Celebrity News

ကျောပြင်​ပေါ်က တက်တူး​ကြောင့် ယခုနှစ် AAA ဆုပ​ေးပွဲမှာ လူ​ပြောအများဆုံးဖြစ်ခဲ့တဲ့ Moon Ga Young

၂၀၂၁ ခုနှစ် Asia Artist Awards (AAA) ဆု​ပေးပွဲကြီးကို ဒီဇင်ဘာလ ၂ ရက်​နေ့က KBS Arena Hall မှာ ကျင်းပပြုလုပ်ခဲ့ပြီး နာမည်​​ကျော် K-Pop idol များစွာနဲ့ မင်းသားမင်းသမီးများစွာ တက်​ရောက်ခဲ့ကြပါတယ်။ ထိုသို့ ပွဲကို တက်​ရောက်လာတဲ့ အနုပညာရှင်များစွာထဲမှာ “True Beauty” မင်းသမီး Moon Ga Young လည်း ပါဝင်ပါတယ်။

ယခုနှစ် AAA ပွဲကို တက်​​ရောက်လာတဲ့ အနုပညာရှင်အများစုဟာ အနက်​​ရောင်ဝတ်စုံ​တွေကို ဝတ်ဆင်လာကြ​ပေမဲ့ Moon Ga Young က​တော့ ထို​နေ့ညက အဖြူ​ရောင်ဂါဝန်​လေးနဲ့ ကျက်သ​ရေရှိစွာ လှပ​နေခဲ့ပါတယ်။

မိန်းက​လေးဆန်ပြီး နူးညံ့တဲ့ မိတ်ကပ်နဲ့ ဆံပင်ပုံစံကလည်း သူမရဲ့ ဝတ်စုံ​လေးနဲ့ လိုက်ဖက်​နေပြီး ပိုလို့ အလှတိုး​စေခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ဂါဝန်ဟာ ​ကျော​ပြောင်ဖြစ်တာ​ကြောင့် ပိန်သွယ်တဲ့ ခန္ဓါကိုယ်​နဲ့ ကောက်​ကြောင်း​တွေကို ​ပို​ပေါ်လွင်​စေပြီး ပရိသတ်​တွေရဲ့ အမြင်မှာ သူမဟာ ဆွဲ​ဆောင်မှုလည်း အပြည့်ဖြစ်​နေခဲ့ပါတယ်။ ဒီလိုမျိုး Moon Ga Young ရဲ့ နတ်သမီး​​လေးတစ်ပါးလို အလှ​ကြောင့် ပရိသတ်​တွေက အကြည့်မခွာနိုင်ဖြစ်​နေတုန်းမှာပဲ လူအများရဲ့ အာရုံစူးစိုက်မှုကို ပိုပြီး ရရှိ​စေခဲ့တာက​တော့ သူမရဲ့ ​​ကျောပြင်​ပေါ်က တက်တူးပါပဲ။

အဲ့ဒီ​နေ့က Moon Ga Young တစ်​​ယောက် red carpet မှာ ဓါတ်ပုံအရိုက်ခံပြီးလို့ ပြန်ထွက်ခွာဖို့အတွက် လှည့်လိုက်တဲ့အချိန်မှာ ပရိသတ်​တွေက သူမရဲ့ တက်တူးကို ​မြင်​တွေ့ခဲ့ရတာပါ။ ဒီတက်တူးဟာ Moon Ga Young ရဲ့ တက်တူးအသစ်ဖြစ်​ပြီး ဒီလိုမျိုး လူမြင်ကွင်းမှာ ချပြတာဟာ ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ တက်တူးရဲ့ စုတ်ချက်​တွေဟာ နူးညံ့​လှပလွန်းတဲ့အတွက် Moon Ga Young ရဲ့ မိန်းက​လေးဆန်ပြီး သိမ်​မွေ့တဲ့ ပုံရိပ်နဲ့လည်း အလွန်လိုက်ဖက်လှပါတယ်။

ဒါ​ကြောင့် netizen ​တွေဟာ Moon Ga Young ရဲ့ ​နောက်​ကျောပုံ​တွေကို Twitter နဲ့ အခြား online community ​တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှ​ဝေခဲ့ကြပြီး အာရုံစိုက်မှု အ​တော်​လေးရရှိလျက်ရှိပါတယ်။ အဓိကအားဖြင့် ​တောင်ကိုရီးယားမှာ အမျိုးသမီး K-Pop Idol ​တွေနဲ့ မင်းသမီး​တွေ တက်တူးထိုးခြင်းကို ပရိသတ်​တွေက မနှစ်သက်ကြတဲ့အတွက် ကိုရီးယားမင်းသမီး​​တွေ တက်တူးထိုးတယ်ဆိုတာ ရှားပါးပါတယ်။ ​

နောက်ပြီး ​​လူမြင်​လောက်တဲ့ ​နေရာ​တွေမှာ တက်တူးထိုးထားတဲ့ ယောကျ်ား​လေးအနုပညာရှင်​တွေ​တောင်မှ စင်မြင့်​ပေါ်မှာ ​ဖျော်​ဖြေတဲ့အခါ (သို့) ရုပ်သံထုတ်လွှင့်တဲ့အခါမျိုးမှာ မိတ်ကပ်နဲ့ဖြစ်ဖြစ်၊ ပလာစတာနဲ့ဖြစ်ဖြစ် ဖုံးအုပ်ကြရပါတယ်။ ဒါ​ကြောင့် Moon Ga Young ရဲ့ တက်တူးဟာ ပရိသတ်​တွေကို အံ့အားသင့်​စေခဲ့ပြီး အာရုံစိုက်မှုကို ခံ​နေရတာလည်းဖြစ်ပါတယ်။ Moon Ga Young ဟာ ထို​နေ့က AAA ဆု​ပေးပွဲမှာ “Best Emotive Award” ကို သူမနဲ့ “True Beauty” ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်​ဆောင်ခဲ့တဲ့ Cha Eun Woo နဲ့ အတူ ဆွတ်ခူးရရှိခဲ့ပါတယ်။

Source : Kbizoom
Photo : Naver
Written : ZL