2021 ခုနှစ်ရဲ့ Billboard Chart စာရင်းမှာ အချိန်အကြာကြီး ဗိုလ်စွဲထားနိုင်ခဲ့တဲ့ NCT အဖွဲ့

Posted on

2021 ခုနှစ်ကကုန်ပါတော့မယ်။ ဒါပေမဲ့ NCT 127 ရဲ့ album “Sticker” ကတော့ Billboard 200 စာရင်းမှာ ခိုင်ခိုင်မာမာနဲ့ ပါဝင်နေဆဲပါ။ သူတို့ဟာ ဒီ album နဲ့ September လမှာ debut ခဲ့တာဖြစ်ပြီး Billboard chart မှာ No.3 နေရာနဲ့ စ ချိတ်ခဲ့ပါတယ်။

Billboard main album chart စာရင်းဖြစ်ပြီး ထို စာရင်းမှာ ပါဝင်ဖို့ဆိုတာ United state မှာတော်တော်ရေပန်းစားမှ ရပါတယ်။ NCT အဖွဲ့ဟာ ထိုချိန်ကစပြီး 13 ပတ် ဆက်တိုက် အချိန်အကြာကြီး ဗိုလ်စွဲနေခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ် December 25 ရက်နေ့မတိုင်ခင် ခုလက်ရှိ ranked ဟာ No.84 ပါ။ “Billboard’s World Albums chart မှာဆို No.2 ချိတ်နေပြီး Independent Albums chart မှာတော့ No.6 ပါ။

Top Current Album Sales chart မှာတော့ No.9 နေရာ ချိတ်နေပြီး Top Album Sales chart မှာတော့ No.13 ဖြစ်နေပါတယ်။ ဒါ့အပြင် ဒီတစ်ပတ်ရဲ့ Billboard’s Artist 100 မှာ NCT 127 အဖွဲ့ဟာ No.88 နေရာပါ။ ဒါကြောင့် NCT 127 အဖွဲ့ဟာ “Sticker” album နဲ့ ဒီနှစ်ရဲ့ Billboard 200 chart စာရင်းမှာ ၁၃ ပတ် ဆက်တိုက် ရှိနေတဲ့ တစ်ခုတည်းသော Kpop အဖွဲ့ အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

TXT အဖွဲ့ရဲ့ “The Chaos Chapter: FREEZE” album လည်း ဒီနှစ်အစောပိုင်းမှာ ၁၃ ပတ်လောက် ထို စာရင်းမှာ ပါခဲ့ဖူးပေမဲ့ ဆက်တိုက်မဟုတ်တဲ့အတွက် ဒီစံချိန်ကို ချိုးနိုင်သူဟာ NCT127 သာ ဖြစ်သွားပါတော့တယ်။ အရင်နှစ်တွေက ဒီလိုစံချိန်မျိုးချိုးနိုင်တာဟာ BTS အဖွဲ့နဲ့ BLACKPINK အဖွဲ့သာ ရှိဖူးပါတယ်။

Source: Allkpop
Photo Credit: Allkpop
Written: Violet