Korean Celebrity

မော်ဒယ်မှ Hollywood သရုပ်ဆောင်အဖြစ် ခြေဆန့်နိုင်တဲ့အထိအောင်မြင်သွားတဲ့ Jung Ho Yeon

“Squid Game” မင်းသမီးလေး Jung Ho Yeon ကတော့ အနုပညာကံပါတယ်လို့တောင် ပြောစမှတ်ပြုရပါမယ်။ မော်ဒယ်ဘဝမှ သရုပ်ဆောင်ပိုင်းကို စတင်ကူးပြောင်းပွဲဦးထွက်တဲ့ဇာတ်လမ်းမှာတင် အောင်မြင်မှုများစွာရရှိခဲ့ပြီး ပရိသတ်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အနုပညာလမ်းမထက်မှာ သရုပ်ဆောင်အဖြစ် လျှောက်လှမ်းရင်း ဟောလီးဝုဒ်မှာ ခြေချနိုင်ဖို့ ကြီးမားတဲ့အခွင့်အလမ်းတစ်ခုကို ရရှိခဲ့ပြန်ပါပြီ။ November 16 ရက်နေ့က မော်ဒယ် – သရုပ်‌ဆောင် Jung Ho Yeon ဟာ Creative Artists Agency (CAA) နဲ့ စာချုပ်ချုပ်ဆိုကာ လက်တွဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Creative Artists Agency ဟာ အရည်အချင်းနဲ့အားကစားပိုင်း အထူးစီမံခန့်ခွဲတဲ့ အမေရိကန်အေဂျင်စီတစ်ခုဖြစ်ပြီး ရုပ်ရှင်၊ ဂီတ၊ အားကစား၊ တီဗီ၊ ဂိမ်းပိုင်းဆိုင်ရာနဲ့ အွန်လိုင်းနယ်ပယ်တွေမှာ လက်တွဲလုပ်ဆောင်နေသူတွေ များစွာရှိပါတယ်။ CAA နဲ့ လက်တွဲထားတဲ့ ကမ္ဘာကျော်ကြယ်ပွင့်တွေထဲမှာ Brad Pitt, Tom Hanks, Beyonce, Norah Jones, Cardi B နဲ့ Justin Bieber တို့လည်း ပါဝင်နေပါတယ်။

Jung Ho Yeon ရဲ့ အေဂျင်စီဖြစ်တဲ့ Saram Entertainment ဖက်က “ကျွန်တော်တို့တတွေက အမေရိကန်ရဲ့ အကြီးဆုံးအေဂျင်စီတစ်ခုဖြစ်တဲ့ CAA နဲ့ မိတ်ဖက်တွေအဖြစ် လက်တွဲလုပ်ဆောင်သွားတော့မှာပါ။ Jung Ho Yeon က သူမရဲ့ နိုင်ငံတကာလှုပ်ရှားမှုတွေအတွက် CAA နဲ့အတူ ရှေ့ဆက်ပါတော့မယ်။ ရှေ့ဆက်လုပ်ဆောင်သွားမယ့် ကိစ္စအရပ်ရပ်ကို ကျေးဇူးပြုပြီး အားပေးကြဖို့ တောင်းဆိုလိုပါတယ်” ဆိုပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။

Jung Ho Yeon ကတော့ Netflix စီးရီးဖြစ်တဲ့ “Squid Game” ထဲမှာ သဘာဝကျကျနဲ့ အ‌ကောင်းဆုံးသရုပ်ဆောင်နိုင်မှုတွေကြောင့် တဟုန်ထိုး အောင်မြင်လာခဲ့တာပါ။ ကြီးကျယ်ခမ်းနားမှုတွေနဲ့အတူ Louis Vuitton ရဲ့ global ambassador အသစ်အဖြစ် ခန့်အပ်ခံရပြီး ယခုအခါမှာလည်း CAA နဲ့ လက်တွဲနိုင်ခဲ့ပြန်ပါပြီ။

Source: Soompi
Photos: Soompi
Translated by Ivy