Korean Celebrity

အဖွဲ့လိုက် comeback ဖို့ အလားအလာ အရိပ်ယောင်ပြနေတဲ့ BLACKPINK

BLACKPINK အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် schedule တွေနဲ့ ကိုယ်စီအလုပ်ရှုပ်နေကြတာ ပရိတ်သတ်ကြီးတို့လည်း သိမှာပါ။ နိုင်ငံခြားမှာ အလုပ်ကိစ္စရှိလို့သွားတာတောင် flight အချိန်မတူဘဲ တကွဲတပြားစီ သွားကြတာမို့ အဖွဲ့လိုက် မမြင်ရတာ အတော်ကြာနေပါပြီ။

ဒါပေမဲ့ November 23 ရက်နေ့ ညမှာတော့ Group photo selfie ပုံလေးတစ်ပုံကို 4 ယောက်လုံး Instagram My day မှာ တန်းစီတင်ထားကြပါတယ်။ 4 ယောက်သား ဆုံကြလို့ ဘယ်လောက်တောင် ပျော်နေမလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။

ဒါ့အပြင် “Jennie က စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့လေးတစ်နေ့ကို စိတ်လှုပ်ရှားတက်ကြွနေတဲ့လူတွေနဲ့ ဖြတ်သန်းခဲ့ရတယ် 💜” ဆိုတဲ့ caption နဲ့ သူမတကိုယ်တော် ပုံတွေ အများကြီးတင်ပေးခဲ့ပါတယ်။ Caption ကို purple emoji သုံးထားသလို ခရမ်းနုရောင်ပန်း ပုံကိုပါ ရောတင်ထားတာမို့ spoiler လား ဘာလားဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ။

တဘက်မှာလည်း ပုံတင်ခဲတဲ့ Lisa က သူမ အရမ်းပျော်နေတဲ့ပုံတွေကို တင်ပေးခဲ့ပါတယ်။ ဒါ့အပြင် Jisoo ဆို Profile ပုံကိုပါ ပြောင်းချလိုက်ပါပြီ။ Jisoo ကတော့ သူမ Drama အတွက် ပုံတင်တာ ဖြစ်ပါလိမ့်မယ်။ 3 ယောက်လုံး ပုံတွေတင်ကြတဲ့နေ့မှာ Rosé ကတော့ ပုံမတင်ထားပါဘူး။ ဒါပေမဲ့ My day မှာတော့ Jennie , Lisa , Jisoo တင်ထားသမျှပုံတွေကို ပြန် share တင်ထားပါတယ်။

ခုလို 4 ယောက်လုံးရဲ့ update တွေကို တနေ့ထဲမှာ ရလိုက်တဲ့အတွက် comeback မျှော်နေတဲ့ blink တွေ အတွက် မဟာ မဟာ့ ပျော်ရွှင်မှုကြီးပါဘဲ။ BLACKPINK အဖွဲ့လိုက် သီချင်းအသစ်ကို ပြင်ဆင်နေကြပြီလို့ ယုံကြည်နေကြပါတယ်။ Lisa ကလည်း interview တစ်ခုမှာ comeback ရှိတယ်လို့ အရိပ်အမြွက်ပေးဖူးတာမို့ တခုတော့ တခုခု လာပါတော့မယ် ပရိတ်သတ်ကြီးရေ…

Source: Instagram
Photo Credit: Jisoo , Jennie, lisa , Rosé IG acc
Written: Violet