Thai Celebrity

တရုတ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ Thai Remake ဇာတ်လမ်းသစ် (၃) ခု

ထိုင်းနိုင်ငံဟာ နိုင်ငံခြားက ဇာတ်လမ်းတွေကို ထိုင်းပုံစံနဲ့ ပြန်လည်ရိုက်ကူးထားမျိုး များလှပါတယ်။ တရုတ်နိုင်ငံရဲ့ နာမည်ကြီးဇာတ်လမ်းတွေကိုလည်း Thai Remake အဖြစ် ရိုက်ကူးလေ့ရှိပြီး မကြာခင်ထွက်လာမယ့် (၃) ကားကလည်း တကယ့်နာမည်ကြီးတွေပါပဲ။

Boss & Me (ONE 31 / GMM 25)

မူလ တရုတ်ဇာတ်လမ်းမှာတုန်းက Zhang Han နဲ့ Zhao Liying တို့ကြောင့် တအားပေါက်သွားတဲ့ “Boss & Me” ကို ထိုင်းနိုင်ငံက ပြန်လည်ရိုက်ကူးပြီးစီးခဲ့တာကြာပါပြီ။ ထိုင်းဇာတ်လမ်းမှာတော့ Dj Push နဲ့ Aom Sushar တို့ အဓိက ပါဝင်သရုပ်‌‌ဆောင်ထားပြီး ကြည့်ရဖို့ မလိုတော့ပါဘူး။

You’re My Heartbeat (PPTV)

လူကြိုက်များခဲ့တဲ့ တရုတ်ဇာတ်လမ်းတွဲ The Fox’s Summer ကို ထိုင်းနိုင်ငံမှ ပြန်လည်ရိုက်ကူးထုတ်လုပ်သူကတော့ မင်းသမီး Jooy Warattaya ဖြစ်ပါတယ်။ ထိုင်းကားကိုတော့ “You’re My Heartbeat” လို့ပေးထားပြီး အဓိကဇာတ်လိုက်တွေက Dj Push, Mai Davika, Blue Pongtiwat နဲ့ Jackie Jackrin တို့ဖြစ်တာကြောင့် ဒီဇာတ်လမ်းကို မျှော်နေကြသူတွေ တော်တော်များလှပါတယ်။

F4 Thailand: Boys Over Flowers (GMM 25)

F4 ကားကတော့ နိုင်ငံပေါင်းစုံက ရိုက်ထားတာ အများအပြားရှိလှပါတယ်။ ထိုင်းကလည်း “F4 Thailand: Boys Over Flowers” ဆိုပြီး Bright Vachirawit, Win Metawin, Tu Tontawan, Nani, Dew တို့နဲ့အတူ ရိုက်ကူးထားတာပါ။ နိုဝင်ဘာ (၂၀) တုန်းက ထွက်ရှိမယ်လို့ အသိပေးထားပေမဲ့ ယနေ့အချိန်ထိ ထွက်မလာသေးတာကြောင့် မျှော်တော်မူနေရတဲ့ ဇာတ်လမ်းတွဲပါပဲ။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy