Korean Celebrity

သမိုင်းဝင်ပ​ရောဂျက်တစ်ခုကို အတူဖန်တီးသွားကြမယ့် ၂၁ ရာစု ဂီတ​လောကရဲ့ အထင်ကရ solo artist ၃ ဦး

Warner Music Korea က​တော့ Kpop နဲ့ အ​နောက်တိုင်းအနုပညာရှင်​​တွေကြားက မ​မျှော်လင့်ထားတဲ့ collaboration project တစ်ခုကို ဂီတချစ်သူ​တွေထံ ယူ​ဆောင်လာ​တော့မှာပဲဖြစ်ပါတယ်။ အဲ့ဒါက​တော့ လက်ရှိ ဂီတ​​လောကမှာ ဒိတ်ဒိတ်ကြဲ တစ်ကိုယ်​တော်အဆိုရှင်​တွေဖြစ်တဲ့ Ed Sheeran, Sunmi နဲ့ Jessi တို့ ၃ ဦးဟာ Ed Sheeran ရဲ့ “Shivers” သီချင်း version အသစ်အတွက် လက်တွဲလုပ်ကိုင်သွားမယ်လို့ နိုဝင်ဘာလ ၁၉ ရက်​နေ့မှာ ထုတ်ပြန်​ကြေငြာလိုက်တာပါပဲ။

“Shivers” ဟာ ပြီးခဲ့တဲ့ ​အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ Ed Sheeran ရဲ့ “=” album အသစ်ထဲမှာ ပါဝင်ပြီး music chart ​တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Warner Music Korea က “Ed Sheeran, Jessi နဲ့ Sunmi တို့ဟာ ​ပြေပြစ်တဲ့ ဟာမိုနီကို ဖန်တီးနိုင်ရုံမက ဒီ collaboration က​နေ ကွဲပြားတဲ့ ဆွဲ​ဆောင်မှုအသစ်ကို ပြသနိုင်ဖို့ အရမ်းကို ကြိုးစားလုပ်​ဆောင်ထားကြပါတယ်။

ဒါ​ကြောင့် ​ကျေးဇူးပြုပြီး ဒီသီချင်းကို အများကြီးစိတ်ဝင်စားပြီး ချစ်​ပေးကြပါ” လို့ ​ပြောကြားခဲ့ပါတယ်။ Sunmi ကလည်း သူမရဲ့ တရားဝင် Twitter နဲ့ Instagram account ​တွေမှာ အမြည်း​အ​နေနဲ့ သီချင်းရဲ့ စက္ကန့်အနည်းငယ်စာကို မျှ​ဝေခဲ့ပါ​သေးတယ်။

Jessi, Sunmi တို့နဲ့ သီဆိုထားတဲ့ Ed Sheeran ရဲ့ “Shivers” သီချင်း version အသစ်ကို​တော့ လာမယ့် နိုဝင်ဘာလ ၂၄ ရက်​နေ့ ကိုရီးယားစံ​တော်ချိန် ည​နေ ၆ နာရီမှာ ထုတ်​ဝေဖြန့်ချီသွားမှာဖြစ်ပါတယ်။တစ်ဖက်မှာ Ed Sheeran ဟာ ​နောက်လထဲမှာ ကျင်းပမယ့် ၂၀၂၁ ခုနှစ် Mnet Asian Music Awards ပွဲမှာ ပါဝင်​ဖျော်​ဖြေသွားမယ်လို့ CJ ENM က ​ကြေငြာထားပါတယ်။ ဒါ​ကြောင့် Ed Sheeran, Jessi နဲ့ Sunmi တို့ဟာ ဒီ collaboration သီချင်းကို MAMA စင်မြင့်ထက်မှာ ​ဖျော်​ဖြေသွားဦးမလားဆိုတာကို​တော့ စိတ်လှုပ်ရှားစွာ ​စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL