Korean Celebrity

Debut ခဲ့ပြီးနောက် Jeongyeon နဲ့ Jihyo တို့ နေ့တိုင်းငိုခဲ့ကြတဲ့ ဖြစ်ရပ်မှန်အကြောင်းအရင်း

TWICE အဖွဲ့ကတော့ ၂၀၁၅ October 20 ရက်နေ့မှာ “Like OOH-AHH” သီချင်းနဲ့ပွဲဦးထွက်ခဲ့ပြီး အသိအမှတ်ပြုမှုတွေ စတင်ရရှိခဲ့ကြပါတယ်။ အောင်မြင်စွာပဲ ပွဲဦးထွက်နိုင်ခဲ့တာကြောင့် အဖွဲ့ဝင် (၉) ယောက်စလုံးရဲ့ အိပ်မက်တွေ၊ ငယ်ဘဝအချိန်တွေကိုမြုပ်နှံပြီး နှစ်‌တွေအကြာကြီး လေ့ကျင့်ခဲ့ရတာတွေက အရာထင်ခဲ့ပါတယ်။

မကြာသေးခင်က TWICE အနေနဲ့ ODG Channel မှာ ပါဝင်လာခဲ့ကြပြီး Trainee ဘဝရဲ့ အမှတ်တရတွေ၊ Debut ပြီးနောက် အမှတ်တရတွေကို ပြန်ပြောခဲ့ကြပါတယ်။ ထူးထူးခြားခြားအနေနဲ့ Jeongyeon နဲ့ အဖွဲ့ခေါင်း‌ဆောင် Jihyo တို့ကတော့ ပွဲဦးထွက်ပြီးနောက် နေ့တိုင်းငိုခဲ့ရကြောင်း ပြောပြခဲ့ကြပါတယ်။

အကြောင်းအရင်းကတော့ ကြည်နူးဖို့ကောင်းလွန်းလှပါတယ်။ ပထမဆုံး Jeongyeon က “ပွဲဦးထွက်ပြီးနောက်မှာ ကျွန်မ နေ့တိုင်းငိုခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ music sites တွေမှာ ကျွန်မရဲ့ အသံကို ကြားလိုက်ရတဲ့အခိုက်အတန့်တိုင်း ဝမ်းသာပျော်ရွှင်လွန်းလို့ မျက်ရည်ကို ထိန်းမထားနိုင်ခဲ့ဘူး။ ကျွန်မတို့ရဲ့သီချင်းလေးတွေကို နေ့တိုင်းနားထောင်ပြီး ‌ကြည်နူးလွန်းလို့ နေ့တိုင်းမျက်ရည်ကျမိတယ်” လို့ ပြောပြလာခဲ့တာပါ။

အလားတူစွာပဲ အချိန်အကြာကြီး သင်တန်းသူဖြစ်ခဲ့ရတဲ့ Jihyo က “ပွဲဦးထွက်တဲ့နေ့က (၁၀) နှစ်ကြာပြီးမှသာ ကျွန်မဘဝရဲ့ အိမ်မက်တွေ အထမြောက်ခဲ့တဲ့နေ့ပါ။ ဒီ့အတွက် အဖွဲ့ဝင်တွေနဲ့အတူ အများကြီးငိုခဲ့တာကို မှတ်မိပါသေးတယ်” ဆိုပြီး သူမရဲ့အမှတ်တရကို မျှဝေခဲ့တာပါ။

Idol တစ်ဦးဖြစ်လာဖို့ဆိုတာ မရေရာတဲ့ လမ်းကြောင်းတစ်ခုပါပဲ။ TWICE အနေနဲ့ ပွဲဦးထွက်ခွင့်ရပြီး ကမ္ဘာအနှံ့အောင်မြင်မှုတွေရရှိခဲ့တဲ့အထိ အိပ်မက်တွေဖြစ်မြောက်ခဲ့တော့ မပျော်ဘဲနေနိုင်ပါ့မလားနော်။ ပျော်ရွှင်မှုကြောင့် ကျဆင်းခဲ့ရတဲ့မျက်ရည်တွေနဲ့အတူ အမှတ်တရတွေကိုသိမ်းဆည်းရင်း Jeongyeon နဲ့ Jihyo လည်း အချိန်အကြာကြီး အားပေးတဲ့ပရိသတ်တွေနဲ့ ဖြတ်သန်းနိုင်ပါစေ။

Source: Koreaboo
Photos: Koreaboo
Translated by Ivy