Channel 7HD မှ ပရိသတ်အချစ်တော်ကြယ်ပွင့်များရဲ့ “နှစ်သစ်ဆုတောင်းစကားများ”

Channel 7HD မှ ပရိသတ်အချစ်တော်ကြယ်ပွင့်များရဲ့ “နှစ်သစ်ဆုတောင်းစကားများ”

Posted on

၂၀၂၁ ကတော့ လူတိုင်းနီးပါးလောက်အတွက် စိတ်မောစရာနှစ်တစ်နှစ်ပါပဲ။ နှစ်ကုန်ဖို့ ရက်ပိုင်းပဲလိုတော့တာမို့လို့ ၂၀၂၂ နှစ်သစ်အတွက် မျှော်လင့်ချက်အသစ်တွေရှိနေမယ်ထင်ပါတယ်။ Channel 7 မှ ထိုင်းကြယ်ပွင့်တွေကလည်း ပရိသတ်တွေအတွက် နှစ်ကုန်ဆုတောင်းစကားလေးတွေ ထွက်လာပါပြီ။

Weir Sukollawat

Channel 7HD ပရိသတ်များအားလုံး ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။ မိသားစုနဲ့ဝေးကွာနေသူများလည်း ပြန်လည်ဆုံစည်းနိုင်ကြပါစေ။ သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပြီး ၂၀၂၂ တစ်နှစ်လုံးကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။”

Channel 7HD မှ ပရိသတ်အချစ်တော်ကြယ်ပွင့်များရဲ့ “နှစ်သစ်ဆုတောင်းစကားများ”

Thisa Varitthisa

“လာမယ့် ၂၀၂၂ က ပျော်စရာနှစ်တနှစ်ဖြစ်ပါစေ။ Channel 7HD ပရိသတ်အားလုံးလည်း ကျန်းမာပျော်ရွှင်ကြပါစေ။ ဖြစ်ချင်သမျှတွေလည်း အကောင်းဆုံးဖြစ်လာဖို့ ဆုတောင်းလိုက်ပါတယ်။ ကိုဗစ်ကလည်းရှိသေးတာမို့ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ။”

Channel 7HD မှ ပရိသတ်အချစ်တော်ကြယ်ပွင့်များရဲ့ “နှစ်သစ်ဆုတောင်းစကားများ”

Mike Pattaradet

“အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ပါ။ လူတိုင်းပျော်ရွှင်နိုင်ကြဖို့ ဆုတောင်းလိုက်ပါတယ်။ အောင်မြင်ဖို့ကြိုးစားနေသူတိုင်း ကျန်းမာရေး အထူးဂရုစိုက်ကြပါ။ နှစ်သစ်ကို မိသားစုနဲ့အတူ စတင်လိုက်ကြပါနော်။ ကိုယ့်ကိုကိုယ်ဂရုစိုက်ရင်း ကျွန်တော်တို့ရဲ့ ချစ်ရာသူတွေကိုလည်း တန်ဖိုးထားဂရုစိုက်ကြပါ။ လာမယ့်နှစ်သစ်က လူတိုင်းအတွက် ကောင်းတဲ့နှစ်တနှစ်ဖြစ်လာဖို့ ဆုတောင်းလိုက်ပါတယ်။”

Channel 7HD မှ ပရိသတ်အချစ်တော်ကြယ်ပွင့်များရဲ့ “နှစ်သစ်ဆုတောင်းစကားများ”

Now Tisanart

“နှစ်သစ်အတွက် တောင်းဆုပြုရမယ်ဆိုရင် လူတိုင်း ပုံမှန်ဘဝအခြေအနေကို ပြန်ရောက်နိုင်ကြပါစေ။ ၂၀၂၁ ကတော့ ကပ်ရောဂါလည်း ဆိုးနေတော့ အကုန်လုံးအတွက် ပင်ပန်းရတဲ့နှစ်တစ်နှစ်ပါပဲ။ အလုပ်အကိုင်တွေအားလုံးလည်း ပုံမှန်အတိုင်း ပြန်လည်အဆင်ပြေကြပါစေ။ လာမယ့်နှစ်မှာ ‌ကျန်းမာပျော်ရွှင်ပြီး ရည်မှန်းထားသမျှ ဖြစ်မြောက်ကြပါစေနော်။

Channel 7HD မှ ပရိသတ်အချစ်တော်ကြယ်ပွင့်များရဲ့ “နှစ်သစ်ဆုတောင်းစကားများ”

Mik Thongraya

“နှစ်သစ်ဆုတောင်းကတော့ Channel 7HD ပရိသတ်အားလုံး ပျော်ရွှင်ရပြီး အလုံးစုံ ပြည့်ဝကြပါစေ။ ကပ်ရောဂါလည်းရှိသေးတာမို့လို့ လက်ဆေးတာကော၊ Mask တပ်တာအပြင် လူအများကြီးနဲ့ တွေ့ထိတာမျိုး ဆင်ခြင်ရင်း ကိုယ်တိုင် အစစအရာရာ ဂရုစိုက်ကြပါ။”

Channel 7HD မှ ပရိသတ်အချစ်တော်ကြယ်ပွင့်များရဲ့ “နှစ်သစ်ဆုတောင်းစကားများ”

Mookda Narinrak

“၂၀၂၂ ဟာ လူတိုင်းအတွက် ပျော်စရာနှစ်တနှစ်ဖြစ်ဖို့ ဆန္ဒပြုပါတယ်။ အကောင်းဆုံးတွေပဲဖြစ်လာပြီး မျှော်လင့်ထားသမျှအတွက် အောင်မြင်ခြင်းတွေ ရရှိပါစေ။ အနာရောဂါကင်းဝေးပြီး ကျန်းမာလုံခြုံစွာနဲ့ နှစ်သစ်ကိုစတင်နိုင်ပါစေ။ ကြိုးစားနေသမျှအရာတိုင်းအတွင် အောင်မြင်မှုတွေ ရရှိပါစေနော်။”

Channel 7HD မှ ပရိသတ်အချစ်တော်ကြယ်ပွင့်များရဲ့ “နှစ်သစ်ဆုတောင်းစကားများ”

Kem Hussawee

“နှစ်သစ်ကူးမှာ ဟိုဟိုဒီဒီသွားကြမယ့်သူများ အထူးဂရုစိုက်ကြပါ‌။ အရေးကြီးဆုံးက ကိုဗစ်ရောဂါ‌ရှိနေသေးတာမို့လို့ သတိပေါ့လျော့လို့ မဖြစ်ပါဘူး။ အားလုံးပဲ လုံခြုံဘေးကင်းဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ရည်မှန်းထားသမျှ ဖြစ်မြောက်အောင်မြင်ပါစေ။ ကျန်းမာ၊ ချမ်းသာပြီး အောင်မြင်မှုတွေပါ ရရှိပါစေ။ ပျော်ရွှင်စရာအရာတွေကိုပဲ ကြုံတွေ့ခံစားရပါစေ။”

Channel 7HD မှ ပရိသတ်အချစ်တော်ကြယ်ပွင့်များရဲ့ “နှစ်သစ်ဆုတောင်းစကားများ”

ပရိသတ်ကြီးတို့ရဲ့ အချစ်တော်ကြယ်ပွင့်တွေကတော့ ၂၀၂၂ အတွက် ဆုတောင်းပေးသွားကြပါပဲ။ ပရိသတ်ကြီးတို့ကော… ကိုယ်တိုင်အတွက် ဘာတွေများ‌ ဆုတောင်းပေးချင်သလဲ? လွတ်လပ်စွာ ဆုတောင်းပေးသွားကြပါဦးနော်။

Source: ThaiToday
Photos: CH 7HD
Translated by Ivy