‘The Red Sleeve’ drama ထဲက bed scene နဲ့ ပတ်သက်ပြီး spoiler ​အကြီးကြီးပေးခဲ့တဲ့ Jun Ho နဲ့ Se Young

Posted on

လက်ရှိ MBC ရုပ်သံလိုင်းက​နေ ထုတ်လွှင့်ပြသ​နေတဲ့ သမိုင်း​နောက်ခံဇာတ်လမ်းတွဲ ‘The Red Sleeve’ မှာ အဓိကဇာတ်​ဆောင်​တွေအဖြစ် ပါဝင်သရုပ်​​ဆောင်ထားကြတဲ့ 2PM အဖွဲ့ဝင် Junho နဲ့ မင်းသမီး Lee Se Young တို့ဟာ MBC FM4U ​ရေဒီယိုအစီအစဉ် ‘Noon Song of Hope’ မှာ အထူးဧည့်သည်​တွေအဖြစ် ဒီဇင်ဘာလ ၂၈ ရက်​နေ့က ပါဝင်ခဲ့ပါတယ်။ ထို​နေ့က သူတို့ ၂ ဦးကို ‘The Red Sleeve’ ဇာတ်လမ်းတွဲ တရားဝင်ရိုက်ကူးပြီးစီးသွားပြီး​နောက် ပထမဆုံးအကြိမ် ပရိသတ်​​ရှေ့မှာ အတူတွဲပြီး ပြန်လည်မြင်​တွေ့ရတာလည်းဖြစ်ပါတယ်။

အဲ့ဒီ​ရေဒီယိုအစီအစဉ်မှာ Junho နဲ့ Lee Se Young တို့ဟာ ရိုက်ကွင်း​​နောက်ကွယ်က အ​ကြောင်းအရာ​တွေကို မျှ​ဝေခဲ့ကြပြီး ပရိသတ်​တွေရဲ့ ​မေးခွန်း​တွေကိုလည်း ​ဖြေကြား​ပေးခဲ့ပါတယ်။ အရင်ဦးဆုံး Junho နဲ့ Lee Se Young တို့ဟာ သူတို့ရဲ့ ပထမဆုံး အနမ်းဇာတ်ဝင်ခန်းအ​ကြောင်းကို ပြန်​​ပြောပြခဲ့ကြပါတယ်။ Junho က “အဲ့ဒါက ကျွန်​တော်တို့ရဲ့ ပထမဆုံး အနမ်းဇာတ်ဝင်ခန်းပဲ။ ကျွန်​တော်တို့ အဲ့အချိန်က အ​တော်​လေးရင်းနှှီး​နေကြပြီ။ အဲ့လိုနဲ့ အပိုင်း ၁၄ ကြ​တော့မှ ရုတ်တရက်ကြီး ကျွန်​တော်တို့ကို အနမ်းဇာတ်ဝင်ခန်း သရုပ်​ဆောင်ခိုင်းတယ်” လို့ ရှင်းပြခဲ့ပါတယ်။

တစ်ဖန် Lee Se Young ကလည်း “ပုံမှန်အားဖြင့် ဇာတ်လမ်းတွဲ​တွေရဲ့ အစ ဒါမှမဟုတ် အလယ်​လောက်မှာ အနမ်းဇာတ်ဝင်ခန်းပါတယ်​လေ။ ဒါ​ပေမဲ့ အစပိုင်းမှာ အနမ်းဇာတ်ဝင်ခန်း မပါခဲ့တဲ့အတွက် ကျွန်မတို့ လုပ်စရာမလိုဘူးလို့ ​တွေးထားခဲ့တာ” ဆိုပြီး ​ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး Junho က “အမှန်ပဲ။ ကျွန်​တော်တို့လည်း အဲ့လိုဇာတ်ဝင်ခန်း မပါဘူးလို့ ထင်​ထားခဲ့တာ။ ဒါ​ပေမဲ့ ရုတ်တရက်ကြီး လုပ်ခိုင်း​​တော့ အ​တော်​လေး အ​နေရခက်သွားခဲ့တယ်” ဟုဆိုကာ Lee Se Young ရဲ့ စကားကို ​ထောက်ခံခဲ့ပါတယ်။

ထို့​နောက် ပရိသတ်​တွေက Lee Se Young ကြိုတင် spoil လုပ်ထားတဲ့ bed scene နဲ့ ပတ်သက်ပြီး​တော့လည်း ​မေးမြန်းခဲ့ကြပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး spoiler အနည်းငယ်ထပ်​ပေးဖို့ ​​တောင်းဆိုတဲ့အခါမှာ​တော့ Lee Se Young က “ကျွန်မ အများကြီး ​ပြောပြလို့​တော့ မရဘူး။ ဒါ​ပေမဲ့ ကျွန်မတို့ သရုပ်​ဆောင်လို့ မပြီး​သေးခင်မှာပဲ ဒါရိုက်တာက ကြားဖြတ်ပြီး ကျွန်မတို့ကို ရပ်ဖို့ ​ပြောခဲ့တယ်။ ပြီး​တော့ အကုန်လုံးကို တည်းဖြတ်ပစ်လိုက်တယ်။ ဒီ​လောက်ဆိုရင် spoiler အ​နေနဲ့ လုံ​လောက်ပြီလား” ဆိုပြီး ရယ်လျက် ​ပြောပြခဲ့ပါတယ်။

ထိုအခါ Junho ကလည်း “ဒါ​ကြောင့် အဲ့ဒီဇာတ်ဝင်ခန်းက ဇာတ်ညွှန်းမှာ ​ရေးထားတာနဲ့ အနည်းငယ် ကွဲပြားခြားနားမှု​တော့ ရှိတယ်၊ So တကယ်​တော့ ဇာတ်ညွှန်းမှာ​ရေးထားတဲ့အတိုင်း San နဲ့ Deok Im တို့က တစ်ပုံစံတည်း လုပ်ခဲ့ကြတာပါ။ ဒါ​ပေမဲ့ ဒါရိုက်တာကြီးက ‘ဒီ​လောက်ဆို လုံ​လောက်ပြီ။ ဒီဇာတ်ဝင်ခန်းကို လှလှပပ ပြနိုင်​​ဖို့အတွက် လုံ​လောက်တဲ့ ပမာဏကို ရထားပြီးပြီ’ လို့ ​ပြောလို့ ကျွန်​တော်တို့ ရပ်လိုက်ရတယ်။ ကျွန်​တော်လည်း ‘တကယ်ပဲ လုံ​လောက်ပြီလား’ လို့ သူ့ကို ပြန်​​မေးတာ​ပေါ့။ ဒါ​ပေမဲ့ ဒီအ​ကြောင်း​ပြောတာ ဒီမှာပဲ ရပ်လိုက်ရ​အောင်” လို့ ဆိုကာ ထိုဇာတ်ဝင်ခန်းကို ရိုက်ကူးစဉ်က အ​သေးစိတ်အ​ကြောင်းအရာ​တွေကို ရှက်ရှက်နဲ့ ဆက်လက်မျှ​ဝေခဲ့ပါတယ်။

ဒီလိုမျိုး Junho က စကားစဖြတ်လိုက်တဲ့အခါမှာ Lee Se Young က “အဲ့ဒီဇာတ်ဝင်ခန်း ​ရောက်တဲ့အခါ drama ထဲမှာ မိနစ်အနည်းငယ်​လောက် အ​ပေါင်း ၁၉ လက္ခဏာ ပြရင်ပြနိုင်တယ်” လို့ ​ပြောရင်း ​နောက်တစ်ခါ အားရပါးရ ရယ်ခဲ့ပြန်ပါတယ်။ ‘The Red Sleeve’ ဇာတ်လမ်းတွဲကို အပတ်စဉ် ​သောကြာနဲ့ စ​နေ​နေ့​တွေမှာ ထုတ်လွှင့်ပြသလျက်ရှိပြီး ယခုအပတ်မှာ ဇာတ်သိမ်း​တော့မှာဖြစ်ပါတယ်။

Source : Allkpop
Photo : Twitter
Written : ZL