Junho ရဲ့ စိတ်ကူးထဲက စံထားရတဲ့ချစ်သူမိန်းကလေးက ဘယ်လိုပုံစံမျိုးဖြစ်မလဲ…

Posted on

အိမ်ရှေ့စံမင်းသားတစ်ဦးအဖြစ် ပရိသတ်တွေကို ပိုဆိုဆွဲဆောင်နိုင်လာသူ JunHo နဲ့ပတ်သက်ပြီး သူ့ရဲ့အကြိုက်လေးတွေကို သိချင်ကြမှာပါပဲနော်။ အသက် (၃၀) ပြည့်ပြီးသားမို့လို့ ရင့်ကျက်တဲ့သူတစ်ယောက်အနေနဲ့ Junho ရဲ့ စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံဟာ ဘယ်လိုမျိုးဖြစ်မလဲ ဆိုတာကို တွေးမိကြပါလိမ့်မယ်။

တခါက MBC ရဲ့ အင်တာဗျူးတစ်ခုမှာ “မင်းအတွက် ideal type ဖြစ်နေတဲ့ ကောင်မလေးပုံစံရှိသလား?” ဆိုပြီး မေးခဲ့ဖူးပါသေးတယ်။ ဒီမေးခွန်းအတွက် Junho က သတ်မှတ်ထားတဲ့ပုံစံမျိုး ရှိပုံပါပဲ။ “တောင်ကိုရီးယားမင်းသမီးတွေထဲမှာတော့ ကျွန်တော့်ရဲ့ ideal type ကို ရှာမတွေ့ပါဘူး။ ဒါပေမဲ့ နိုင်ငံခြားသူတစ်ယောက်ကတော့ ကျွန်တော်နှစ်သက်တဲ့မိန်းကလေးပုံစံမျိုးနဲ့ ကိုက်ညီနေပါတယ်။

ကျွန်တော်ဆိုလိုတာက ကိုရီးယားမင်းသမီးတွေအားလုံးက လှတယ်။ အရည်အချင်းအပြည့်ရှိကြပြီး ဆွဲဆောင်မှုလည်းရှိကြပါတယ်။ ဒါကြောင့်မို့လို့ ဘယ်သူကတော့ ကျွန်တော့်ရဲ့ ideal type ပါလို့ ရွေးပြောဖို့ ခက်ပါတယ်။ နိုင်ငံခြားမင်းသမီးတွေထဲမှာဆိုရင်တော့ ကျွန်တော်နှစ်သက်တဲ့ပုံစံရှိသူက Scarlett Johansson ပါပဲ။

ဒါ့အပြင် တောင်ကိုရီးယားအဆိုတော်တွေထဲမှာဆိုရင်တော့ စီနီယာ Lee Hyori ကို နှစ်သက်ပါတယ်။ ကျွန်တော့်အတွက် ချစ်သူကောင်မလေးနဲ့ပတ်သက်လို့ ရည်မှန်းထားတဲ့ပုံစံက တချက်ပဲရှိပါတယ်။ ဒါကတော့ ကျွန်တော့်ကို ဦးဆောင်သွားနိုင်မယ့် ကောင်မလေးမျိုးပါ။ ကျွန်တော့်ကို လမ်းပြနိုင်မယ့်ကောင်မလေးမျိုးက ကျွန်တော် မျှော်လင့်ထားတဲ့” ဆိုပြီး ဖြေခဲ့ဖူးပါတယ်။

Junho ရဲ့ Ideal Type ကတော့ တမျိုး‌လေးအဆင့်‌မြင့်လှပါတယ်။ နူးညံ့သိမ်မွေ့ပြီး နောက်ကနေဖေးမထောက်ပံ့တတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘဲ Scarlett Johansson, Lee Hyori တို့လိုမျိုး ယုံကြည်ချက်နဲ့ အရာရာဦးဆောင်နိုင်တဲ့အပြင် တကိုယ်တော်လည်းရပ်တည်နိုင်တဲ့ ထက်မြက်ရဲဝံ့တဲ့မိန်းမသားမျိုးကို နှစ်သက်ပုံပါပဲနော်။

Source: Soompi
Photos: Soompi
Translated by Ivy