးထွက်ထားတဲ့ပုံထဲမှာ မူလအဖွဲ့ဝင် (၂) ဦးကို ဖယ်ထုတ်ထားခဲ့တာကြောင့် မကျေနပ်မှုတွေဖြစ်နေကြတာပါ။ ‘Universe’ Album ဟာ NCT တဖွဲ့လုံးပေါင်းပြီး ထွက်လာမယ့် တတိယမြောက် album ဖြစ်ပါတယ်။

နောက်ဆုံးထွက်ထားတဲ့ပုံထဲမှာ အဖွဲ့ဝင်တွေဟာ အပြာနုရောင်၊ အနက်ရောင်နဲ့ အဖြူရောင်တွေကို ဝတ်ဆင်ထားပြီး zigzag သဏ္ဍာန် စက်လှေကားရှည်ကြီးမှ ဆင်းသက်လာတဲ့ပုံစံ ရိုက်ကူးထားပါတယ်။ ထူးခြားနေတာက အဖွဲ့ဝင်စုစုပေါင်း ၂၃ ‌ယောက်ရှိတဲ့အနက် ၂၁ ယောက်သာ ပါဝင်ခဲ့ပြီး Lucas နဲ့ Winwin ကို ပုံထဲမှာ ပါမလာခဲ့ပါဘူး။

ဒါ့အပြင် teaser ပုံထဲမှာလည်း Winwin နဲ့ Lucas နာမည်ကို ဖယ်ထုတ်ထားခဲ့တာကြောင့် ဒီ ၂ ယောက်က လာမယ့် comeback မှာ ပါလာမှာမဟုတ်ကြောင်း အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။ Lucas ကတော့ သိပ်မကြာသေးခင်က ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ‌အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတာ‌ဖြစ်ပြီး WinWin ကတော့ ပြည်ပမှာ ဇာတ်လမ်းရိုက်ကူးနေပါတယ်။

Netizens နဲ့ ပရိသတ်အမြောက်အမြားကတော့ ဒီလုပ်ရပ်အတွက် စိတ်မကောင်းဖြစ်နေကြပြီး အဖွဲ့ဝင်အားလုံးပေါင်းစည်းမယ့် Project မှာမှ Lucas နဲ့ WinWin ကို ဖယ်ထုတ်ထားခဲ့‌တာကြောင့် မကျေနပ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ Twitter တခွင်မှာ သူတို့ရဲ့ ရင်တွင်းခံစားချက်တွေကို ထုတ်ပြောနေကြရင်း ‘2021 NCT’ အတွက် promotion တွေမှာလည်း Lucas နဲ့ WinWin ပါလာနိုင်ဖို့မဖြစ်နိုင်တဲ့အကြောင်း ပြောဆိုနေခဲ့ကြပါတယ်။

Source: Allkpop
Photos: Allkpop