Korean Celebrity

Comeback အတွက် အေဂျင်စီက ပိုက်ဆံတပြားမှ အကုန်မခံခဲ့တဲ့အတွက် ကိုယ့်အိတ်ကိုယ်စိုက်ခဲ့ရတဲ့ T-ara

တခေတ်တခါက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ T-ara အဖွဲ့ဟာ လွန်ခဲ့တဲ့ (၄) နှစ်ကစပြီး အဖွဲ့လိုက်လှုပ်ရှားမှုတွေ ရပ်တန့်နေခဲ့ပါတယ်။ ဒါပေမဲ့ 2021 ခုနှစ် ဒီလ November မှာ album သစ် “TIKI TAKA” နဲ့ comeback လုပ်ခဲ့ပါတယ်။ ထို album ထဲမှာ “TIKI TAKA” နဲ့ “All Kill ဆိုပြီး သီချင်းနှစ်ပုဒ်ပါဝင်ပါတယ်။

နှစ်တွေကြာသွားပေမဲ့ သူတို့ရဲ့own style အတိုင်း သီချင်းတွေကို ဖန်တီးချပြခဲ့ပါတယ်။ အထူးသဖြင့် သူမတို့ ၄ယောက်ရဲ့ visual ဟာ အရင်ကာလတွေတုန်းကလိုဘဲ ချောမောနေဆဲဖြစ်ပြီး ပိုလို့တောင် နုနယ်လာပါသေးတယ်။ ပရိတ်သတ်တွေကလည်း ဒီ သီချင်းသစ်ကို တခဲနက်အားပေးခဲ့ကြပြီး Korea ရုပ်သံဌာနတွေကပါ promotion ဆင်းပေးခဲ့ကြပါတယ်။

စိတ်မကောင်းစရာတစ်ခုကတော့ ဒီ comeback အတွက် T-ara အဖွဲ့ဝင်တွေရဲ့ အေဂျင်စီက ပိုက်ဆံတပြားဆို တပြားမှ မထုတ်ပေးခဲ့ဘဲ ဘာအကူအညီမှ မပေးခဲ့ဖူးလို့ သိရပါတယ်။ Jiyeon က ဒီကိစ္စကို ဖွင့်ချခဲ့တာဖြစ်ပြီး သူမတို့(၄)ယောက်လုံးဟာ သီချင်းရေး/ဆို/ produce လုပ်တာကအစ အဝတ်အစားစီစဉ်တာအထိ သူတို့ကိုယ်တိုင်လုပ်၊ ပိုက်ဆံတွေလည်း စိုက်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

ဒါပေမဲ့လည်းလေနော် အေဂျင်စီရဲ့ အကူအညီမပါပေမဲ့ T-ara အဖွဲ့ဟာ comeback ကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အနုပညာကို ပရိတ်သတ်တွေကို ချပြချင်တဲ့ဇောရှိလို့သာ ဒီလိုလုပ်နိုင်တာပါ။ တကယ့်လေးစားဖွယ်ကောင်းတဲ့ Queens တွေပါဘဲ။ ရှေ့လျှောက်အောင်မြင်ကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။

Source: Koreaboo
Written: Violet
Photo credit: Koreaboo