ဒိတ်ဒိတ်ကြဲများနဲ့ ကျင်းပမယ့် Tencent Music Entertainment Awards 2021 ဆုပေးပွဲကြီး

Posted on

ဖျော်ဖြေရေးနယ်ပယ်ရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ Tencent ကနေ ကျင်းပပြုလုပ်တဲ့ အခမ်းအနားတွေ များစွာရှိပါတယ်။ အဲ့ဒီထဲကမှ Tencent Music Entertainment Group ကနေ ကြီးမှူးကျင်းပတဲ့ Tencent Music Entertainment Awards 2021 ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ဖို့ နီးကပ်လာပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်နေ့၊ Venetian Macao မှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပြီး ပွဲစီစဉ်သူများဘက်က ကြေညာလိုက်တဲ့ ဖိတ်ကြားထားတဲ့ ဧည်သည်တော်များရဲ့ စာရင်းကလည်း ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပြည်တွင်းက ဂီတပညာရှင်များသာမက နိုင်ငံတကာက ဂီတပညာရှင်များလည်း ပါဝင်တာကြောင့် ပရိတ်သတ်တွေ အံ့အားသင့်နေကြတာကို တွေ့ရပါတယ်။

  • Rene Liu, Zhiqian Xue, Mayday Band

  • Yu Kewei, Ji Kejunyi, Liu Xijun, Shan Yichun

  • Zhang Yuhan, Hu 99, Da Zi, Song Yue

  • Uncle Qi (Ye Zehao), Homeboy Ye Fenghua, An Suyu, He Peng

  • Gao Wuren, Liu Shuang, Deng Fujun, Bai An

  • Wu Qingfeng, Jay Chou, Hua Chenyu, Gao Erxuan

  • Mao Buyi, Zhou Shen, Li Wenhan, Wang Sulong

  • INTO1

  • TNT

  • G.E.M

  • Cai Xukun

  • EXO

  • Taylor Swift

ဖိတ်ကြားထားတဲ့ ဂီတပညာရှင်များထဲမှ အချို့ကတော့ ပွဲကို ကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး အချို့ကတော့ Online ကနေ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ EXO အဖွဲ့အနေနဲ့ကတော့ EXO အဖွဲ့ရဲ့ ကိုယ်စားပြုအဖြစ် Kai နဲ့ Sehun တို့က Online ကနေ တက်ရောက်မယ်လို့လည်း သိရပါတယ်။

Written : Nair Nair
Source : TMEA
Photos : TMEA