ချိုင်းနားဆုအခမ်းအနား ပွဲတက်သူစာရင်းမှ ချန်လှပ်ဖယ်ရှားခြင်းခံလိုက်ရတဲ့ EXO’s Kai နဲ့ Sehun

Posted on

ချိုင်းနားရဲ့Tencent Music Entertainment Awards အခမ်းကြီးကတော့ ဒီဇင်ဘာ (၁၁) ရက်နေ့မှာ ကျင်းပပြုလုပ်သွားတော့မှာပါ။ ဒီနှစ်အတွက် ထူးထူးခြားခြားအနေနဲ့ EXO’s Kai နဲ့ Sehun တို့ဟာ TMEA ဆုအခမ်းအနားမှာ ပါဝင်လာမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်ကဖြစ်ရပ်ကြောင့် K-pop idols (၂) ဦးကို မြင်တွေ့ခွင့်ရဖို့ မသေချာတော့ပါဘူး။

TMEA ဆိုတာကတော့ ချိုင်းနားမှာ နှစ်ကုန်ဆုံးတိုင်း အကြီးကျယ်အခမ်းနားဆုံးကျင်းပတဲ့ သီချင်းဆုပေးပွဲအခမ်းအနားကြီးဖြစ်ပါတယ်။ အစောပိုင်းတုန်းက တက်ရောက်သူမယ့်သူများစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပေမဲ့ December 8 ရက်နေ့မှာတော့ EXO အဖွဲ့ဝင်များ တက်ရောက်မယ့်အကြောင်း တင်ထားခဲ့တဲ့ Post များအားလုံးကို တရားဝင် Weibo account ကနေ ဖျက်ပစ်ခဲ့တာပါ။

ဒါတင်မက EXO အဖွဲ့ကိုယ်စား ပွဲတက်ရောက်မယ်လို့ကြေညာခံထားရတဲ့ Kai နဲ့ Sehun တို့ဟာ နောက်ဆုံးထုတ်ပြန်ထားခဲ့တဲ့ တက်ရောက်မယ့်အနုပညာရှင်များစာရင်းမှာ ချန်လှပ်ဖယ်ရှားထားခံရပါတယ်။ ချိုင်းနား netizens တွေက ဒီဖြစ်ရပ်ကို နားမလည်နိုင်စွာနဲ့ အဖြေရှာနေကြပြီး Kai နဲ့ Sehun ကိုသာ ကြည့်ချင်လွန်းလို့ ပွဲလက်မှတ်တွေဝယ်ခဲ့တာဖြစ်ကြောင်း အုတ်အော်သောင်းနင်းဖြစ်ကုန်ကြပါတယ်။

ချိုင်းနားရဲ့ ဆုအခမ်းအနားမှာ EXO အဖွဲ့ဝင်တွေတက်ရောက်တာဟာ ၆ နှစ်ကြာပြီးမှ ဒီတခါက ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အားလုံးက ရင်ခုန်စွာစောင့်မျှော်နေကြတာပါ။ ချိုင်းနားဟာ တောင်ကိုရီးယားနဲ့ ပတ်သက်ဆက်နွယ်မှုအားလုံးကို လွန်ခဲ့တဲ့ (၆) နှစ်ကတည်းက နိုင်ငံတွင်း ပိတ်ပင်တားမြစ်ခဲ့တာဖြစ်ပါတယ်။ အခုလို ၂၀၂၁ မှာ ချိုင်းနားအစိုးရအနေနဲ့ EXO ကို တားမြစ်လိုက်သလားဆိုတာကိုလည်း သိချင်နေကြပါတယ်။

၂ နိုင်ငံကြား တင်းမာမှုကြောင့် ၂၀၁၆ ကတည်းက တောင်ကိုရီးယားအနုပညာရှင်တွေအနေနဲ့ ချိုင်းနားမှာ Promotion လုပ်တာမျိုးကို တရားဝင်တားမြစ်ခံလိုက်ရတဲ့အပြင် ကိုရီးယားထုတ်ကုန်တွေကို ချိုင်းနားထဲ ကုန်သွယ်ခွင့်တွေပါ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ကိုရီးယားဇာတ်လမ်းတွေကို ပြည်မကြီးမှာ ပြသခွင့်မရှိတဲ့အပြင် ချိုင်းနား TV show တွေမှာ Korea နဲ့ပတ်သက်သမျှအနုပညာရှင်တွေ ပေါ်မလာအောင်အထိ ဥပဒေနဲ့ တားမြစ်ထားတာလည်းဖြစ်ပါတယ်။ လက်ရှိ EXO အဖွဲ့ရဲ့ ပယ်ရှားခံရခြင်းအကြောင်းကို TMEA ဖက်က တရားဝင်စာထုတ်ပြန်ခြင်းမ‌ရှိသေးတာကြောင့် လာမယ့် Dec. 11 ရက်နေ့မှာ Kai နဲ့ Sehun တို့ ပါဝင်တက်ရောက်မလားဆိုတာကိုလည်း မျှော်လင့်ရပါဦးမယ်။

Source: Kpopstarz
Photos: Studio
Translated by Ivy