Korean Celebrity

နာမည်ကျော်မင်းသမီး Jun Ji Hyun ကို ​ကျော်တက်ပြီး ကြော်ငြာ​​လောကမှာ ဝင်​ငွေအများဆုံး အနုပညာရှင် ဖြစ်လာတဲ့ BTS

နိုဝင်ဘာလ ၁၉ ရက်​နေ့မှာ ထုတ်လွှင့်တင်ဆင်ခဲ့တဲ့ KBS 2TV ရဲ့ ​​ဖျော်​ဖြေ​ရေးအစီအစဉ်တစ်ခုဖြစ်တဲ့ “Entertainment Company Live” က ၂၀၂၁ ခုနှစ်မှာ ​ကြော်ငြာ​လောကကို သိမ်းပိုက်လွှမ်းမိုးထားတဲ့ အနုပညာရှင်​တွေရဲ့ စာရင်းကို ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။ ထိုသို့ စာရင်းထုတ်ပြန်ခဲ့တဲ့ အနုပညာရှင်စုစု​ပေါင်း ၈ ဦးထဲမှာမှ နံပါတ် ၁ ​နေရာမှာ ရပ်တည်​နေတာက​တော့ world class အဖွဲ့ဖြစ်တဲ့ BTS ပဲဖြစ်ပါတယ်။ ဒုတိယ​နေရာမှာ ရှိနေတာက​တော့ world class မင်းသမီးတစ်ဦးဖြစ်တဲ့ Jun Ji Hyun ပါ။

အထူးသဖြင့် မင်းသမီး Jun Ji-hyun ဟာ အစားအ​သောက်၊ လက်ဝတ်ရတနာ၊ အဝတ်အထည်စတဲ့ နယ်ပယ်မျိုးစုံက brand ​တွေနဲ့ လက်တွဲလုပ်ကိုင်​နေတဲ့ ​ကြော်ငြာဘုရင်မတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမဟာ brand ​ပေါင်း ၁၅ ခုရဲ့ ​မော်ဒယ်အ​နေနဲ့ ​ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် Jun Ji Hyun ဟာ brand တစ်ခုအတွက် တစ်နှစ်ကို ဝမ် ၁ ဘီလီယံ​​လောက် ရရှိတယ်လို့ လူသိများတဲ့အတွက် ​ကြော်ငြာက​နေပဲ တစ်နှစ်ကို ၁၅ ဘီလီယံ​လောက် ရရှိတယ်ဆိုတဲ့ သ​​ဘောသက်​​ရောက်​နေပါတယ်။ တစ်ဖက်မှာ မင်းသမီး Jun Ji Hyun ကို ​ကျော်တက်နိုင်ခဲ့တဲ့ BTS ဟာလည်း ကမ္ဘာနဲ့အဝှမ်း ​ကျော်ကြားလာတာနဲ့အမျှ global brand ​တွေနဲ့ လက်တွဲလုပ်ကိုင်ပြီး ​ကြော်ငြာ​လောကရဲ့ blue chip ဖြစ်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာဆိုရင် BTS နဲ့ McDonald တို့ရဲ့ ပူး​ပေါင်းမှုဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ BTS အဖွဲ့ဟာ ဒီ​ကြော်ငြာတစ်ခုတည်းက​နေ ဝမ် ၁၀ ဘီလီယံ​လောက် ရရှိခဲ့တယ်လို့ “Entertainment Company Live” က ​ဖော်ပြခဲ့ပါတယ်။ ​လော​လောဆယ်မှာ BTS ဟာ brand ၁၁ ခုရဲ့ ​မော်ဒယ်အ​နေနဲ့ ​လုပ်ကိုင်လျက်ရှိပြီး ယခုနှစ်ထဲမှာ ​ကြော်ငြာက​နေပဲ ဝမ် ၆၅ ဘီလီယံ​​ကျော်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

“Entertainment Company Live” က စာရင်းထုတ်ပြန်ခဲ့တဲ့ ​ကြော်ငြာက​နေ ဝင်​ငွေအများဆုံး ရရှိတဲ့ အနုပညာရှင် ၈ ဦးထဲမှာဆိုရင် BTS နဲ့ Jun Ji Hyun တို့အပြင် မင်းသား Park Seo Joon က တတိယ​နေရာ၊ မင်းသား Cho Jung Seok က စတုတ္ထ​နေရာ၊ ​ဘောလုံးချန်ပီယံ Son Heung Min က ပဥ္စမ​နေရာ၊ BLACKPINK အဖွဲ့ဝင် Jennie က ဆဌမ​နေရာ၊ Trot အဆို​တော် Lim Young Woong က သတ္တမ​နေရာနဲ့ ဝါရင့်မင်းသမီးကြီး Yoon Yeo Jung က အဌမ​နေရာ စသဖြင့် အသီးသီးရရှိခဲ့ကြပါတယ်။

Source : Insight
Photo : KBS 2TV’s “Entertainment Company Live”.
Written : ZL