Thai Celebrity

သမီးလေး,အိပ်နေတုန်း ယောက်ျားနဲ့ နှစ်ယောက်တည်း သွားဒိတ်ခဲ့ကြောင်း ထုတ်ကြွားခဲ့တဲ့ Mew

ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးလေး Marin ကို မွေးဖွားပြီးတဲ့နောက် ‌ကလေးအနားမှာပဲကပ်ပြီး အရိပ်ရိပ်တကြည့်ကြည့်နဲ့ ပြုစုယုယုနေတဲ့ Hi-So Saint နဲ့ Mew Nittha တို့ စုံတွဲဟာ သီးသန့်အချိန်ယူပြီး ဒိတ်ဖို့လည်း မမေ့ပါဘူးနော်။ အောက်တိုဘာလကုန်ခါနီးလောက်ပဲ သမီးလေး အိပ်ပျော်နေတုန်း အဖွားရဲ့လက်ထဲအပ်ခဲ့ပြီး လင်မယားနှစ်ယောက် သွားဒိတ်တဲ့ပုံလေးတွေကို တင်ပေးခဲ့ပါတော့တယ်။

ကလေးတစ်ယောက်မွေးဖွားပြီးတာတောင် Mew ရဲ့ လှပကျော့ရှင်းပြီး ပုံစံမပျက်သွားတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကိုတော့ ပရိသတ်တွေ တော်တော်လေး အံ့ဩအားကျနေကြပါတယ်။ ယောက်ျားဖြစ်သူနဲ့အတူ စားသောက်ဆိုင်တစ်ခုမှာ ရိုဆန်ဆန်သွားဒိတ်ခဲ့ပြီးနောက် ပုံလေးတွေကို တင်ပေးခဲ့တာပါ။

Caption လေးကိုတော့ “Date night with Marin’s Daddy” လို့ ရေးသားထားတာကြောင့် နောင်တချိန် ဒီပုံလေးကို သမီးလေးသားမြင်ရင် ဘာပြောမလဲဆိုပြီး ပရိသတ်တွေက စ,နောက်ခဲ့ကြပါ‌တော့တယ်။ မိဘနှစ်ပါးဖြစ်လာခဲ့ပြီးနောက် နှစ်‌ယောက်သား သီးသန့် ကြည်နူးဖို့ကိုလည်း မမေ့တဲ့ Hi-So Siant နဲ့ Mew တို့ စုံတွဲကို အပီအပြင်ကို အားကျနေကြပါတယ်။

ကြွယ်ဝချမ်းသာတဲ့အပြင် မိန်းမဖြစ်သူကိုလည်း နွေးထွေးကြင်နာပြီး အပြုံးပန်းဝေဆာစေတဲ့ Hi-So Saint ကြောင့် Mew ဟာ ယောက်ျားရကံကောင်းသူလေးအဖြစ် အမွှန်းတင်ခံထားရပါတယ်။ Marin နဲ့ ပုံလေးတွေကို ခဏခဏတင်လေ့ရှိတဲ့ ဒီလင်မယားကတော့ နှစ်ယောက်တွဲပုံလေးနဲ့ ကြည်နူးမှုတွေကို မျှဝေခဲ့ပါတော့တယ်။

Source: ThaiToday
Photos: Instagram
Translated by Ivy